ကိုယ်ဝန်ဆောင်စဉ် သံဓာတ် ချို့တဲ့မှုကြောင့် ကလေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနိုင်
![]() |
bodysensestudio.co.nz |
ယင်းလေ့လာမှုအရ မိခင်၏ သံဓာတ် စားသုံးမှုနှင့် ကလေးငယ်၏ ဖွံ့ဖြိုးမှု နောက်ကျခြင်းကြား အခိုင်အမာ ဆက်စပ်မှုရှိကြောင်း သိရပြီး အသက် (၃၅)နှစ်နှင့်အထက် အမျိုးသမီးကိုယ်ဝန်ဆောင်စဉ် အ၀လွန်နေခြင်း (သို့မဟုတ်) ဆီးချိုရောဂါရှိပါက ကလေးငယ် ဖွံ့ဖြိုးမှု နောက်ကျခြင်း အန္တရာယ် ငါးဆပိုများကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်စဉ် သံဓာတ်စားသုံးမှု နည်းပါးခြင်းနှင့် ကလေးငယ် ဖွံ့ဖြိုးမှုနောက်ကျခြင်းကြား ဆက်နွှယ်မှုမှာ ဖောလစ်အက်စစ် စားသုံးမှုအတွက် ထိန်းညှိလိုက်ပြီးနောက် နို့ချိုတိုက်ကျွေးစဉ်အတွင်း အခိုင်မာဆုံး ဆက်စပ် သည်ဟု လေ့လာမှုတွင် ပါဝင်သည့် လက်ထောက် ပါမောက္ခဒေါက်တာ ရေဗက္ကာဂျေရှမစ်က ပြောသည်။
သံဓာတ်ချို့တဲ့ခြင်းကို ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် များစွာ မြင်တွေ့နေကျဖြစ်၍ ကိုယ်ဝန်ဆောင်မည့် မိခင်လောင်းများအတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်သစ်တစ်ခုပေးရန် ယခုလေ့လာမှုကို အသုံးပြုရန် ဆန္ဒမရှိကြောင်း မစ္စစ်ရှမစ်နှင့် လုပ်ဖော်ကိုင်ဖက်များက ပြောသည်။
ကိုယ်ဝန်ဆောင်မည့် အမျိုးသမီးများမှာဆရာဝန်လမ်းညွှန်ချက်အတိုင်း ကိုယ်ဝန်ဆောင်စဉ်အတွင်း ဗီတာမင်များ စားသုံးပေးရမည်ဖြစ်ကာ ညွှန်ကြားသောဆေးများကို နေ့စဉ်သောက်ရန် လိုအပ်သည်။ အကယ်၍ ဘေးထွက် ဆိုးကျိုးများ ကြုံတွေ့ရပါက ယင်းပြသနာကိုဖြေရှင်းရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
သို့သော် ကလေးငယ်များ ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့်ပတ်သက်၍ ဆန်းကြယ်သောအကြောင်းရင်းများ ရှိနေဆဲဖြစ် သောကြောင့် နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်သေးကြောင်း သုတေသီများက ပြောကြားသည်။ ယခုလေ့လာမှုမှာ ယင်းကဲ့သို့ ဆန်းကြယ်သော အကြောင်းရင်းများအတွက် သဲလွန်စတစ်ခု ဖြစ်သည်ဟုလည်း သုတေသီများက ပြောသည်။
-UPI
7Day Daily
- (အရှေ့သို့) ဆံပင္ကြ်တ္တဲ့ အမျိုးသားတွေအတွက် မျှော်လင့်ချက်အသစ် iGrow Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အရိုးအဆစ်ထိ လိုက်နာကျင်ပါက မလှုပ်ရှားသင့် ဟူသည့် အယူအဆ လွဲမှားနေ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'