အမျိုးသားများအတွက် အိမ်ထောင်မှုသုခ ပြည့်စုံဝစေနိုင်ရန် သဘာဝဆေးနည်း

အိမ်ထောင်မှု သုခပြည့်စုံဝ စေနိုင်ရန်အတွက် ယောင်္ကျား အားဆေးနှင့် ပတ်သက်၍ သဘာဝ ဆေးနည်းကို သိချင်သူများ အလွန်များပြားနေတာကို တွေ့ရပါတယ်။ ကျန်းမာရေး သတင်းများ၏ Message သို့လည်း မကြာခဏ ဆေးနည်းမျှဝေပေးရန် တောင်းဆို လာကြတယ်။

သဘာဝဆေးနည်းကို ခပ်စောစောကတည်းက တွေ့ရှိ ထားပေမယ့် ကောင်းကျိုး ဆိုးကျိုးတို့ကို စုံသထက် စုံအောင် လေ့လာနေရသည့် အတွက် ချက်ချင်း မတင်ပေးနိုင်ခဲ့ပဲ အနည်းငယ် ကြာသွားပါတယ်။

ယောင်္ကျားအားအတွက် သဘာဝဆေးနည်းကို ဖော်စပ်ရန် လိုအပ်ချက်များမှာ-

၁။ ခွေးလယားသီးနက်၏ အစေ့ ၃၂ စေ့
၂။ နွားနို့ ၂၅ ကျပ်သား
၃။ ထောပတ်အနည်းငယ်
၎။ သဘာဝ ပျားရည်စစ်စစ် ၂၅ ကျပ်သား
၅။ သကြား၂၀ ကျပ်သား

(ပုံနှင့်တကွလည်း ဖော်ပြပေးထားပါသည်)

ဆေးဖော်စပ်နည်း

ခွေးလယားသီးကို နွားနို့ထဲ ထည့်၍ ပြုတ်လိုက်ပါ။ ပွတက်လာသော ခွေးလယားသီး၏ အဆံများကို ထောပတ်ဖြင့် နှယ်ပြီး လှော်လိုက်ပါ။ ပြီးလျှင် ၄င်းအဆံများကို ပျားရည်၊ သကြားတို့နှင့် ပုလင်းတစ်လုံးထဲတွင် အဖုံးလုံအောင် ပိတ်၍ စိမ်ထား(နှပ်ထား)လိုက်ပါ။

တစ်ပတ်ခန့် စိမ်ထားပြီးလျှင် ၄င်းဆေးကို လက်ဖက်စားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း နေ့စဉ်သုံးဆောင်နိုင် ပါသည်။

*******************
ယောင်္ကျားအသက်
အပြင်ဘက်၊
ဆိုချက်စကား.
အလေးထားကာ၊
လူကားမသေ၊
ပန်းမသေရ၊
အာဂယောင်္ကျား၊
ဟစ်ကြုံးဝါးလျှက်၊
ယောင်္ကျားမှန်လျှင်၊
အားသန်စေရမည်။
*********************

ကျန်းမာရေးရှုထောင့်အမြင်ဖြင့် စေတနာထားကာ မျှဝေပေးခြင်း ဖြစ်ပါသည်။


စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ရိုးရာဆေးနည်းများ၊ နေဇင်ဟိန်း၊ ထွန်းတောက်ကြယ်
ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...