ဖွားဇာတာမှာ မိတ်ဂြိုဟ်ပါသလား

ဤသို့ ဆန်းစစ်ရာတွင် ဂြိုဟ်တို့၏ အားဗလကို ဆန်းစစ်ခြင်း သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါ သည်။ အိန္ဒိယ နက္ခတ္တဗေဒပညာ၌ ဂြိုဟ်တို့၏ အားခြောက်ပါးဖြစ် သော ဆဋ္ဌဗလတွင် ဋ္ဌာနဗလ (သို့) ရပ်တည်မှုအနေအထား အား တစ်ခု ပါဝင်သည်။

ဋ္ဌာနဗလအား ရ၊ မရ ဆန်းစစ်ရာတွင် ဖွားဇာတာ၌ ဂြိုဟ်တစ် လုံးသည် မိမိဥစ်အိမ်၌ တည်သလား၊ မိမိ ကသစ်အိမ် ၌ တည်သလား၊ မိမိ မူလတြိဂုဏ်အိမ်၌ တည်သလား၊ မိမိမိတ်အိမ်၌ တည်သလား ဆို သည်ကို ဆန်းစစ်ကြည့်ရ ပါသည်။

ဈေးကွက်ဂျာနယ်၌ ဖွားဇာတာတွင် ဥစ်ဂြိုဟ်ပါသလား၊ ကသစ်ဂြိုဟ်ပါသလား၊ တြိဂုဏ်ဂြိုဟ်ပါသလား ဆောင်းပါး သုံးပုဒ်ကို ရေးသားခဲ့ပြီး ဖြစ်ရာ ယခုအပတ်တွင် ဖွားဇာတာမှာ မိတ်ဂြိုဟ်ပါသလား ဆောင်းပါးကို ရေးသားဖော်ပြ လိုသည်။

ဖွားဇာတာမှာ ဥစ်ဂြိုဟ်၊ ကသစ်ဂြိုဟ် မပါ၍ စိတ်မပျက်နှင့်။ မိတ်ဂြိုဟ် ပါ၊ မပါ ဆန်းစစ်ကြည့်ပါဦး။ သက်ဆိုင်ရာဂြိုဟ် သည် ဥစ်ရာသီ အိမ်၊ ကသစ်ရာသီအိမ်တွင် မရပ်တည်သဖြင့် ဖွားဇာတာတွင် ဥစ်ဂြိုဟ်၊ ကသစ်ဂြိုဟ်အဖြစ် မပါသော်လည်း မိတ်ရာသီအိမ်၌ ရပ်တည်သဖြင့် ဖွားဇာတာတွင် မိတ်ဂြိုဟ်အဖြစ် ပါခဲ့သော် တော်သေး၏။

ရှေးဟောင်း အိန္ဒိယ နက္ခတ္တဗေဒကျမ်းများအဆို ဂြိုဟ်တို့၏ အားဗလမှာ- မိမိ ဥစ်အိမ်တွင် ရပ်တည်လျှင် ၁ဝဝ ရာခိုင်နှုန်းအား ကောင်း၏။ မူလ တြိဂုဏ်းအိမ်၌ ရပ်တည်လျှင် ၇၅ ရာခိုင်နှုန်း အား ကောင်း၏။ မိမိ ကသစ်အိမ်၌ ရပ်တည်လျှင် ၅ဝ ရာခိုင်နှုန်း အားကောင်း ၏။ မိမိ မိတ်အိမ်၌ ရပ်တည်လျှင် ၂၅ ရာခိုင်နှုန်း အားကောင်း၏ဟု ဆိုထားပါသည်။

မြန်မာဇာတာခွင်၌ ဂြိုဟ်တို့၏ အမှတ်လက္ခဏာကို ဂဏန်းနှင့် ပြသည်။

တနင်္ဂနွေဂြိုဟ်ကို ၁ ဂဏန်း

တနင်္လာဂြိုဟ်ကို ၂ ဂဏန်း

အင်္ဂါဂြိုဟ်ကို ၃ ဂဏန်း

ဗုဒ္ဓဟူးဂြိုဟ်ကို ၄ ဂဏန်း

ကြာသပတေးဂြိုဟ်ကို ၅ ဂဏန်း

သောကြာဂြိုဟ်ကို ၆ ဂဏန်း

စနေဂြိုဟ်ကို ဝ ဂဏန်း (၇ ဂဏန်းနှင့် မပြပါ)

ရာဟုဂြိုဟ်ကို ၈ ဂဏန်း

ကိတ်ဂြိုဟ်ကို ၉ ဂဏန်း စသည်ဖြင့် ဂြိုဟ်စဉ်အတိုင်း ဂဏန်း နှင့် ပြသည်။

ဖွားဇာတာခွင်၌ ၁၂ ရာသီစက်တွင် မိတ်ဂြိုဟ် ရပ်တည်ပုံ ဇယားအတိုင်း ဂြိုဟ်ရပ်တည်နေသည်ကို တွေ့လျှင် ၄င်းဂြိုဟ်သည် မိတ် အိမ်မှာ ရပ်တည်သည်ဟု မှတ်ယူနိုင်ပါသည်။

မိဿရာသီတွင် ၁ နှင့် ၅ ဂဏန်း

ဗြိဿရာသီတွင် ၄ နှင့် ဝ ဂဏန်း

မေထုန်ရာသီတွင် ၂ နှင့်

၆ ဂဏန်း ကရကဋ်ရာသီတွင် ၁- ၃ နှင့် ၅ ဂဏန်း

သိဟ်ရာသီတွင် ၂-၃-၄ နှင့် ၅ ဂဏန်း

ကန်ရာသီတွင် ၂-၆ နှင့် ဝ ဂဏန်း

တူရာသီတွင် ၄ နှင့် ဝ

ဗြိစ္ဆာရာသီတွင် ၁ နှင့် ၅ ဂဏန်း

ဓနုရာသီတွင် ၁ နှင့် ၃ ဂဏန်း မ

ကာရရာသီတွင် ၆ ဂဏန်း

ကုံရာသီတွင် ၆ ဂဏန်း

မိန်ရာသီတွင် ၁ နှင့် ၃ ဂဏန်းကို

တွေ့လျှင် သက်ဆိုင်ရာ ဂဏန်းက ညွှန်ပြသော ဂြိုဟ်သည် မိတ်အိမ်၌ ရပ်တည်ကြောင်း သိနိုင်ပါသည်။ ဖွားဇာတာ ရှိပါက ကိုယ့် ဖွားဇာတာနှင့် ကိုယ်တိုင် တိုက် ဆိုင် စစ်ဆေးကြည့်နိုင်ပါသည်။

ရှေးဟောင်း အိန္ဒိယ နက္ခတ္တဗေဒကျမ်းတစ်စောင် ဖြစ် သည့် ဇာတကပါဠိဇာတ နက္ခတ် ဗေဒင်ကျမ်းအဆိုတနဂ င်္နွေဂြိုဟ် မိတ်အိမ် ၌တည်သော် ကျော်စောထင်ရှား မည်။

တနင်္လာဂြိုဟ် မိတ်အိမ် ၌တည်သော် ကိုယ်စိတ်ချမ်းသာ မည်။

အင်္ဂါဂြိုဟ် မိတ်အိမ်၌ တည်သော် မိတ်ဆွေများက ချစ် မြတ်နိုးမည်။

ဗုဒ္ဓဟူးဂြိုဟ် မိတ်အိမ်၌ တည်သော် ဖြတ်ထိုးဥာဏ် ကောင်း မည်၊

ဟာသဥာဏ် ကောင်းမည်။ ကြာသပတေးဂြိုဟ် မိတ် အိမ်၌တည်သော် ပညာရှိမည်။

သောကြာဂြိုဟ် မိတ် အိမ်၌တည်သော် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံမည်။

စနေဂြိုဟ် မိတ်အိမ်၌ တည်သော် ဆင်းရဲမည်။ သူတစ် ပါးကို မှီခိုရမည်ဟု ဆိုပါသည်။

မိတ်ရသောဂြိုဟ်သည် ငွေကြေးဥစ္စာ၊ စီးပွားရေး၊ အလုပ်၊ ရာထူး၊ ဂုဏ်ထူး၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ အိမ်ခြံမြေ၊ ယာဉ်၊ အမွေ၊ ပညာရေး၊ အချစ် ရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး၊ဘေးရန်နှင့် ခရီးကို အစိုးရသော ဂြိုဟ် တစ်လုံး လုံးဖြစ်သော် သက် ဆိုင်ရာ အရေးကိစ္စများ၌ ၂၅ ရာ ခိုင်နှုန်း အကျိုးပေးနိုင်သည်။

သင်တို့၏ ဖွားဇာတာ၌ ဥစ်ဂြိုဟ်၊ ကသစ်ဂြိုဟ်၊ မိတ်ဂြိုဟ် တစ်လုံးမဟုတ်တစ်လုံး ပါရှိကြပါ စေဟု ဆုမွန်ကောင်း တောင်းလိုက် ရပေသတည်း။

မောင်မောင်မြင့်သန်းမောင်

ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...