အသားအရေ ညစ်ထေးစေသည့် အကြောင်းရင်းများ

ကျား-မ ပျိုပျိုအိုအို အရွယ်အားလုံး ၀င်းမွတ်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာ ဓမ္မတာပါ။ သို့ သော် နေ့ စဉ်ရွေးချယ်စား သောက်မိတဲ့ အစားအစာ များနှင့် လွဲမှားသော ဘ၀နေထိုင်မှု ပုံစံများက အသား အရေကို ညစ်ထပ်ထပ် ဖြစ်စေနိုင်တာ ကိုတော့ မိမိ ကိုယ်ကို သတိ မထားမိ တတ်ကြ ပါဘူး။ ဒါကြောင့် အောက်ဖော်ပြပါ သတိမမူမိတဲ့ အကြောင်း အရာလေး တွေကို စမ်းစစ်၍ သင့် အသားအရေ ကျန်းမာရေး အတွက် အချိန်မှီ ထိန်းသိမ်းထား သင့်ပါကြောင်း။

(၁) ရေသောက်ပုံ နည်းလမ်းမမှန်ခြင်း

အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်နေ့ ကို သန့်  ရှင်း စင်ကြယ်သော သောက်ရေ ၁၆ အောင်စ (သို့ မ ဟုတ်)၄င်းနှင့်ညီမျှသော သောက်ရေ ၈ ဖန်ခွက်ခန့် နေ့ စဉ်သောက်ပေးသင့်ပါ တယ်။ ေ ရေ သာက်နည်းခြင်းက လူကိုရေဓာတ်ချို့ တဲ့စေကာ၊ အသားအရေ အရောင်မှာ မစိုပြေလာနိုင်ေ တာ့ပါဘူး။ ကဖိန်းဓာတ်ပါသောကော်ဖီက ခန္ဓာကိုယ်ထဲမှ အရည်ဓာတ်တွေကို အလျင်အမြန် စုပ်ယူ ခမ်းခြောက်စေနိုင်တာကြောင့်လည်း၊ ရေဓာတ်ဖြည့်တင်း တဲ့ အနေဖြင့် ကော်ဖီ ၁-ခွ က်ေ သာက်ပြီးတိုင်း ၄င်းနှင့်ပမာဏတူ သောက် ရေ ၁-ခွက်ကို ပြန်လည်အစားထိုး သောက်ပေးသင့်ပါတယ်။ အယ်လ်ကိုဟောလ်ပါတဲ့ အရက်တွေကလည်း ထိုနည်း၎င်းပါဘဲ ခန္ဓာကိုယ်တွင်း ရှိ ရေ ဓာတ်ခမ်းခြောက်မှုကိုဖြစ်စေနိုင်တာကြောင့် အရက်သောက်ပြီးတဲ့ အခါ ရေများများေ သာက်ပေးသင့်ပါတယ်။

(၂) နေပူထဲ အချိန်ကြာကြာ သွားလာရခြင်း

နေရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည်(ခေါ်) Ultraviolet (UV) တွေ ပါရှိနေပါတယ်။ ၄င်း UV ကိုခွဲခြမ်းစိပ်ဖြာ ကြည့်တဲ့အခါ မှာ UVA နှင့် UVB ဆိုပြီး (၂) မျိုးရှိပါတယ်။ UVA က “အိုမင်း ရင့်ေ ရ်ာခြင်း” ကိုဖြစ်စေတဲ့အပြင်၊ အရေပြားအောက်ခြေရှိ collagen ကို ပျက်စီးစေကာ အသား အေ ရ အဖတ်လန်ခြင်း၊ ခြောက်သွေ့ ခြင်း နှ င့် အရွယ်မတိုင်မှီ အရေပြား အိုမင်းခြင်းကို ဖြစ်စေပါတယ်။ UVB က “နေလောင်ခြင်း” ကိုဖြစ်စေတာကြောင့် အသားရေကို ညစ်နွမ်းသွားစေနိုင် ပါတယ်။ ဒါေ ကြာင့် နေပူထဲမှာ အချိန်ကြာကြာ သွားလာနေရသူ များအဖို့  ရောင်ပြန်ပါသောထီး၊ ဦးထုပ်၊ နေကာမျက်မှန်တွေ တပ်ထားသင့်သလို အပူစုပ်ယူမှု အားနည်းစေဖို့ အရောင် ဖျော့ဖျော့ ချည်ထည် ခပ်ပွပွ အ၀တ်အထည်တွေ ၀တ်ဆင်သင့်ပါတယ်။ နေပူထဲ ထွက်ခါနီးမှာ SPF 50 PA+++ စာ တမ်းပါတဲ့ နေလောင် ကာကရင်မ်တွေ လိမ်းခြင်း၊ ညဖက်အိပ်ယာ ၀င်ခါနီးတိုင်း သနပ်ခါး လိမ်းခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်သင့်၍ အသားအရေညစ်ထေးခြင်းမှ ကာကွယ်ထားသင့်ပါတယ်။

(၃) မျက်နှာပေါ်ရှိ မိတ်ကပ် အကြွင်းအကျန်များ

မိတ်ကပ်ဆိုတာ အယ်လ်ကိုဟောလ် ဓာတ်သာမက၊ ဓာတုပစ္စည်းတွေ ရောစပ်ထားတဲ့ အလှကုန် ပစ္စည်းတစ်မျိုး ပါ။ ဒါကြောင့် တနေကုန်သွားလာ၍ မိတ်ကပ်လိမ်းပြီးနောက်၊ ညအိပ်ယာဝင် ခါနီးမှာ မျက်နှာပေါ်ရှိ မိတ်ကပ် တွေကို ကုန်စင်အောင်ဆေးကြော သန့် စင်ပေးဖို့ အထူးအေ ရးကြီး ပါတယ်။ သန့် ရှင်းမှုအားနည်းတဲ့အခါ၊ ထိုမိတ်ကပ်အကြွင်းအကျန်ထဲမှာပါရှိတဲ့ အယ်လ်ကိုေ ဟာ လ်ဓာတ်က အသားအရေကို ခြောက်သွေ့ စေတဲ့အပြင် အရေပြားကို ညို၍ညစ်နွမ်းသွားေ စနိုင်ပါတယ်။ ဖြစ်နိုင်ရင် Foaming Cleanser စာတမ်းပါ တဲ့ မျက်နှာသစ် ဆပ်ပြာမျိုး ကို ရွေးချယ်သုံးပေးပါ။

(၄) အိပ်စက်ချိန် နည်းလမ်းမမှန်ခြင်း

တနေ့ ထက်နေ့  နည်းပညာများ တိုးတက်ခေတ်လာတဲ့အလျောက် အင်တာနက်၊ ဂိမ်း စတာတွေဖြင့် အ ချိန်ကုန် လွန်ကာ ည အိပ်ယာဝင်ချိန် နောက်ကျခြင်း(သို့ မဟုတ်) တရေးနိုးတဲ့ အခါ မှာလည်း အင်တာနက် ကြည့်ခြင်း တွေကြောင့် လူငယ်လူရွယ်များ နှင့် သက်လတ်ပိုင်းတွေသာမက တချို့ သက်ကြီးပိုင်းများလည်း အင်တာနက်စွဲ လမ်းမှု ရောဂါကြောင့် အိပ်ရေးပျက်နေကြပါတယ်။ တ ချို့ ကတော့ စားဝတ်နေရေးအတွက် ညဆိုင်းအလုပ်ဆင်း ရတာကြောင့် နေ့ ဖက်မှ အိပ်စက်ြ ကရပါတယ်။ ကျန်းမာကြံ့ ခိုင်စေမည့် လူတစ်ယောက်ဖြစ်နိုင်ဖို့ အတွက် စောစော အိပ် စောစော ထရမှာဖြစ်ပြီး၊ အရွယ်ရောက်ပြီးသူတိုင်းဟာ တနေ့ ကို ၇ နာရီမှ ၈ နာရီ ခန့် အထိ အိပ်စက်အနား ယူပေးရမှာဖြစ်ပါတယ်။ အထူးသဖြင့် ညဖက်နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေချိန်မှာ ခန္ဓာကိုယ် ထဲမှ TLC ဟိုမုန်းတွေဟာ အလိုအလျောက် ထွက်ရှိလာပြီး၊ ၄င်းဟိုမုန်ုးတွေကို အရေပြားက စုပ်ယူ သုံးစွဲချက်လုပ်ကာ ကျန်းမာသန့် စင်တဲ့ အရေပြားဆဲလ်တွေကို ပြန်လည်ထုတ်လုပ်လေ့ ရှိ ပါတယ်။ ဒါကြောင့် အသားအရေ ကြည်လင် သန့် စင်ခြင်းဟာ အိပ်ယာဝင်ချိန် ပုံမှန်ဖြစ်ခြင်းနှင့် အိပ်ရေး၀၀အိပ်စက်ခြင်းတို့ ဖြင့် တိုက်ရိုက်ဆက်နွယ် နေပါတယ်။

(၅) စားသောက်ပုံ နည်းလမ်းမမှန်ခြင်း

ခေါင်းအစ ခြေအဆုံး၊ ခန္ဓာကိုယ်တွင်း ကလီစာများ နှင့် အရိုး စသဖြင့် ဘက်စုံကျန်းမာစေဖို့ အ တွက် ဆိုရင် မတူညီသော ဗီတာ မင် နှင့် သတ္တုဓာတ်တွေ လိုအပ်နေပါတယ်။ ဒါကြောင့် အစာ လည်းဆေး ဆေးလည်း အစာဆိုသလို ဂျီး(ချေး)မများဘဲ အစားအစုံ စားပေးသင့်သလို၊ ကြိုက် တိုင်း လည်း တစ်မျိုးတည်းကိုသာ နေ့ စဉ်ရက်ဆက်မစားသင့်ပါဘူး။ နေ့ စဉ်စားသောက်နေတဲ့ မီနူး (အစားအစာ စာရင်း)ထဲမှာ အသား၊ ငါး၊ ဟင်းရွက် စုံတို့ မျှတစွာပါနေရပါမယ်။ တိုက်ရိုက်(သို့  မဟုတ်)သွယ်ဝိုက်သောနည်းဖြင့် အသားအရေကို ပျက်စီးစေမယ့် အစားအစာများဖြစ်ကြသော (က) လွယ်ကူမြန်ဆန် ရယ်ဒီမိတ်အစားအစာ(အခြောက်)များ (ခ) ရယ်ဒီမိတ် အသားဗူး၊ ငါးဗူး၊ သစ်သီးခြောက်များ (ဂ) တာရှည်ခံအောင် ပြောင်းလဲပြုပြင်ကြိတ်ချေထားတဲ့ ကြက်-၀က် အူေ ချာင်း၊ ထုံချိုင်း အသားလုံးအမျိုးမျိုး (ဃ) ဆီဖြင့် ထပ်ခါထပ်ခါ ပြန်ကြော်ထားတဲ့ အကြော်စုံများ၊ ဒိုးနတ် မုန့် များ (င) အဆီအနှစ်များ သော အစားအစာများ နှင့် အလွန်စပ်သော အစာများ (စ) အငံ (ဆား)ဓာတ်လွန်ကဲသော အစားအစာအမျိုးမျိုး (ဆ) သကြား (အချို)ဓာတ်များသော အစား အစာများ (ဇ) ပြုပြင်ပြောင်းလဲထားတဲ့ အားဖြည့် အချိုရည်အမျိုးမျိုး ….စသည်တို့ ကို လွန်ကဲစွာ မစားသောက်သင့်ပါဘူး။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...