Android ဖုန်းများပေါ်ရှိ အချက်အလက်များအား Google Drive သို့ Backup ပြုလုပ်ခြင်း
Android ဖုန်းများတွင် ရှိသော အချက်အလက် များအား Google Drive ပေါ်သို့ Backup ပြုလုပ် မည်ဆိုပါက ပထမဦးစွာ အသုံးပြု သူတွင် Goolge Account တစ်ခုရှိရန် လိုအပ်မည်ဖြစ်သည်။ မိမိတွင် ရှိသော Goole Account ဖြင့် Google Drive သို့ ၀င်ရောက်ကာ Backup ပြုလုပ် ရမည်ဖြစ်သည်။
(၁) Google Drive အားဖွင့်ပါ။ ဖုန်းတွင် Google Account မရှိပါက ယခုကဲ့သို့မြင်ရမည် ဖြစ်သည်။
Account မရှိသေးပါက အကောင့်သစ်တစ်ခု ပြုလုပ်ရ မည်ဖြစ်သည်။
Google Account ရှိပြီးဖြစ်ပါက Google Drive ပေါ် သို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ပြီး စတင်တွေ့ရှိသော စာမျက်နှာများ အားကျော်လာခဲ့ပါက ယခုကဲ့သို့ မြင်တွေ့ရပါမည်။
(၂) go to drive အားနှိပ်ပါက Google Drive ပေါ်သို့ရောက် ရှိမည်ဖြစ်သည်။
(၃) Google Drive ပေါ်သို့ ရောက်ရှိပါက Upload ကိုနှိပ်ပါ။
(၄) Upload ကိုနှိပ်ပါက Backup ပြုလုပ်နိုင်သော စနစ်များ အားမြင်တွေ့ရမည်ဖြစ်သည်။
(၅) မြင်တွေ့ရသောစနစ်များ မှာ Backup ပြုလုပ်နိုင်သော စနစ်များဖြစ်ပြီး File စနစ်အတွင်းသို့ ၀င်ပါက ဖုန်းမှတ်ဥာဏ် အတွင်းရှိ ဖိုင်များနှင့် SD Card ပေါ်ရှိဖိုင်များ ကိုပါ Backup ပြုလုပ်နိုင်မည်ဖြစ် သည်။
ယင်းသို့ Backup ပြုလုပ်ထားပါက Google Drive အသုံးပြုနိုင် သောမည်သည့် Android ဖုန်းများ ဖြင့်မဆို မိမိ၏ Google Account ဖြင့် ၀င်ရောက်ကာ Backup ပြုလုပ်ထားသော ဖိုင်များအား Download ပြုလုပ်၍ အသုံးပြုနိုင်မည်ဖြစ်သည်။
ref;Internet Journal
--------------------------------------