အိန္ဒိယနိုင်ငံက ခွေးနဲ့လက်ထပ်တဲ့ မင်္ဂလာပွဲ...
အိန္ဒိယနိုင်ငံ၊ Jharkhand ပြည်နယ်ရှိ ကျေးရွာတခုမှာ ခွေးနဲ့ အိန္ဒိယ အမျိုးသမီးတဦးတို့ လက်ထပ်တဲ့ မင်္ဂလာ အခမ်းအနား တခုကို မကြာသေးခင်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်... ဒီလို ခွေးနဲ့ ပေးစားတဲ့ မင်္ဂလာပွဲဟာ သူတို့ဆီမှာ ရိုးရာအစဉ်အလာတခု ဖြစ်နေပါတယ်... မင်္ဂလာပွဲအတွင်း သက် (၁၈)နှစ်အရွယ်ရှိ ချောမောလှပတဲ့ သတို့သမီးဖြစ်သူ Mangli Munda ကိုတော့ သတို့သမီး ၀တ်စုံအပြည့်နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်... ဒါပေမဲ့ မင်္ဂလာပွဲ တက်ရောက်လာသူ ပရိတ်သတ်ရဲ့ မျက်လုံးတွေကတော့ Sheru လို့ အမည်ပေးထားတဲ့ ခွေး သတို့သားလောင်းဆီမှာပဲ ရှိနေကြပါတယ်... လက်ထပ်ပေးမဲ့ ခွေးကို သတို့သမီးရဲ့ ဖခင်ဖြစ်သူက စိတ်တိုင်းကျ ရွေးချယ်ပေးရတာပါ.. ပြီးရင် အဆိုပါ ခွေးသတို့သားကို အခြွေအရံတွေ မင်္ဂလာအခမ်းအနားတွေနဲ့ ကားပေါ်တင်ပြီး မင်္ဂလာပွဲကျင်းပမဲ့ နေရာကို ပို့ဆောင်ပေးရပါတယ်... သတို့သားက ခွေးဖြစ်နေတာကလွဲလို့ အားလုံးဟာ တကယ့်မင်္ဂလာ အခမ်းအနား တခုလို ကျင်းပခဲ့တာ ဖြစ်ပါတယ်...
ဒီလိုမျိုး ခွေးနဲ့ပေးစားတဲ့ မင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ အကြောင်းအရင်းက ဒီလိုပါ.. သမီးဖြစ်သူမှာ မကောင်းဆိုးဝါး ၀ိညာဉ်တွေ ပူးကပ်နေပြီး... ဖြစ်နိုင်ရင် ခွေးနဲ့ လက်ထပ်ပေးမဲ့ အစီအစဉ်ကို အမြန်ဆုံး ပြုလုပ်ပေးဖို့ ကျေးရွာအကြီးအကဲ ဖြစ်သူတွေက သတို့သမီးရဲ့ မိသားစုကို ပြောလာတယ်လို့ ဆိုပါတယ်... ဒါကြောင့် ခွေးနဲ့ လက်ထပ်မှသာလျှင် မကောင်းတဲ့ ၀ိညာဉ်တွေကို မောင်းထုတ်နိုင်မှာ ဖြစ်တယ်လို့ မိဘဖြစ်သူတွေကလည်း ယုံကြည်ထားတဲ့ အတွက် အခုလို ခွေးနဲ့ မင်္ဂလာဆောင်ပေးခဲ့တာ ဖြစ်ပါတယ်... လက်ထပ်ပြီး ခွေးနဲ့ တသက်လုံး ပေါင်းသင်းနေထိုင် သွားရမှာတော့ မဟုတ်ပါဘူး...
အခုလို ခွေးနဲ့ လက်ထပ်ရတာကို Mangli အနေနဲ့ လုံးဝ မပျော်ရွှင်ခဲ့ပါဘူး... အခုလို ပြုလုပ်ခြင်းအားဖြင့် သူမကိုယ်မှာ ရှိနေတဲ့ မကောင်းတဲ့ ၀ိညာဉ်တွေ ထွက်သွားပြီး ကံကောင်းခြင်းတွေ ရရှိလာမယ်လို့ ယုံကြည်ထားတာရယ်. သူမရဲ့အရင် မိန်းကလေး အများစုဟာလည်း အလားတူ ခွေးနဲ့မင်္ဂလာဆောင်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့တာတွေရယ်ကြောင့် အခုလို အသာတကြည် သဘောတူ လက်ခံခဲ့တာလို့ ဆိုပါတယ်...
ခွေးနဲ့ လက်ထပ်ပြီးနောက်ပိုင်း လင်နဲ့မယားလို ဆက်ဆံရတဲ့ ဆက်ဆံရေး တခုလုံးနဲ့ ပတ်သက်ပြီး သူမအနေနဲ့ အတော်လေး စိုးရိမ်တုန်လှုပ်ခဲ့ကြောင်း နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်... ဒါပေမဲ့ သူမဆီကနေ မကောင်းတဲ့ ကံတွေ ထွက်သွားပြီး ကံကောင်းခြင်းတွေ ယူဆောင်လာလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပုံမှန်လင်မယား ဆက်ဆံရေးအတိုင်း ပြုမူနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်...
ခွေးနဲ့ လက်ထပ်ပြီးနောက်ပိုင်း လင်နဲ့မယားလို ဆက်ဆံရတဲ့ ဆက်ဆံရေး တခုလုံးနဲ့ ပတ်သက်ပြီး သူမအနေနဲ့ အတော်လေး စိုးရိမ်တုန်လှုပ်ခဲ့ကြောင်း နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်... ဒါပေမဲ့ သူမဆီကနေ မကောင်းတဲ့ ကံတွေ ထွက်သွားပြီး ကံကောင်းခြင်းတွေ ယူဆောင်လာလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပုံမှန်လင်မယား ဆက်ဆံရေးအတိုင်း ပြုမူနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်...
"ကျမ ခွေးနဲ့ လက်ထပ်ခဲ့ပါတယ်... ဘာဖြစ်လို့လဲဆိုတော့ ဒီလို ခွေးနဲ့ လက်ထပ်လိုက်ခြင်းအားဖြင့် ကျမဆီမှာ ရှိနေတဲ့ မကောင်းတဲ့ ကံတွေဟာ ခွေးဆီကို ကူးပြောင်း ရောက်ရှိသွားပြီး ကောင်းတဲ့ ကံတွေ ကျမထံ ရောက်ရှိလာမယ်လို့ ရွာအကြီးအကဲတွေက ပြောလို့ပါ... နောက်ပြီး ကျမလို ခွေးနဲ့ လက်ထပ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေ ဆိုရင်လည်း အခုဆိုရင် ကံကောင်းခြင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေကြပြီလို့လည်း ပြောပါတယ်... တနေ့ကျရင်တော့ ကျမချစ်တဲ့ အမျိုးသားတယေက်ကို ကျမ လက်ထပ်မှာပါ... ဒါဟာ မိန်ကလေးတိုင်းရဲ့ မျှော်လင့်ချက် အိပ်မက်တခုပါ... အဲဒီချိန်ကျရင်တော့ ကျမလက်ထပ်တဲ့ အမျိုးသားနဲ့ တသက်လုံး ပျှော်ပျှော်ရွှင်ရွှင်နဲ့ အတူလက်တွဲ နေထိုင်သွားမှာပါ..." လို့ Mangli က ဆိုပါတယ်....။
ref;http://express.co.uk/ Ko Myo
--------------------------------------
- (အရှေ့သို့) Toshiba Chromebook 2 - Laptop Review Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောက်သို့) Nokia Lumia 730 Dual SIM Windows Phone Review Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'