ဘီယာခွံဘူးနဲ့ အင်တာနာတစ်ခု လုပ်နည်း

ခုခေတ် အင်တာနာတွေ ဈေးကြီးတယ် တချို ကျတော့ လည်း ကောင်းကောင်း မမြင်ရဘူး ..အဲ့တော့ ဘီယာခွံ ဘူးနဲ့ အင်တာနာ တစ်ခု လုပ်ပီးတော့ ချွေတာလိုက် ကြတာပေါ့ … ။ လိုအပ်တဲ့ အရာတွေကတော့...

၁။ဘီယာဘူး အခွံ ၂ ခု (အလူမီနီယံဘူး) များသော အားဖြင့် အလူမီနီပဲ များပါတယ် ပေါ့ပါးအောင့် လုပ်ထား တဲ့ အတွက်ပါ။
၂။တီဗီအင်တာနာ ကြိုး (ဘာလို့လဲ ဆိုတော့ signal တွေဟာ ဒီအကြိုးအတိုင်း ၀င်ရောက် လို့ဖြစ်ပါတယ် ..အဲ့ကြိုးမရှိရင် ဘယ် Signal မှ ၀င်ရောက်နိုင်မှာ မဟုတ်ပါ)
၃။သစ်သား
၎။ တိတ် (တိတ် အကြည်ဖြစ်ဖြစ် ဘာလိုဟာဖြစ်ဖြစ်ရပါတယ် ဘီယာဘူးကို သစ်သားမှာ ချည်နောင်ရန်အတွက်)
၅။မူလီ ၂ ချောင်း

ကဲ စပြီးလုပ်ကြရအောင်...

အင်တာနာ ကြိုးမှာ တစ်ဖက်အစွန်က တီဗီမှာထိုးတဲ့ အပိုင်းပါတယ် ။ အဲ့ပိုင်းကို ထားပါ ။ကျန်တဲ့ တစ်ဖက်ကို ၂လက်မ လောက် ဓားနဲ့ ခြစ်လိုက်ပါ ။ကြိုးက ၂ထပ်ပါ ။ကြိုးအတွင်းပိုင်းမှာ ကြေးနန်းကြိုး တစ်ချောင်းနဲ့ အပြင် ဘက် အကာမှာ အလူမီနီကြိုးများ ပါရှိပါတယ် ။အလူမီနီကြိုးကို ၈ စင်တီမီတာလောက် အရှည်မှာ ခြစ်ထုတ်ပါ။ကြေးနန်းကြိုးဟာ + လက္ခဏာကိုဆောင်ပြီးတော့ အလူမီနီကြိုးကတော့ အနုတ်ပါ ။အဲ့ကြိုးနှစ်မျိုးကို ဘီယာဘူး တစ်ဖက်စီ ချိတ်ဆက်ဖို့ လိုပါတယ်။ အဲ့ဒီအတွက် မူလီချောင်းလေး၂ ချောင်းကို အသုံးပြုမှာပါ ။မူလီတစ်ခုမှာ ကြေးနန်းကြိုးကို ပတ်ပီးတော့ ဘီယာဘူးခွံ အ၀ (ထောင်ထားလျင် အပေါ်ပိုင်း) မှာ ရိုက်ပီး ချိတ်ဆက်လိုက်ပါ။ နောက်မူလီတစ်ခုမှာ အလူမီနီကြိုး အဲ့ အထက်ပါအတိုင်းပြုလုပ်ပါ။ပီးလျင် ဘီယာဘူး၂နှစ်ကို မျက်နှာချင်းဆိုင် အဖြစ် သစ်သားမှာ ကပ်ချည်ပါ။ ဘီယာခွံ ၂ခုကြား အကွာ အဝေးက တော့ ၇ စင်တီမီတာလောက် ထားပါ (ဒါက စမ်းသပ်မှုတွေ ပြုလုပ်ထားတဲ့ အကောင်းဆုံးအကွာ အဝေးပါပဲ နီးရင် Signal သက်ရောက်မှု နည်းတယ်။ ၇ ကတော့ အကောင်းဆုံးပါပဲ)။

အင်တာနာမြင့်လေ Signal ပိုဖမ်းနိုင်လေ ဖြစ်ပါတယ် ။အဲ့ဒီ့ကပ်ချည်ထားတဲ့ အင်တာနာကို အပြင်ဘက်ကို ထုတ် ထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ တိုင်နဲ့ကပ်ချည်ပြီး ထောင်ရင်လည်း ရပါတယ်။ သစ်သားအကျီင်္ ချိတ်ကို အသုံးပြု ရင်လည်း ရပါတယ်။ ဘီယာဘူးကို သစ္သားအက်ီၤၤခ်ိတ္မွာ ကပ္ခ်ည္လိုက္ပါ။ ပြီးရင် အင်တာနာကြိုးကို တီဗီမှာ ထိုးလိုက်ပါ ။ ဆဂနယ် ကောင်းကောင်း ဖမ်းယူပေးပါလိမ့်မယ်။ စမ်းသပ်ချင်သူ အားလုံး အဆင် ပြေပါ စေ။။...

စမ်းကြည့်ချင်တဲ့သူတွေစမ်းကြပါ။


ref;Mandalay Open
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...