Windows XP သုံးစွဲသူများ လုံခြုံရေး အဆင့်မြင့်တင်မှု မပြုလုပ်ရန် Microsoft သတိပေး



Microsoft သည် Windows XP သုံးစွဲသူများကို လုံခြုံရေး update များပြုလုပ်ခြင်းဖြင့် တိုက်ခိုက်ခြင်း ခံရနိုင်ကြောင်းသတိပေး ပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Micorsoft က ZDNet သို့ပေးပို့သည့် ထုတ်ပြန်ချက်တွင် Microsoftသည်လတ်တလောတွင် Windows XP သုံးစွဲသူများကို လုံခြုံရေးထောက်ပံ့မှု ပြုလုပ်ပေးခြင်းဖြင့် တိုက်ခိုက်ခံရနိုင်မှုများကို သတိထား မိကြောင်း၊ အဆိုပါလုံခြုံရေး update များသည် Windows Server 2003 အသုံးပြုသူများနှင့် Windows Embedded အတွက်ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး Windows XP သုံးစွဲသူများကို အပြည့်အဝ ကာကွယ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ Betanews ၏ဖော်ပြချက်အရ အဆိုပါ တိုက်ခိုက်မှုသည် Registry change မှတဆင့် XP စက်များသို့ Windows Server 2003 နှင့် Windows Embedded အတွက်ထုတ်လုပ်ထားသည့် update များကို ပေးပို့၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Microsoft သည်ဧပြီလ အစောပိုင်းမှ စတင်၍ Windows XP အတွက်ထောက်ပံ့မှုများ ပေးခြင်းကို ရပ်ဆိုင်း ခဲ့သောကြောင့် OS အတွက် bug fix, security patch နှင့် အခြား update များစွာကို ထောက်ပံ့ပေးတော့မည် မဟုတ်ပေ။ ထိုသို့ Microsoft ကထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းဖြင့် XP သုံးစွဲသူ များအတွက် အန္တရာယ်ရှိလာ ကာ၎င်းတို့အနေဖြင့် XP ကွန်ပျူတာများကို လုံခြုံမှုရှိအောင် အခြားလုံခြုံရေး စနစ်များကို ရှာလာကြခြင်း ဖြစ်သည်။


စိုးထက်
Ref: CNET
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၁)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...