Y Talk ကို အသုံးပြု၍ စင်ကာပူမှမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆိုနိုင်မည်



Y Talk ခေါ်ဆိုမှုစနစ်သည် ယခင်က ပြည်တွင်းမှပြည်ပသို့သာ ခေါ်ဆိုနိုင်ခဲ့သော်လည်း ယခုလ ၁၄ ရက်နေ့မှစတင်၍ စင်ကာပူမှ မြန်မာသို့ပြန်လည်ခေါ်ဆိုနိုင်တော့မည်ဟု Y Talk စနစ်ကို တာဝန်ယူလုပ် ကိုင်ပေးနေသည့် VMG Tele-coms မှသိရသည်။

ပထမဦးဆုံးအကြိမ်အဖြစ် ပြည်တွင်းသို့ VoIP စနစ်ဖြင့် ပြန်လည်ခေါ်ဆိုနိုင်ခြင်းဖြစ်ပြီး တစ်လလျှင် စင်ကာပူဒေါ်လာ ၃၅ ဒေါ် လာထည့်သွင်းထားပါက မြန်မာနိုင်ငံသို့ကြာမြင့်ချိန် အကန့်အသတ်မရှိ ခေါ် ဆိုနိုင်မည်ဟုသိရသည်။ အလားတူ ပြည်တွင်းမှပြည်ပနိုင်ငံများသို့ ကြာမြင့်ချိန်အကန့်အသတ်မရှိ ခေါ်ဆိုနိုင်ရေးအစီအစဉ်ကိုလည်း မိတ်ဆက်ပေးနိုင်ရန်ဆောင်ရွက်နေကြောင်း VGM မှတာဝန်ရှိသူ ကပြောသည်။

Y Talk သည် လက်ရှိအချိန်၌ အကောင့်တစ်ခုကို ၁ သောင်းကျပ် နှင့်ရောင်းချနေခြင်းဖြစ်ပြီး အသုံးပြုရန် ငွေဖြည့်ကတ်များ ဝယ်ယူ၍ ပြည်ပနိုင်ငံများအလိုက် ကြာမြင့်ချိန်ကို သတ်မှတ်၍ ကျသင့်ငွေကို ပေးဆောင်နေရခြင်းဖြစ်သည်။ လက်ရှိအချိန်၌ Y Talk သည် ပြည်တွင်းမှ ပြည်ပသို့ခေါ်ဆိုင်နိုင်သည့် နိုင်ငံပေါင်း ၁၅၀ ကျော်ရှိသည်။

VoIP စနစ်ကို အသုံးပြုထားသည်ဟုပြောဆိုသော်လည်း ပြည်ပမှပြည်တွင်းသို့ ယခင်ကပြန်ခေါ် ဆိုနိုင်ခြင်း မရှိသည့်အတွက် ဝေဖန်မှုများကိုခံခဲ့ရသည့် Y Talk သည် ပထမဦးဆုံးအကြိမ် စင်ကာပူမှမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆိုနိုင်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ လာမည့် ၁၄ ရက်နေ့၌ VGM Telecoms သည် စင်ကာပူနိုင်ငံ၌ Y Talk ကို သွားရောက်မိတ်ဆက်မည်ဟုလည်း သိရသည်။

Y Talk ကို မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ တရားမဝင်နိုင်ငံခြား ဖုန်းခေါ်ဆိုမှုများပြုလုပ်နေသည့် Pfingo နှင့် အခြားသော VoIP ဖုန်းလိုင်းများ ပပျောက်ရန်ရည်ရွယ်ခြင်းဖြစ်သည်။


မြင့်ကျော်လှိုင်
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၂)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...