မျက်စိနာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာန ထုတ်ပြန်

www.onegoodthingbyjillee.com
လက်ရှိအချိန်တွင် အဖြစ်များနေသည့် မျက်စိနာရောဂါသည် ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပွားပါက နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးလိုက်ပြီး မျက်စိနာရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို ထုတ်ပြန်လိုက်သည်။ မျက်မှေးရောင်ရောဂါဟုလည်းခေါ်သည့် မျက်စိနာရောဂါ ဖြစ်ပွား ပါက ဆရာဝန်ညွှန်ကြားသည့် မျက်စဉ်းဆေးကိုသာ အသုံးပြုရန် ကျန်းမာရေး ၀န်ကြီးဌာန၏ သတိပေးချက်တွင် ဖော်ပြထားသည်။

ရောဂါဖြစ်ပွားပါက မျက်စိနာသူ၏ မျက်လုံးတစ်ဝိုက်ကို ရေနွေး စွပ်ထားသည့် ဂွမ်းဖြင့် တစ်ရက်နှစ်ကြိမ် သန့်စင် ပေးရန်နှင့် ယင်းကဲ့သို့ သန့်စင်ပေးခြင်း၊ မျက်စဉ်းခတ်ခြင်းများ မပြုလုပ်မီနှင့် ပြုလုပ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာဆေးရန်လည်း သတိပေးထားသည်။

မျက်စိနာရောဂါသည် ကူးစက်လွယ်သည့် ရောဂါဖြစ်ပြီး ရောဂါဖြစ်ပွားလျှင် ၁၀ ရက်မှ ၁၂ ရက်အထိ ကြာမြင့် တတ်ကြောင်း၊ အဆိုပါရောဂါသည် အနီးကပ်နေသူကို ရောဂါကူးစက်နိုင်သဖြင့် သတိထားကြရန်နှင့် အထူးသဖြင့် မိခင်နှင့် ၎င်းကလေးငယ်တို့၏ နီးစပ်မှုကြောင့် ပိုမိုသတိထားရန် နှိုးဆော်ထားသည်။

ရောဂါဖြစ်သူ၏ လက်၊ အ ၀တ်အစား၊ အသုံးအဆောင်၊ အ ထူးသဖြင့် အမျိုးသမီး မျက်နှာအလှပြင်ပစ္စည်းများ စုပေါင်းအသုံးပြုခြင်းဖြင့် အခြားသူများကို လျင်မြန်စွာ ကူးစက်နိုင်သဖြင့် သတိထားရန်လည်း ကျန်းမာရေး ၀န်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...