အောက်တိုဘာ လလယ်ပိုင်းလောက်မှာ အာဘွားဗီစီဒီ ထွက်မယ်လို့ဆိုတဲ့ ၀ိုင်းစုခိုင်သိန်း
အိမ်ထောင် ကျသွားပေမဲ့လဲ ပရိသတ်အတွက် ပေးဆပ်မှု မလျော့တဲ့ ၀ိုင်းစုခိုင်သိန်းဟာ အနုပညာ အလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားဖန်တီးနေဆဲပါ။ ခုလတ်တလော မှာလည်း ဗီဒီစီရိုက်တာနဲ့ အတွဲခွေ အတွက် ဆက်တိုက် ရိုက်ကူးဖြစ်နေတယ်လို့ ဆိုတာ ကြောင့် သူမရဲ့ အာဘွားဗီစီဒီနဲ့ ပတ်သက်ပြီး မေးကြည့် လိုက်တဲ့အခါ “ ဗီစီဒီက ရိုက်ထားတာ ၄ပုဒ်ပဲရှိသေး တယ်။ ၁၀လပိုင်းမှာ အမီထွက်ဖို့အတွက် ဒီတစ်လလုံး ကို ဗီစီဒီရိုက်တွေကြီးပဲ စီစဉ်ထားပါတယ်။ ၁၀ လပိုင်းလလယ်လောက် အာဘွား ဗီစီဒီထွက်မယ်။ ၁၁ လကုန်မှာ အတွဲခွေထွက်ဖို့စီစဉ်ထားပါတယ်။”လို့ သူမက ပြောပါတယ်။
အခွေထဲမှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေကိုလည်း သူမက “သရုပ်ဆောင်တွေအနေနဲ့က ဒါကအလင်းရောင် ပေါ့။ မြင့်မြတ်ပါမယ်။ ကိုဇေယျ၊ ဦးရန်လေး၊ အန်တီမို့၊ ဘေဘီမောင်၊ ဆန်းတိုးနိုင်ပါတယ်။ ဇေရဲထက်ပါမယ်။ ယွန်းဝတီလွင်မိုးနဲ့ရဲရင့်အောင်၊ လွှမ်းပိုင်နဲ့ ထက်ထက်လဲ ပါမယ်။ အဆိုတော်တွေလဲ ပါမယ်ပေါ့နော်။ ကျန်တာ တွေကတော့ ပြောထားတာတွေရှိပါသေးတယ်။ ဒါရိုက်တာကအောင်မြတ်၊ ကိုဝင်းလွင်ထက်၊ ကိုသားသားကြီး၊ မေဘရဏီ အသစ် ကောင်မလေးပါတယ်။ ကိုသုံးပေါင်ပါတယ်။ ရိုက်ပြီးသား ၄ပုဒ်က အာဘွားရယ်၊ နောက်ဆုံး အချစ်ရယ်၊ ဟိုတုန်းကအိမ်ရယ်၊ မင်းရဲ့ရွေးချယ်မှုရယ် ပေါ့”တဲ့။
ဝိုင်းစုဟာ ဒါရိုက်တာ ဦးမျိုးထူးရိုက်ကူးတဲ့ ဇာတ်ကားထဲမှာ နေမင်းနဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပြီး နောက်ထပ်ဇာတ်ကား နှစ်ကားထပ်ရိုက်ဖို့ ပြောထားတာရှိတယ်လို့လည်း ဆိုပါတယ်။

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook