၇၂ နှစ်ကြာအတူ လက်တွဲနေထိုင် ခဲ့ကြပြီးမှ မင်္ဂလာဆောင်ခဲ့ကြတဲ့ အဘွားအိုနှစ်ဦး
Vivian Boyack နဲ့ Alice Nonie Dubes တို့နှစ်ဦးဟာ ၇၂ နှစ်ကြာ အတူလက်တွဲခဲ့ကြပြီး ခု စက်တင်ဘာလ (၆) ရက်နေ့မှာတော့ ဓလေ့ထုံးတမ်း စဉ်လာအရ လက်ထပ် မင်္ဂလာပွဲကျင်းပကာ မင်္ဂလာဆောင်တယ် ဆိုရာမှာ နာက်ကျတယ် ဆိုတာ မရှိကြောင်း သက်သေပြ သွားပါတယ်။
The Quad City Times ရဲ့ သတင်းဖော်ပြထားချက် အရ ၎င်းစုံတွဲတို့နှစ်ဦးဟာ Davenport ရဲ့ First Christian Church ဘုရားကျောင်းကြီးထဲ သူတို့ရဲ့မိသားစုဝင် တချို့နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ ရှေ့မှောက်မှာ အပြန်အလှန် သစ္စာကတိပြုခဲ့ကြပါတယ်။
အခုကျွန်ုပ်တို့ ကျင်းပပြုလုပ်နေတဲ့ အခမ်းအနားဟာ ဟိုး အရင်ကတည်းက ရှိနေခဲ့သင့်တဲ့ အခမ်းအနား တစ်ခုဖြစ်ကြောင်း Rev. Linda Hunsaker က သူတို့စုံတွဲကို ရည်ညွန်း ပြောကြားနေချိန်အတွင်း Boyack ၉၁ နှစ် နဲ့ Dubes (၉၀) နှစ် တို့ဟာ လက်ချင်းချိတ်လျက် ရှိနေခဲ့ကြတယ်လို့ သတင်းဖော်ပြချက်အရ သိရပါတယ်။
Jerry Yeast က ဒီအမျိုးသမီးနှစ်ဦးကို ကျွန်တော်ရဲ့ ဘဝတစ်လျှောက်လုံး သိနေခဲ့သူတွေဖြစ်ပြီး သူတို့ဟာ အများနဲ့မတူ တမူထူးခြားပါတယ်။ ဒီအစီအစဉ်ဟာလည်း ကျွန်ုပ်တို့အားလုံးအတွက် အထူးနေ့သစ်တစ်ရပ်ပဲ ဖြစ်တယ်လို့ ထောက်ခံအားပေးခဲ့ကြောင်း Times မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။
ဒီအမျိုးသမီးနှစ်ဦးဟာ ၁၉၄၇ ခုနှစ်တွင် Davenport သို့ မရွှေ့ပြောင်းခင် သူတို့ရဲ့ မွေးရပ်ဇာတိ Yale မှာ တွေ့ဆုံ ခဲ့ကြတာဖြစ်တယ်။ အဲ့ဒီအချိန်တုန်းက Boyack ဟာ ကျောင်းဆရာမအဖြစ် လုပ်ကိုင်နေခဲ့သူဖြစ်ပြီး Dubes က တော့ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလစာ စာရင်းကိုင်အဖြစ် လုပ်ကိုခဲ့တယ် လို့ Associated Press ရဲ့ သတင်းအရ သိရှိရပါတယ်။
Source: huffingtonpost

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) နှစ်ပေါင်း(၃၀၀၀)မျှ သက်တမ်းရှိသည့် ရှေးဟောင်း ဓားတစ်လက်ကို တရုတ် ကလေးငယ်တစ်ဦး ရှာဖွေတွေ့ရှိ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) ချစ်သူကို ဘယ်လောက် ချစ်တယ်ဆိုတဲ့ အကြောင်း ဖွင့်ဟနိုင်တဲ့ စကားစုစည်းမှု Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...