3G နှင့် 4G ကြား ကွာခြားချက်များ

3G က 3rd generation ကို အစွဲပြုပြီး 3G လို့ ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံး က mobile internet တွေ အတွက် တီထွင်လာခဲ့တာ ပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အချက်က 4G က 3G မှာ ရှိတဲ့ Feature တွေကိုရော နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာ တာ ဖြစ်ပါတယ်။ 3G ကို ထပ်ပြီး Develop လုပ်ထား တယ်လို့ ဆိုလို့ ရပါတယ်။

3G နက်ဝက် ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေ အများကြီး အပိုပါလာပါ တယ်။ မြန်မာနိုင်ငံ မှာတော့ ချပေးထားခြင်း မရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိ ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မပြောတက်ဘူး ပေါ့နော်..... (တခါကလည်း post တင်ထားပါသေးတယ်...)

4G LTE(Long Term Evolution)

LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံ ပြုလုပ်ထားသော စနစ်ဖြစ်ပါတယ်။ 4G ကတော့ တော်တော် လေး သာသွားပါပြီ။ 4G က တော့ ပြောမနေနဲ့တော့ Internet speed ကို အလွန်အမင်း အသုံးချခွင့်ရမှာ ဖြစ်ပါ တယ်။

HD ဇာတ်ကားတွေကို အထစ်အငေါ့မရှိ ကြည့်ရှုနိုင်ပါတယ်။ သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။ (တခါကလည်း post တင်ထားပါသေးတယ်...)

နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ.. အင်တာနက်အတွက် 3G က a mix of circuit and packet switching network ကို အသုံးပြုနေချိန်မှာ 4G ကတော့ a packet switching network တခုတည်း ကိုပဲ အသုံးပြုထားပါတယ်..

ဖြည်စွက်ချက်...

3GS ဆိုတာ ရှိပါသေးတယ်။ S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature တွေနဲ့ အတူတူပါပဲ။ 3G မှာ youtube ကို Upload တင်လို့ မရတာတွေနဲ့ error အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံး တခုကတော့ battery life က 3g ထက် 3 GS က ပိုကောင်းပါတယ်။

3G နဲ့ 4G ကြားမှာ ကွားခြားချက် ကြီးကြီးမားမားပြပါ ဆိုရင်တော့ technologies ,data transfer rate နှင့် speed တွေပဲ ဖြစ်ပါတယ်။

လက်ရှိ အသစ်ထွက်ပေါ်လာသော နည်းပညာမြင့် Samsung Galaxy S4 တွင် 4G စနစ်ထောက်ပံ့ပေးထား ပါတယ်.. Mobile User များအတွက် 3G နှင့် 4G အကြောင်း ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ဤ post လေးကို ရေးသားလိုက် ရပါတယ်..


Credit;Power Mobile Centre
Via;ဖုန်းချစ်သူများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...