နေလောင်ဒဏ်ကို သဘာဝနည်းဖြင့် ကုသနည်းများ

နေရောင်ခြည် အောက်မှာ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်းဖြင့် ညိုမဲ လာသော အသားအရေကို မှဲ့ကင်ဆာနှင့် အရေပြား ကင်ဆာကဲ့သို့ သောရောဂါများ မဖြစ်ရလေအောင် အောက်ဖော်ပြပါ သဘာဝ နည်းလမ်း များဖြင့် အလွယ်တကူ ပျောက်ကင်းစေပြီး အသားအရေကို ပိုမိုဝင်းပ လာစေနိုင် ပါတယ်။

၁။ ကြက်ဥအကာနှင့် ပျားရည်

ကြက်ဥအကာနှင့် ပျားရည်ကိုခေါက်ပြီးမျက်နှာဖုံး (mask)ပြုလုပ်ပေးပါ။
၁၅ မိနစ်ခန့်ကြာအောင်ထားပြီး ပြန်ခွါလိုက်ပါ။ ၁ ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးပါ။

၂။ နွားနို့နှင့် ပျားရည်

နွားနို့စစ်စစ် မတ်ခွက်တစ်ဝက်ခန့်ကို ပျားရည် တစ်ဇွန်းထည့်ပြီး မွှေပါ။ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်၊ ရေချိုးလိုက်ပါ။ မျက်နှာကို ပိုမို တောင်ပလာစေပါတယ်။

၃။ ပျားရည်နှင့် ထောပတ်သီး

မွှေထားတဲ့ ထောပတ်သီးထဲကို ပျားရည် တစ်ဇွန်းခန့်ထည့်ပြီး ရောမွှေလိုက်ပါ။ လက်များကို သေချာသန့်စင်ပါစေ။ ထောပတ်သီးကိုလည်း သန့်နေပါစေ။ ပြီးရင် မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်မတိုင်ခင် ပြန်ခွါနိုင်ပါ တယ်။ မျက်နှာအရေပျားများကို ချောမွတ်စေပါတယ်။

၎။ သရက်သီးနှင့် နွားနို့


မွှေထားတဲ့ သရက်သီးထဲကို နွားနို့ လက်ဖက်ရည်တစ်ဇွန်းခန့်ထည့်ရောပါ။ ယင်ကောင်များမနားအောင် သတိ ထားပါ။ ပြီးရင် မျက်နှာပေါ်သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ထားပြီး မျက်နှာသစ်လိုက်ပါ။ သရက်သီးမှာပါတဲ့ ဓါတ်တစ်ခုကြောင့် အရေပြားကိုချောမွတ်လာစေပြီး အရေပြားကင်ဆာမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၅။ မုန်လာဥနီဖျော်ရည်


မုန်လာဥနီဖျော်ရည်ကို မကြာမကြာ သောက်သုံးပေးပါ။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A နဲ့တို့၊ Antioxidants တို့နှင့် အခြား ဓာတ်သတ္ထုတွေပါဝင်မှုကြောင့် မျက်နှာကို ပိုမိုဝင်းပလာစေရန်မက ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Beauty and Healthy

ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...