ကင်ဆာဆဲလ်များကို သေစေနိုင်တဲ့ အံသြဖွယ် အစွမ်းနဲ့ ဖျော်ရည်
ရှေးကတည်းက အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တဲ့ အစွမ်းထက် ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။
ယုံကြည်စွာ သောက်သုံးကြည့်ပါ။ ခန္ဓာကိုယ်ကို ဘေးမဖြစ် စေပါဘူး ကောင်းကျိုးသာ ရစေတဲ့ အစွမ်းထက် ဖျော်ရည်ဖြစ် ပါတယ်။
ဒီဖျော်ရည်ကို အာလူးတစ်လုံး (တစ်ချိုတွေကတော့ Beetroot လို့ခေါ်တဲ့ ဥတစ်မျိုးနဲ့လည်း အာလူးနေရာမှာ အစားထိုး သုံးပါတယ် )၊ မုန်လာဥနီ တစ်တောင့်၊ ပန်းသီး တစ်လုံး ပေါင်းစပ်ပြီး ဖော်စပ်ရတာပါ။
သစ်သီး အားလုံးကို ဆေးကြော သန့်စင်ပါ။ အခွံခွာပါ။ ပြီးရင် ဖျော်စက်ထဲထည့် ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင် ထည့်သောက်နိုင်ပါတယ်။
ဒီဖျော်ရည်ရဲ့ အစွမ်းထက် ပုံတွေကတော့..
( ၁ ) ကင်ဆာဆဲတွေ ကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
( ၂ ) အသည်း ကြီးထွားခြင်း၊ ကျောက်ကပ် ကြီးထွားခြင်း၊ ကပါယ်အိတ် ကြီးထွားခြင်းကို လည်းတားဆီးပေး ပါတယ်။ ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။
( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။
( ၄ ) ခုခံအား စနစ်ကိုလည်း အားကောင်းစေပါတယ်။
( ၅ ) မျက်စိအာရုံကို ပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊ မျက်စိညောင်းခြင်း တို့ကိုလည်း သက်သာစေပါတယ်။
( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သား ဒဏ်ဖြစ်ခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။
( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန်တွင် ဖြစ်တတ်သော နာကျင်ခြင်းကိုလည်း လျှော့နည်းသက်သာစေပါတယ်။
( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
( ၁၁ ) ဥာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကို ပိုမိုကောင်းမွန်စေပါတယ်။
( ၁၂ ) ကိုယ်အလေးချိန် လျှော့ချနေသူများအနေနှင့်လည်း သောက်သုံးနိုင်ပါတယ်။ ဒီဖျော်ရည်ဟာ အားအင်ကို တိုးစေသလို ကယ်လိုရီ ပါဝင်မှုကလည်း အနည်းဆုံးသော ဖျော်ရည်ဖြစ်ပါတယ်။
( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည် တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။
ရောဂါတော်တော်များကို သက်သာအောင် အထူးအစွမ်းထက်သော ဖျော်ရည်ဖြစ်ပါတယ်။
သောက်သုံးနည်းကတော့ ဖျော်ပြီးသား ဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလိုဗိုက်ထဲတွင် အစာမရှိချိန်မှာ သောက်သုံးရပါမယ်။ ပိုပြီးအာနိသင် သက်ရောက် ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်နှင့် ညနေ ၅ နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။ ၂ပါတ်အတွင်း ခုခံအားစနစ် ထူးခြားသိသာပြောင်းလဲ လာပါလိမ့်မယ်။
ကျန်မာရေး ဆိုင်ရာ ဗဟုသုတများ

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook