ကိုလံဘီယာ အမျိုးသမီး အသင်းဝတ်စုံကို နိုင်ငံတကာ စက်ဘီးအဖွဲ့ချုပ် ကန့်ကွက်

ကိုလံဘီယာ အမျိုးသမီး စက်ဘီးအသင်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံဟာ အ၀တ် မ၀တ်ထားတဲ့ ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံတကာ စက်ဘီးအဖွဲ့ချုပ်က ပြောပါတယ်။
အီတလီမှာ ကျင်းပနေတဲ့ ပြိုင်ပွဲအတွက် ကိုလံဘီယာအမျိုးသမီး စက်ဘီးအဖွဲ့က ၀တ်ဆင်ခဲ့တဲ့ အနီနဲ့ အ၀ါရောင် ရောထားတဲ့ ၀တ်စုံရဲ့ ခါးနဲ့ တင်ပါးနေရာမှာ အသားရောင် အထည်စကို အသုံးပြုထားတဲ့အတွက် ကြည့်လိုက်ရင် ၀တ်လစ်စလစ် ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့ အတွက် စက်ဘီးအဖွဲ့ချုပ်က ဥက္ကဋ္ဌ ဘိုင်ယံကွတ်ဆင်က အခုလို ဝေဖန် လိုက်တာ ဖြစ်ပါတယ်။
ဘယ်လူမှုရေး ကျင့်ဝတ်စံ နှုန်းတွေနဲ့ပဲ ကြည့်ကြည့် ဒါဟာ လက်မခံနိုင်သလို ကိုလံဘီယာ စက်ဘီးအဖွဲ့ချုပ် ကိုလည်း ဒီဝတ်စုံနဲ့ ပတ်သက်ပြီး အသင်းရဲ့ တာဝန်ရှိမှုကို သတိပေး သွားမယ်လို့လည်း ဆိုပါတယ်။
ကိုလံဘီယာအသင်းရဲ့ ၀တ်စုံဟာ ဒီသီတင်းပတ် လူမှုရေး စာမျက်နှာမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။
ကိုလံဘီယာအသင်းကတော့ ၀တ်စုံဒီဇိုင်းဟာ အသင်းက စက်ဘီးသမားတဦးက ဖန်တီးခဲ့တာ ဖြစ်ပြီး အသင်းဖော် တွေက အတည်ပြုခဲ့သလို လပေါင်းအတော်ကြာအောင် ၀တ်ဆင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။
DVB News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို မကြာမီ အသုံးပြုနိုင်ဖွယ်ရှိ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး
- (အနောကျသို့) ညစ်ညမ်းဆီပါ ကုန်စည် ၂၄ မျိုးကို တိုင်ဝမ်က ထပ်မံကြေညာ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး