ဂဏန်း တစ်ကောင်ကြောင့် ရှင်သန်ခဲ့သော ငါးများ
ဂျပန်တွေက ငါးအစိမ်း စားရတာကို နှစ်သက်တဲ့ လူမျိုးဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဆိုက်ဘေးရီးယား ကနေ ရေနက်ငါး အများ အပြား ဂျပန်နိုင်ငံကို တင်သွင်းခဲ့ ကြပါတယ်။ ဒါပေမယ့် ငါးတွေ ဟာ လေယာဉ်ခန်းရဲ့ လှုပ်ခါမှုဒဏ်ကို မခံနိုင်ခဲ့ ကြပါဘူး။ ဒါကြောင့် လေယာဉ်နဲ့ တင်ပို့ချိန်မှာ လေယာဉ်မူး ဒဏ်ကြောင့် ငါးတွေဟာ ၄ဝ%လောက် သေဆုံး ကုန်ကြလို့ နစ်နာ ဆုံးရှုံးမှု တွေ များခဲ့တယ်။
နောက်ပိုင်းမှာ ငါးထည့်ထားတဲ့ သေတ္တာထဲ ဂဏန်းထည့်ပါလို့ တစ်စုံတစ်ယောက်က အကြံပြုခဲ့ပါတယ်။ ဒါဟာ မဖြစ်နိုင်ဘူး... ဂဏန်းဆိုတာ ငါးရဲ့ရန်သူ၊ ဒါဟာ ငါးတွေကို တမင်သေအောင် ဖန်တီးနေတာလို့ တချို့က ဝေဖန်ပြောဆို ခဲ့ပါတယ်။ ဒါပေမယ့် ငါးတွေ သေမယ့်အတူတူ စမ်းကြည့်မယ်ဆိုပြီး ငါးသေတ္တာထဲ ဂဏန်းကို ထည့်လိုက်တာ ငါးတွေရဲ့သေနှုန်းဟာ ၅%လောက်ပဲရှိတော့တာကို တွေ့ခဲ့ရပါတယ်။
ငါးတွေမှာလည်း စိတ်ပညာရှိနိုင်ပါတယ်။ ဂဏန်းရဲ့တိုက်ခိုက်မှုကိုခံရတဲ့အခါ ငါးတွေဟာ သတိရှိလာကြတယ်။ လေယာဉ်မူးတာကိုလည်း မေ့သွားပုံရပါတယ်။ တိုက်ခိုက်မှုကို ရင်ဆိုင်ကာကွယ်လိုစိတ်ရှိနေတော့ သာမန် အချိန်ထက် အင်အားတွေလည်း မြင့်တက်လာခဲ့တော့ တယ်။ ငါးအနည်းငယ်လောက်သာ ဂဏန်းကိုက် ဒဏ်ကြောင့် သေပွဲဝင်ခဲ့ရပေမယ့် ငါးအများစုကတော့ တက်ကြွခုန်လှုပ်နေခဲ့ ပါတယ်။ ဒီလိုတက်ကြွ ခုန်လှုပ်နေ တာ ဟာလည်း ငါးအသားတွေကို ကျစ်လစ်စေသလို ပိုလတ်ဆတ်ပြီး နဂိုထက် အရသာ ပိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
ဒါကို လူတချို့က ဒီလိုဒဿနထုတ်ခဲ့ပါတယ်။ ဂဏန်းဟာ လူ့ဘဝမှာတွေ့ကြုံရတဲ့ အခက်အခဲ၊ ဆင်းရဲဒုက္ခဖြစ်တယ်။ လူတချို့က ဒီလိုအခက်အခဲ၊ ဆင်းရဲဒုက္ခကြောင့် လဲပြိုကြပေမယ့် တချို့က အခက်အခဲတွေကိုတွန်းလှန်ဖို့ တိုက်ရည် ခိုက်ရည်တွေကို ပိုလှုံ့ဆော်နိုင်ခဲ့ကြတယ်။ သတ္တိတွေပိုရှိခဲ့ပြီး အင်အားတွေ ပိုဖွံ့ဖြိုးခဲ့ကြတယ်။ သက်တောင့် သက်သာ မပူပြင် မကြောင့်ကျတဲ့ဘဝမှာနေသူတွေက အတွေးလမ်းတွေကို ပိတ်လိုက်နိုင်သလို အန္တရာယ်ကျရောက်မှန်းလည်း မသိနိုင်ကြပါဘူး။ ဦးတည်ချက်တွေ အလွယ်တကူ လမ်းကြောင်းမှားနိုင်ပါတယ်။ လူတိုင်းက သက်တောင့်သက်သာဘဝကို ရလိုကြတာပါပဲ။ ဒါပေမယ့် အရာအားလုံးဖြောင့်ဖြူးနေရင် ပိုသတိထား ရပါတယ်။
လေယာဉ်မူးခြင်း ဆိုတဲ့ လှိုင်းက ငါးတွေကို သေစေမယ့် ရှေ့ပြေးနိမိတ်ဖြစ်ခဲ့လို့ပါပဲ။
×××××
မူရင်းရေးသားသူ -- Yè tè shēng (叶特生 )
မူရင်းလင့် -- http://www.85nian.net/rensheng/4224.html
နိုင်းနိုင်းစနေ (Sept. 23. 2014)

- (အရှေ့သို့) ဘဝကို တွေးတောခြင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Samsung ဖုန်းများ Network မသိလျှင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'