ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လူ ၁ဝ ဦး အသက်ဆုံးရှုံးတိုင်း တစ်ဦးသည် သွေးတိုးရောဂါကြောင့် ဖြစ်သည်ဟု ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၁။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး၏ ထုတ်ပြန် ချက်အရ လူ ၁ဝဦး အသက်ဆုံးရှုံး တိုင်း တစ်ဦးသည် သွေးတိုး ရောဂါ ကြောင့်ဖြစ်သည်ဟု သိရသည်။

''သွေးတိုးရောဂါက ဖြစ်ပြီဆို ရင်တော့ နာတာရှည် ရောဂါဖြစ်တဲ့ အတွက် အချိန်မှန်စစ်ဆေးဖို့ လိုပါ တယ်။ မြန်မာတွေ နားလည်တာက သွေးတက်ပြီဆိုရင် ဇက်ကြောတက် ရမယ်၊ ခေါင်းမူးရမယ်၊ ခြေထောက် တွေလေးလာမယ်၊ အဲဒါတွေ မဖြစ်မချင်း သူတို့က သွေး မချိန်ကြဘူး''ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက် တာမျိုးညွန့်က ပြောသည်။

သွေးတိုးရှိသည်ဆိုပါက တစ် ပတ်တစ်ကြိမ်၊ နှစ်ကြိမ်ခန့် သွေးပေါင်ချိန်သင့်ကြောင်း လူတို့သည် ရောဂါလက္ခဏာ မပြဘဲ နေထိုင်နေ ရင်းနှင့်လည်း သွေးတိုးနေတတ်ခြင်း များရှိကြောင်း ယင်းသို့ သွေးတိုးနေ သည့်ဒဏ်ကို လူမှခံနိုင်ရည်ရှိသွား နိုင်ကြောင်း သိရသည်။

''သွေးတိုးကို ခံနိုင်ရည်ရှိတာ က ကြာလေပိုခံနိုင်ရည်ရှိလေ ဖြစ် တဲ့အတွက် သွေးပေါင် ၂ဝဝ၊၂၅ဝ လောက်ရှိတဲ့ သူတွေတောင် ဘာမှ မခံစားရတာတွေ ရှိပေမယ့် တစ်ချိန် ချိန်မှာ လေဖြတ်တာ၊ နှလုံးရောဂါ ကျောက်ကပ် ပျက်တာတွေက ဖြစ်လာ တာပဲ'' ဟု ယင်းကပြောသည်။

ယင်းသို့သွေးတိုးရောဂါဖြစ်ပါ က သွေးချိန်နေရုံဖြင့် မပြီးသေးဘဲ အနည်းဆုံးခြောက်လ တစ်ခါခန့် ဆေး စစ်ခြင်းများ ကိုပြုလုပ်သင့်ကြောင်း သွေးတိုးရောဂါရှိသူတွင် ဆီးချိုရော ဂါပါ ထပ်မံဖြစ်ပွားလာပါက လေ ဖြတ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းစ သည်တို့ဖြစ်နိုင်ခြေပိုများကြောင်း သိရသည်။

လက္ခဏာများ
***************
သွေးတိုးရောဂါ၏ လက္ခဏာ များမှာ ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်စိ ပြာခြင်း၊ အော့အန်ခြင်း၊ မိုက်ခနဲဖြစ် ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပြီး တချို့လူများတွင် သွေးတိုးရောဂါရှိ သော်လည်း မည်သည့် လက္ခဏာမျှ မပြဘဲ သွေးတိုးရောဂါ ရှိနေတတ်ကာ ရုတ်တရက် သွေးတိုးရောဂါ၏ နောက် ဆက်တွဲ ဝေဒနာများကို ခံစားရတတ် ကြောင်း သိရသည်။

''သာမန်သွေးတိုးရုံတင်မကဘဲနဲ့ ဆီးချိုရောဂါပါဖြစ်လာပြီဆိုရင်တော့ ဖြစ်တဲ့ ရောဂါနှစ်ခုစလုံးကိုပိုပြီးတော့ ထိထိ ရောက်ရောက် ကုသသင့်ပါတယ်'' ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။

နောက်ဆက်တွဲဆိုးကျိုးများ
****************************
သွေးတိုးရောဂါ၏ နောက်ဆက် တွဲဝေဒနာများမှာ နှလုံးကြီးခြင်း၊ နှလုံး ညှစ်အား လျော့ကျခြင်း၊ နှလုံးသွေး ကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ မျက်စိဝေ ခြင်း၊ မှုန်ခြင်း၊ ကွယ်ခြင်း၊ ကျောက် ကပ်ပျက်စီးခြင်း၊ ရုတ်တရက်ဦးနှောက် သွေးကြောပိတ်ခြင်း၊ ဦးနှောက်ရောင် ခြင်း၊ လေဖြတ်ခြင်း စသည်တို့ဖြစ်နိုင် ကြောင်း သိရသည်။

အနေအထိုင်၊ အစားအသောက်များ၊
****************************************
ပတ်ဝန်းကျင်များနှင့် ဆက်နွှယ်မှုရှိ သွေးတိုးရောဂါသည် လူတို့ နေထိုင်မှုပုံစံ ပတ်ဝန်းကျင်နှင့် ဆက် နွှယ်နေသည့် နာတာရှည် ရောဂါဖြစ် ပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါး ခြင်း၊ ဆား၊ အငန်နှင့် ဆီးချို၊ သွေး ချိုရောဂါရှိခြင်း၊ ဆေးလိပ်နှင့် အရက် ကို အလွန်အကျွံသောက်ခြင်း၊ စိတ် ဖိစီးမှုများခြင်းတို့သည်လည်း သွေးတိုး ရောဂါဖြစ်ပွား စေနိုင်သည်။

ကာကွယ်နည်း
****************
သွေးတိုးရောဂါကိုကာကွယ် နိုင်ရန် ကိုယ်အလေးချိန်ကို ထိန်း သိမ်း၍ အဝမလွန်စေရန် နေထိုင် စားသောက်ခြင်း၊ ပုံမှန်ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ခြင်း၊ နေ့စဉ်နာရီဝက်၊ တစ်နာရီခန့် ခပ်သွက်သွက် လမ်း လျှောက်ခြင်း၊ ဟင်းသီး ဟင်းရွက် အသီးအနှံများ စားသုံးခြင်း၊ စိတ်ဖိ စီးမှုနည်းပါးအောင် နေထိုင်ခြင်း၊ ဆားနှင့် ဟင်းချိုမှုန့် အသုံးပြု၍ပြုလုပ် ထားသော ငါးပိ၊ ငါးခြောက်နှင့် အ သင့်စား အစားအစာများကိုရှောင် သင့်ကြောင်း သိရသည်။


KTM
ဒီမိုကရေစီတူဒေး သတင်းစာ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...