အင်္ဂလန်မှာ လက်ချင်း ချိတ်လျက်ရှိနေတဲ့ ရှေးဟောင်း အရိုးစုတွေ ရှာဖွေတွေ့ရှိ
University of Leicester ရှေးဟောင်း သုတေသီ တွေက လက်ချင်း ချိတ်ဆက်လျက် ရှိနေတဲ့ အရိုးစု အကြွင်းအကျန်တွေကို ဖော်ထုတ် ခဲ့ကြပြီး ဒီလို အနေ အထားအတိုင်း ရှိနေခဲ့တာ အနည်းဆုံး နှစ် (၇၀၀) ရှိနေခဲ့မယ်လို့ ယုံကြည် ထားပါတယ်။
အင်္ဂလန်နိုင်ငံ Leicestershire ရှိ Hallaton ကျေးရွာ လေးကို အပေါ်စီးကနေ တွေ့မြင်ရတဲ့ ဖျက်ဆီးသွားပြီး St. Morell ဘုရားဝတ်ပြု ကျောင်းအောက်ခြေမှာ University of Leicester Archaeological Services က ခုချိန်ထိ ရေဒီယိုကာဗွန်သတ္တု တိုင်းတာမှုအရ ၁၄ ရာစု ရက်စွဲတပ်ထားတဲ့ အရိုးစု ၁၁ ခု တူးဖော် ရရှိခဲ့ပါတယ်။
ရှေးဟောင်း သုတေသန ပညာရှင်တွေကတော့ အဲဒီနေရာမှာ နောက်ထပ်အရိုးစုတွေ ရှိနေနိုင်ကြောင်းပြောဆိုခဲ့ပြီး ဘာကြောင့် ရပ်ရွာထဲက အဓိကဘုရားရှိခိုးကျောင်းမှာ လူတွေကို မြုပ်နှံခဲ့ကြသလဲ ဆိုတာကိုတော့ သေသေချာချာ မသိခဲ့ကြပါဘူး။ ဒီနေရာဟာ ဘုရားဖူးတွေ မြုပ်နှံရတဲ့ အထူးနေရာဒေသတစ်ခု ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ကြ ပါတယ်။
တခြားသော အရိုးစုတွေထဲမှာတော့ အရိုးတံနဲ့ပုဆိန် စတဲ့ ချွန်ထက်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ဦးခေါင်းမှ ထိုးသတ်ခံရတဲ့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အမျိုးသားတစ်ဦး ပါဝင်ခဲ့တယ်လို့ University of Leicester Archaeological Services ရဲ့ ပရောဂျက်မန်နေဂျာ Vicki Score ကဆိုထားပါတယ်။ အမျိုးသားလူငယ်တစ် ယောက် ကိုတော့ ရင်ဘတ်ပေါ်ခြေထောက် ထောင်လျက်သား တွင်းတစ်ခုမှာ မြုပ်နှံခံခဲ့တဲ့ အချက်အပေါ် ရှေးဟောင်း သုတေသန ပညာရှင်တွေက ရောဂါတစ်ခုခုရဲ့ အကျိုးဆက်ကြောင့် ဖြစ်နိုင်တယ်လို့ ပြောဆိုသုံးသပ် ကြပါတယ်။
Source: ABC

Trend Myanmar
- (အရှေ့သို့) ၅၀ ရာခိုင်နှုန်းသော အမျိုးသမီးတို့မှာ နောက်ရည်းစား ရယ်ဒီရှိပြီးသား Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) ဆံပင်ကျွတ်တဲ့ အမျိုးသားတွေအတွက် မျှော်လင့်ချက်အသစ် iGrow Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...