လက်ဆွဲ နူတ်ဆက်ခြင်းထက် လက်သီးခြင်းထိုးကာ နှုတ်ဆက်သည့် ဓလေ့ ကျယ်ပြန့် လာ

လက်သည် ပြင်ပ အရာဝတ္ထုများနှင့် အစဉ်ထိတွေ့ နေသည့် အတွက် ဘက်တီးရီးယား မျိုးစုံဖြင့် ပြည့်နှက် နေသည်ကို အကြောင်းပြု၍ နိုင်ငံတကာတွင် လက်ဆွဲ နုတ်ဆက်ခြင်းထက် လက်သီးခြင်း ဖွဖွထိုးခြင်းကို ရွေးချယ် ကျင့်သုံးလာ ကြောင်း သိရသည်။

တံခါး လက်ကိုင်ဘုကို ကိုင်သောအခါ၊ ဖုန်း အသုံးပြု သောအခါ၊ ဘတ်စကားပေါ် တက်သည့်အခါ အစ ရှိသည့် မလွဲသာ မရှောင်သာ အခြေအနေများတွင် လက်ဖြင့် အရာဝတ္တုမျိုးစုံကို ကိုင်မိသည့်အတွက် ဘက်တီးရီးယား ပိုးမွှားများစွာသည် လက်ပေါ်သို့ ကူးလာလေ့ ရှိသည်။

လက်ကိုချက်ခြင်းဆေးရန် အမြဲအဆင်မပြေနိုင်သဖြင့် ယင်းလက်ဖြင့် ကိုင် တွယ်ပွတ်သပ်မိသော ခန္ဓာကိုယ်အင်္ဂါ အစိပ်အပိုင်းနှင့် အခြားအရာဝတ္ထုများတွင်လည်း ယင်းပိုးမွှားများထပ်ဆင့်ကူး သွားသည့်အတွက် ကျွန်ုပ်တို့ ၏ပတ်ဝန်းကျင်တွင် ပိုးမွှားများပြည့်နှက်နေပြီး လက်ပေါ်တွင်လည်း ယင်းပိုးမွှားများ ရှိ နေခြင်းဖြစ်သည်။

ထိုသို့ လက်မှတစ်ဆင့် ပိုးမွှားကူးစက်မှုကိုကာကွယ်နိုင်ရန် လူအများက လက်သီးခြင်းထိတွေ့ နုတ်ဆက်ခြင်းကို ဦး စားပေးလာကြခြင်းဖြစ်ပြီး သိပ္ပံပညာရှင်များကလည်း လက်ဆွဲနုတ်ဆက်ခြင်း၊ လက်ဝါးရိုက်နုတ်ဆက်ခြင်း၊ လက်သီး ထိုးနုတ်ဆက်ခြင်းတို့ ကြောင့် ကူးစက်နိုင်သည့် ဘက်တီးရီးယားပိုးမွှားပမာဏကို သုတေသနပြု ဖော်ပြထားသည်။

လူနှစ်ဦးနူတ်ဆက်ရာတွင် တစ်ဦး၏လက်ကို ပိုးမွှားကင်းစင်အောင် ပိုးသတ်ထားပြီး ကျန်တစ်ဦးကိုမူ ရှိရင်းစွဲအခြေ အနေအတိုင်း ထားသည်။ ထို့ နောက်၎င်းတို့ နှစ်ဦးအား လက်ဆွဲနူတ်ဆက်စေရာ လက်သီးခြင်းထိုးနူတ်ဆက်ခြင်း ကြောင့် ပိုးကူးစက်မှုသည် လက်ဆွဲနူတ်ဆက်ခြင်းကြောင့် ပိုးကူးစက်မှုထက် ၉၀ ရာခိုင်နှူန်းလျော့နဲပြီး လက်ဝါးခြင်း ရိုက်နူတ်ဆက်ခြင်းက ၅၀ ရာခိုင်နှူန်းလျော့နဲသည်ကို တွေ့ ရှိခဲ့သည်။

လက်ဆွဲနူတ်ဆက်ရာတွင် လက်အရေပြား၊အသားခြင်းထိတွေ့ နိုင်သည့်အကျယ်အ၀န်းပိုသည့်အတွက် ပိုးမွှားကူး စက်မှုလည်း ပိုခြင်းဖြစ်ပြီး လက်သီးခြင်းထိတွေ့ ခြင်းက အရေပြားခြင်းထိတွေ့ မှုအနဲဆုံးဖြစ်သည့်အတွက် ပိုးကူးစက်မှုလည်း နဲပါးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ ကြောင့် နိုင်ငံတကာတွင် သမားရိုးကျ လက်ဆွဲနူတ်ဆက်ခြင်းကို ရှောင်လွဲနိုင်သည့်အခြေအနေတိုင်းတွင် ရှောင် လွဲနေကြပြီး လက်သီးခြင်းဖွဖွထိုးကာ နူတ်ဆက်သည့်အလေ့အထ တဖြည်းဖြည်း ရေပန်းစား လာနေပြီ ဖြစ်ကြောင်း သိရသည်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...