ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ပြေစေမယ့် အစားအစာ (၂၅) မျိုး

ဆာလောင်မှုကို ပြေပျောက်စေဖို့ ၊ အူမတောင့်စေဖို့ ၊ ကျမ္မာ သက်ရှည်စွာ နေထိုင်ဖို့ စသဖြင့် သက်ရှိလူသား အားလုံးက မိမိရဲ့  သမုဒ္ဒရာ ၀မ်းတစ်ထွာကို သောက်ရေ အပါအ၀င် (ရေပူ/ရေအေး) အရည်အမျိုးမျိုး၊ သစ်သီးဝလံ ဟင်းသီး ဟင်းရွက်များ၊ သားငါးမျိုး စုံ၊ မုန့်  ပဲ သွားရေစာတွေနဲ့ ဖြည့်တင်း ပေးနေကြရပါတယ်။ အစာစားပြီးချိန်မှ အညစ်အကြေးစွန့် ချိန်အထိ Transit Time သည် လူတစ်ဦးနှင့်တစ်ဦး မတူညီကြ ပါဘူး။ Transit Time ပိုကြာပါက စွန့့်ထုတ်ရန်လိုအပ်တဲ့ အဆိပ် အတောက်တွေဟာ အူထဲမှာ ပိုမို ကြာမြင့်စွာ ရှိနေပြီး၊ ထိုအဆိပ်အတောက်များကို ခန္ဓာကိုယ်ရဲ့  အူသိမ် အူမတွေက ထပ်ခါထပ်ခါ စုပ်ယူမိပြန် တာ ကြောင့် ခေါင်း ကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ နေထိုင် မကောင်းဖြစ်ခြင်း၊ ခံတွင်း နံ့ မကောင်းခြင်း၊ အသား အရေ ညစ်ြ ခင်း၊ ကိုယ်ခံစွမ်းအား ကျ ဆင်းခြင်း တို့ ဖြစ်လာပါတယ်။ ဒါ့ပြင် ၀မ်းချုပ်ခြင်းဝေဒနာကိုလည်း ပြင်းပြင်း ထန်ထန် ခံစားရနိုင်ပြီး၊ အဆိုးရွားဆုံးအနေဖြင့် လိပ်ခေါင်း၊ အူအတက်၊ အူမကြီးကင်ဆာ ထို့ အထိ ဖြစ်လာနိုင်ပါ တယ်။

အအိပ်အနေမမှန်ခြင်း၊ ဥတုအာဟာရ မျှတမှုမရှိခြင်း၊ စားသောက်မှု ပုံစံမမှန်ကန်ခြင်း၊ ဓာတ်ကြီးလေးပါး မညီ မျှခြင်းကြောင့် အဲဒီ နေ့ တဓူဝ စားသောက်ခဲ့တဲ့ အစားအစာတွေကဘဲ ခန္ဓာကိုယ်ထဲမှာ ဓာတ်ဖောက်ပြန်ကာ အဆိပ်အတောက် ဖြစ်စေပြန်ပါတယ်။ သို့ ပါ၍ အောက်ပါ အစားအစာတွေက ခန္ဓာကိုယ်တွင်း အဆိပ်အတောက် များ ပြေပျောက်စေတဲ့အပြင် ကိုယ်အလေးချိန် ကျစေရန် နှင့် ကျမ္မာနုပျိုလာစေရန် တစ်ဖက်တစ်လမ်း မှ ကောင်း ကျိုးပြုပေးတာမို့ စားသောက်ပေးကြပါရန် အကြံပြုနှိုးဆော်လိုက် ရပါတယ်။

(၁) မိမိစားသောက်ခဲ့တဲ့ အစားအစာထဲမှာ ပါလာတဲ့ ပိုလျှံသော အဆီဓာတ်တွေကို သည်းချေရည်က ချေဖျက် ပေးလေ့ရှိပြီး အဆိပ် အတောက်တွေကို ဖြေ(ဖြည်)ပေးပါတယ်။ မုန်လာထုပ်ထဲရှိ caffeoylquinic အက်ဆစ်လို့ ခေါ်တဲ့ ဘဘာဝဓာတ်တိုး ဆန့် ကျင် ပစ္စည်းက အသည်းပျက်စီးခြင်း နဲ့ အသည်းရောဂါအမျိုးမျိုးတို့ ကို ကာကွယ် ပေးကာ သည်းခြေရည် စီးဆင်းမှုကိုပါ ကောင်းစွာ လှုံ့ ဆော်ပေးနိုင် တာကြောင့် မုန်လာထုပ် ဟင်းချိုကို ရက်သတ္တ ၁-ပတ်လျှင် အနဲဆုံး ၄-ကြိမ်လောက် စားပေးပါ။

(၂) ထောပတ်သီးထဲမှာ ပါရှိတဲ့ ပြည့်ဝဖက်တီး အက်ဆစ်တွေနဲ့  glutathione ဓာတ်ပေါင်းစုများဟာ အူသိမ်အူမ တွေက အဆီ ဓာတ်တွေ မစုပ်ယူဖြစ်အောင် တားဆီးပေးတာမို့  အူလမ်းကြောင်းမှာ အဆိပ်အတောက် ပြေစေ ပါတယ်။ ထောပတ်သီးက နှလုံးကို ကျန်းမာစေတဲ့အပြင်၊ အသည်းကိုပါ သန့် စင်ပေးနိုင်တာကြောင့် ထောပတ်သီး ကို သွားရည်စာ သီးနှံအဖြစ် မကြာခဏစားပေးပါ။

(၃) သကြားမုန်လာ (ခေါ်) မုန်လာဥနီ အလုံး(ခေါ်)Beets ထဲမှာ betalains လို့ အမည် ရတဲ့ သဘာဝ သွေးနီရောင် ဆိုးဆေးတွေ ပါရှိ နေပါတယ်။ အဲဒီဆိုးဆေးက ရောင်ရမ်းနာများနဲ့ မှိုပိုးတွေကို အစွမ်းကုန် တိုက်ထုတ်ပေးနိုင်တဲ့အပြင်၊ အထူးသဖြင့် အသည်းထဲက ဆဲလ်တွေကို ကောင်းစွာ တည်ဆောက်ပေးတာကြောင့် အဆိပ် အတောက်ပြေစေပါတယ်။

(၄) ဘရိုကိုလီ(ခေါ်) ပန်းဂေါ်ဖီစိမ်းထဲမှာ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါရှိနေပါ တယ်။ Johns Hopkins University ရဲ့ သုတေသနပြုချက် များအရ ဘရိုကိုလီဟာ ကင်ဆာအကြိတ် အဖုတွေ ကြီးထွားလာမှုကို ၇၅% လောက် ကာကွယ် တားဆီးပေးနိုင်တာကြောင့်၊ အထူးသဖြင့် အူမကြီးကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ နှင့် အမျိုးသားများ ဆီးကျိတ်ကင်ဆာတို့ ကို ထိထိရောက် ရောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ *(ထို့ နည်းတူစွာဘဲ ပန်းဂေါ်ဖီ* *မျိုးနွယ်ဝင်များဖြစ်ကြတဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ**(အဖြူ)၊ ကိုက်လံ တို့ ကိုပါ စားပေး သင့်ပါတယ်)*

(၅) ရွက်စား မုန်လာရွက်များက သည်းခြေရည် (အက်ဆစ်)ကို တိုးပွားစေကာ ခန္ဓာကိုယ်ထဲရှိ အဆီမော်လီကျူး များကို စုပ်ယူ၍ မကောင်းတဲ့ အဆိပ်အတောက်တွေကို ကျင်ကြီး/ ကျင်ငယ်အဖြစ် စွန့်ထုတ်ပေးပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ LDL ကိုလက်စထရောတွေကိုပါ ကျဆင်း သွားစေပါတယ်။

(၆) Dandelion(ခေါ်) ခွေးသွားစိတ် အနားတန်းအရွက်များဖြင့် အ၀ါရောင်ပန်းပွင့်တဲ့ အလေ့ကျ ပေါက်ပင်လေး တွေက လွန်စွာ ဆေးဖက်ဝင်လှပါတယ်။ ထို အပင်ရဲ့ အမြစ်ကို ရေနွေး ၃-ခွက် ၁-ခွက်တင်ပြုတ် သောက်ပေး ခြင်းဖြင့် ဆီးရောဂါ အမျိုးမျိုးကို ပျောက်ကင်းစေကာ၊ ဆီးရွှင်စေလို့  အဆိပ်အေတာက်များ ပြေပျောက်သွားစေ ပါတယ်။

(၇) စမုန်စပါးထဲမှာ ဗီတာမင်တွေနဲ့  ရောင်ရမ်းမှုကို ပြေလျော့စေတဲ့ သဘာဝဓာတု ပစ္စည်းတွေ ပါရှိကြပါတယ်။ ထိုဓာတုပစ္စည်း တွေက အသည်းအတွက် ကောင်းမွန်တဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်း အဖြစ်အထောက်အပံ့ပေးကာ ခန္ဓာကိုယ်ကိုအဆိပ် အတောက် ဖြစ်စေတဲ့ free radical တွေကို နှင်ထုတ်ပေးပါတယ်။ ဒါ့ပြင် ကယ်လိုရီနဲပြီး
အမျှင်ဓာတ် ပါဝင်မှု များတာကြောင့် အစာအိမ်နဲ့  အူလမ်းကြောင်းတွေကို သန့် စင်စေပါတယ်။

(၈) လ္ဘက်ရွက်အခြောက်ထက် လ္ဘက်ရွက်အစိုတွေမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်း ပါဝင်မှု ပိုများပါတယ်။ ဆီးရွှင်စေ တဲ့အပြင်၊ ရင်ပြည့်ရင်ကယ်ဗိုက်ပွခြင်း ဝေဒနာတွေကိုပါ သက်သာလျော့ပါးစေလို့  အဆိပ်အတောက်ပြေစေတဲ့ လ္ဘက်စိမ်းရေနွေးကြမ်းကို နေ့ စဉ်သောက်သုံးပါ။

(၉) ဆစ်ထရစ် အက်ဆစ်ကြွယ်ဝတဲ့ သံပုရာသီးက အဆိပ်အတောက်တွေ ပြေပျောက်စေတာမို့  နေ့ စဉ် သံပုရာရည်ကို သကြား နဲ့ ဖျော်သောက်ပေးပါ (ဂရိတ်ဖရုသီး စားပါ)

(၁၀) Milk thistle(ခေါ်) အဆူးလေးတွေပါတဲ့ ခရမ်းရောင် ပန်းပင်လေးတွေထဲမှာ သဘာဝ polyphenolic ဓာတ်ပေါင်းစုတွေ ပါရှိ နေပါတယ်။ ၄င်းတို့ က အသည်းရဲ့ ဆဲလ်တွေကို ကောင်းစွာ တည်ဆောက်စေကာ၊ အသည်း အားကောင်းစေ တာကြောင့် အသည်းနဲ့ သွေးတွေကို အဆိပ်အတောက်ပြေစေပါတယ်။

(၁၁) ကြက်သွန်(အဖြူ)၊ ကြက်သွန်(အနီ)၊ မိဿလင် တွေကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးဝင်ရုံသာမက၊ ၄င်းတို့ ထဲမှာ ပါရှိတဲ့ Flavonoids ဓာတ်ပေါင်းစုတွေက အသည်းအားကောင်းစေပါတယ်။ ဒါ့ပြင် အစွမ်းထက် ပိုးသတ်ဆေး အာနိသင်ရှိတာမို့ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေ ပါတယ်။

(၁၂) Wheat grass(ခေါ်) ဂျုံမြက် ထဲမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်တွင်း ကလီစာတွေကို သန့်  စင်စေကာ၊ အဆိပ်အတောက် ပြေစေပါတယ်။ ဒါ့ပြင် ကယ်လိုရီနဲပါးတာကြောင့် သဘာဝဖျော်ရည် အားတိုးဆေး အဖြစ် မှီဝဲသောက်သုံးနိုင်ပါတယ်။ *(City Mart **ဆိုင်တွေမှာ ဂျုံမြက် ဖျော်ရည်ဗူေးတွကို ၀ယ်ယူရရှိုင် ပါ တယ်**)*

(၁၃) ဒိန်ချဉ်ထဲမှာပါတဲ့ probiotics အစွမ်းက အစာအိမ်၊ အူမကြီး စတဲ့ အစာချေလမ်းကြောင်းပေါ်ရှိ ကောင်းကျိုးပြု ဗက်တီးရီးယားပိုးတွေကို ပွားများစေကာ၊ အစာကျေခြင်း/အစာချေလမ်းကြောင်းသန့်စင်ခြင်း/၀မ်းနူးစေခြင်း/ကိုယ်ခံစွမ်းအား ကောင်းစေခြင်း စသည်ဖြင့် ဘက်စုံကောင်းကျိုးပြုတာမို့  ဒိန်ချဉ်ကို ဖြည့်စွက်စာအဖြစ် စားပေး သင့်ပါတယ်။

(၁၄) ကနဖေါ့ရွက်တွေက ဖေါရောင်ခြင်းကို သက်သာစေလို့  ကနဖေါ့ရွက်ကို ပြုတ်စားပါ။ အသည်းအားကောင်း စေရန် အတွက် ဆန်ပြုတ်ထဲမှာ ကနဖေါ့ရွက်ထဲ့ပြုတ်၍ မုန်ညင်းဆီ အနဲငယ်ထဲ့သောက်ပါ။

(၁၅) ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ပြေစေရန်အတွက် ကညွတ်ဥ (ကညွတ်ပင် ရဲ့ အမြစ်)ကို နွားနို့ နဲ့ ကြို သောက်ပါ။

(၁၆) အင်ကြင်းပန်း (၉)ပွင့်၊ ထန်းလျက် (၆)ခဲ၊ ရေ (၅၀)ကျပ်သားတို့ ကို ၃-ခွက် ၁-ခွက် တင်ကျို၍ အအေးခံပြီး၊ ထမင်းစားဇွန်း ၃-ဇွန်း နဲ့  တနေ့  ၂-ကြိမ် သောက်ပေးခြင်းဖြင့် ဆီးဆိပ်တက်၍ ဖောရောင်ခြင်းကို သက်သာ လာစေပါတယ်။

(၁၇) ထန်းလျက်ဖြင့် ယိုထိုးထားတဲ့ ရှောက်ယိုကို စမုံစပါးရော၍ မကြာမကြာ စားပေးပါ။ ဆီးဆိပ်တက်ခြင်းနဲ့ သွေးမသန့် ၍ အဖုအပိမ့်ထွက် သွေးဆိပ်တက်ခြင်း ရောဂါတွေကို သက်သာစေပါတယ်။

(၁၈) ထန်းရည်(အခါး) နဲ့ အရက်သေစာ ကြာရှည်စွာ သောက်သုံးသူများအဖို့ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက် များ ပြေပျောက်စေရန်အတွက် အနည်းဆုံး ၁-လကို ၁-ကြိမ်လောက် ခွေးတောက်ရွက်ကို ကြက်သားနဲ့ ချက်စား ပေးပါ။

(၁၉) မန်ကျည်းရွက်က ဓာတ်(၄)ပါးကို ကောင်းကျိုးပြူ၍ သည်းခြေကိုအားပေး တာကြောင့် ကိုယ်တွင်း အဆိပ် အတောက် တွေ ပြေပျောက်စေပါတယ်။

(၂၀) အညိုရောင်ကြံ (အရောင့်ရင့်ရင့်ကြံ)ရည်ကို သောက်သုံးခြင်းဖြင့် သည်းခြေကို အားကောင်းလာစေပြီး ဆီးရွှင်၍ အဆိပ်အတောက်ပြေစေပါတယ်။

(၂၁) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ သကြား(သို့ )ပျားရည်ဖြင့်စားပါ

(၂၂) ထန်းရည် (အချို) သောက်ခြင်းက ဆီးရွှင်ချွေးပုပ်ထွက်ပြီး ခန္ဓာကိုယ်ကို အဆိပ်အတောက်ပြေစေပါတယ်။

(၂၃) အတန်ငယ်ချို၍ ငါးသက်သက် အရသာရှိတဲ့ မရိုးပွင့်ကို သုပ်စားပေးခြင်းဖြင့် အဆိပ်အတောက်တွေ ပြေစေပါတယ်။

(၂၄) ဖလံတောင်ဝှေးကို ငသိုင်းနဲ့ ချက်စားပါ.

(၂၅) ဟင်းနုနယ် အရွက်နဲ့ အရိုးတွေကို ငကျည်းခြောက်နဲ့ ကြော်ချက် ချက်စားပေးပါ။


(ဆောင်းပါးရှင်… ပေါက်ပေါက်..မျှဝေသည်)
--
*promise.pauk*
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...