အိမ်မွေးတိရစ္ဆာန် ချစ်ခြင်း ယဉ်ကျေးမှုနှင့် မြန်မာ့ လူနေမှုဘဝ စတိုင်

တိရစ္ဆာန် သတ္တဝါ ကောင်များကို ချစ်တတ်ကြင်နာ တတ်ကြတာမှာ မြန်မာ လူမျိုးတွေရဲ့ ချစ်ခြင်းမေတ္တာက ပိုအားကြီးမားတယ်လို့ ဆိုရင်ရပါတယ်။ ဗုဒ္ဓ ဘာသာ တရားရဲ့ အဆုံးအမတွေ ထဲမှာကပင် မေတ္တာတရား ခွန်အားကြီးမားစွာ ညွှန်းဆိုပြ ထားတာမို့ မြန်မာလူမျိုး တိုင်းရဲ့ စိတ်နှလုံးသား အသွင်သဏ္ဌာန်ဟာ လူသားနဲ့ သတ္တဝါတိုင်း အပေါ် စာနာသနား ချစ်ခင်ကြင်နာမှုတွေ နက် နက်ရှိုင်းရှိုင်း ထင်ဟပ် ပေါ်လွင်နေတာ အထင် အရှားပဲ ဖြစ်ပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းဟာ တစ်ဝက်ကျော် ကျော်လောက်က တောင်သူလယ်သမား လူ့အဖွဲ့အစည်းဖြစ်နေသလို မိမိနေ့စဉ် စားသုံးနေကျ ဆန်စပါးထွက်ရှိဖို့ အဓိက အားထားရတဲ့ ကျွဲနွားတွေဟာ အသက် သခင်ကျေးဇူးရှင်တွေလို့ မြန်မာလူမျိုး တိုင်းက ရှုမြင်နေကြတာမို့ ပင်ကိုဗီဇမှာ ကိုက တိရစ္ဆာန်သတ္တဝါကောင်တွေ အပေါ် ချစ်ခင်စိတ်ထားမှာ တအားကြီး မားပြီး သား ဖြစ်နေပါတယ်။

ဒီလိုပဲရှေးခေတ်ကတည်းက မြန်မာ့ လူနေမှုဘဝစတိုင်တွေမှာ အိမ်မွေးတိရစ္ဆာန်ချစ်ခြင်းမေတ္တာ ယဉ်ကျေးမှုက လည်း အခြေခိုင်ခံ့ ကျယ်ပြန့်စွာ ထွန်း ကားတည်ရှိခဲ့သလို ဗုဒ္ဓဝင်ဇာတ်တော် မှာကိုက ဘုရားလောင်း နွားလားဥဿဖ ဇာတ်ရှိတာမို့ ယုံကြည်ကိုးကွယ်မှုအယူ အဆထဲက အမေနန်ကရိုင်းမယ်တော် အစွဲပြု လို့ ကျွဲသတ္တဝါ အမှတ် သင်္ကေတ ရှိတာမို့ရယ် မြန်မာလူမျိုးတွေဟာ အခြား သတ္တဝါများထက် ကျွဲနဲ့နွားကို ပိုပြီးချစ် မြတ်နိုးအားထား စိတ်ကြီးမားကြ ပါတယ်။ ဒါ့အပြင် မိရိုးဖလာထုံးတမ်း စဉ်လာ ယဉ်ကျေးမှုအရ ဘာသာရေး ဆိုင်ရာ ပွဲတော်များ၊ အလှူရှင်ပြုနားသ မင်္ဂလာပွဲတော်များမှာ နွားအလှပြလှည်း ယာဉ်တော်များနဲ့ တခမ်းတနား သဘာဝ လူမှုဘဝအလှ တရား သရုပ်သဏ္ဌာန်ကို ဖွင့်ဆိုပြ လေ့ရှိကြပါတယ်။ တချို့နွား လိမ္မာ၊ကျွဲလိမ္မာဆိုရင် မိမိသခင်နဲ့ မြန်မာ့ လူ့အဖွဲ့ အစည်းတို့ရဲ့ ဘာသာဘာဝစကား သံတွေကို ယဉ်ကျေးလိမ္မာစွာ သိမြင် နားလည်ပြီး အဓိပ္ပာယ်ပြန်လည်ဖော် ဆောင်တုံ့ပြန်လုပ်ဆောင်တတ်ကြလေ့ ရှိတာလည်း အံ့ဖွယ်အထူးမြင်တွေ့ကြရ ပါတယ်။ ပါလီမန်၊ ဒီမိုကရေစီ ခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တို့ မှာမြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်အဖြစ် ကျင်းပခဲ့ရာ နွားအလှ ပြိုင်ပွဲများ တခမ်း တနား ထည့်သွင်း ကျင်း ပခဲ့ကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်း သင်ရိုးဖတ်စာ တစ်ခုဖြစ်တဲ့ ကျေးညီ နောင်ဇာတ်ကို အစွဲပြုပြီး မြန်မာ့လူ့ အဖွဲ့အစည်းထဲမှာ စကားပြောနှုတ်စွမ်း ရည်ကောင်း လှတဲ့ ကြက်တူရွေးများကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ရော၊ အိမ် ကင်းစောင့် မိသားစုအဖော်အနေနဲ့ပါ အမြတ်တနိုး မွေးမြူခဲ့ကြပါတယ်။ အကျင့် ဆိုး သူတွေနဲ့ မိတ်ဖက်ပြုပြီး မိသားစု အတွင်းရေးတွေ ဖော်ကောင်လုပ်တဲ့ အကျင့် ဆိုးကြက်တူရွေးတွေရဲ့ လုပ်ရပ်ဆိုး ကြောင့် အတိဒုက္ခရောက်မှုတွေ များ ပြားလာ လို့ မြန်မာ့ လူ့အဖွဲ့အစည်း ထဲမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် ကြက် တူရွေးမွေးမြူခြင်း အလေ့အထများ တိမ် ကောပပျောက် သွားကြပါတယ်။

အဲဒီနောက်မှာတော့ အိန္ဒိယနိုင်ငံ ဘောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတွေ တစ် ခေတ်စားခဲ့ပြီး ဖျော်ဖြေမှုအနုပညာစိတ် ချင်းနီးစပ်ခဲ့တာရယ်၊ ဆပ်ကပ် အနုပညာ ဖျော်ဖြေ မှုတွေနဲ့ စိတ်ယဉ်ကျေးမှု နယ် ပယ်ဖြစ်တည်နေတဲ့ မြန်မာ့ လူ့အဖွဲ့ အစည်းဟာ ဆင်လိမ္မာ၊မျောက်လိမ္မာ၊ခွေး လိမ္မာ၊ြေ>ွမလိမ္မာနဲ့ကြောင် လိမ္မာတွေ အပေါ် ချစ်မေတ္တာပျော် ဝင်မှု နက်ရှိုင်းစွာဖြစ် တည်ရှိလာခဲ့ပါတယ်။အဲဒီနောက်မှာ အိမ် မွေးတိရစ္ဆာန်များထဲက ခွေးသတ္တဝါကောင် တွေကို ပိုမိုချစ်ခင်ကြင် နာပြီးများပြား စွာ မွေးမြူ လာကြ တာတွေ့ရပါတယ်။ ခွေးများဟာ မိမိသခင်အပေါ် သစ္စာရှိ တတ်လွန်းပုံကို သခင့်အစားဒဏ်ဝင်ခံ ပေးတယ်လို့တောင် မြန်မာ့လူ့ အဖွဲ့ အစည်းအတွင်း မှာသက် ဝင် ယုံကြည် မှု အစွဲကြီးမားခဲ့ကြ ပါတယ်။

နောက်ပိုင်းမှာတော့ တပေါင်းလမှာ လက် ပံပွင့်ချိန်၊ခွေးရူးပေါ်ချိန်လို့ဆို စမှတ်ပြု လောက်အောင်ပင် ခွေးလေ ခွေးလွင့်များ ထူပြောလာရာ ခွေးရူးကိုက် သေဆုံးကြ သူ များပြားလာတာကြောင့် မြန်မာ့လူ အဖွဲ့အစည်း အတွင်းမှာ အိမ်မွေးတိရစ္ဆာန် အဖြစ်ရော ချစ်ခင်ကြင်နာမှုပါ ခွေး သတ္တဝါများအပေါ်ထားရှိမှု လျော့နည်း သွားခဲ့ ပါတယ်။ အဲဒီကစလို့ မြန်မာလူ့ အဖွဲ့အစည်းဟာကြောင် တိရစ္ဆာန်ချစ် ခင်မြတ်နိုးမှု ဘက်ပြောင်းကာ အိမ်မွေး တိရစ္ဆာန်အဖြစ် သတ်မှတ်ထားရှိခြင်း များပြားလာခဲ့ပါတယ်။

ဒါပေမဲ့လည်း ကြောင်သတ္တဝါဟာ နေအိမ်မှာ လူမမာ ရှိရင် ထွက်ပြေးတတ်ကြလေ့ရှိတဲ့ အယူ စွဲက မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ထုထည်ကြီးမားစွာရှိခဲ့ပြီးကြောင် သတ္တဝါ အပေါ်ချစ်ခြင်း မေတ္တာအားလျော့ကာ မုန်းတီးစိတ်ဖြစ်ခဲ့ ပေမယ့်လည်း မေတ္တာ စိတ်အားကြီးမားတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေတာမို့ မချစ်သော်လည်းအောင့် ကာနမ်းဆိုတဲ့ စကားစိတ်နှလုံးထုံးမူပြု လို့ ချစ်ခင်မှု မပျက်မေတ္တာကဲပိုကာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့ကြတာ ဒီနေ့အထိ တိုင်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားတာက မြန်မာ့ လူ့အဖွဲ့အစည်းဟာ တိရစ္ဆာန် သတ္တဝါကောင်တွေအပေါ် သံ ယောဇဉ် တွယ်တာပြီး မေတ္တာ သွန်းလောင်း ချစ်ခင်မြတ်နိုးကြ ရာမှာကျန်း မာရေးရှုထောင့် အမြင်အရ တန်ပြန်သက် ရောက် လာမယ့် ဘေးထွက်ဆိုးကျိုးများကို မျက် ကွယ်ပြုထားတတ်ကြတာပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာဖြစ်ပွားလေ့ ရှိတဲ့ လတ် တ လောကမ္ဘာကို ကိုင်လှုပ်နေတဲ့ အီဘိုလာ ရောဂါလိုမျိုးကပ်ရောဂါတိုင်းဟာ တိ ရစ္ဆာန်သတ္တဝါကောင်တွေက တစ်ဆင့်ကူး စက်ပြန့်ပွားလာကြတာများပါတယ်။ မိမိချစ် ခင်မြတ်နိုးကာ အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူထားကြတဲ့ သတ္တဝါကောင် တိရစ္ဆာန်တွေနဲ့ အတူအိပ်၊ အတူနေ၊ အတူစားကာ လူမှုဘဝနေထိုင်မှု စတိုင် ယဉ်ကျေးမှု အသွင် ဆင်ယင်နေကျမြန်မာ့လူ့အဖွဲ့အစည်းဟာ အချိန်မရွေးကူး စက်ရောဂါ ဖြစ်တတ်ပေမယ့်လည်း ကြောက်ရွံစိုး ထိတ်စိတ်ကင်းစွာ ချစ် ခင်မြတ်နိုးမြဲ မေတ္တာထားမှု အားကြီး မား လို့နေဆဲပင်ဖြစ်ပါတယ်။ မိမိရဲ့အိမ်မွေး တိရစ္ဆာန် များကို လူမှုဘဝဆက်ဆံရေး ကဏ္ဍမှာလည်း အထူးတလည်အလေး ထားကာဘယ်လောက် လိမ္မာရေခြားရှိ တာ၊ ဘယ်လောက်လူတွေချစ်ခင်အောင် ပြုမူတတ်တာဆိုပြီး တစ်ဦးနဲ့တစ်ဦး ထုတ်ဖော်ချီးကျူးထောမနာပြုကြတာ လည်း ဒီနေ့ထက်တိုင် တည်ရှိနေဆဲပါ။

ဒီလိုအိမ်မွေးတိရစ္ဆာန်များ အပေါ် ချစ်ခြင်းမေတ္တာထားမှု အားကြီးကြခြင်း ပြယုဂ်က မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မှ လူသားကိုယ်စီရဲ့ မေတ္တာတရားကြီး မားလှတဲ့ စိတ်နှလုံး အလှတရားတွေကို အထင်သားမြင်နိုင်စေပါတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်များအပြင် အခြား တိ ရစ္ဆာန် သတ္တဝါကောင်များအပေါ် ချစ် ခင်မြတ်နိုး တတ်ကြ သလို မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းမှာ တိရစ္ဆာန်များ ကာ ကွယ်စောင့်ရှောက်ရေး အသိစိတ်လည်း ထွန်းကား ကျယ်ပြန့်စွာ တည်ရှိလာဖို့ လိုအပ်ပါတယ်။

ဒီလို မိမိကိုယ်ပိုင် တိ ရစ္ဆာန်ချစ်စိတ် ကာကွယ်လိုစိတ်တို့က နေကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ထဲက တစ်ခု အပါအဝင် တိရစ္ဆာန်များ စိတ်သိမ်းကာ ကွယ်စောင့် ရှောက် လိုစိတ်များ သန္ဓေတည်ရှိလာ ဖြစ်လာသလို လူသား ဆန်တဲ့ လူမှုဘဝ နေထိုင်မှုစတိုင်ယဉ်ကျေးမှုထဲက တိရ စ္ဆာန်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်ဖွယ် ကောင်း ကျိုးပြုမှုများ၊ ဆိုး ကျိုးပြု မှုများ ကွဲပြားစွာ သိရှိနိုင်ခွင့်ရမှာ ဖြစ်သလို သတိ ထားကာ လူသားတံတိုင်း ကာကွယ်စောင့် ရှောက်မှုလည်း ပြုမူနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ မြန် မာ့လူ့ အဖွဲ့အစည်းအတွင်းမှာ အစဉ် အလာ မပျက်တည် ရှိနေတဲ့ လူမှုဘဝ နေထိုင်မှု စတိုင်နဲ့ အိမ်မွေးတိရစ္ဆာန် ချစ်ခြင်းယဉ်ကျေးမှုကို ဆက်လက်ထိန်း သိမ်းပြီး ခေတ်သစ်မြန်မာ့လူ့ဘောင် လောကသစ်ကို တိရစ္ဆာန်ချစ်တတ်စိတ်၊ ကာကွယ် စောင့်ရှောက်လိုစိတ်ကနေ တိရစ္ဆာန်တို့ရဲ့ လူ့လောကအကျိုးပြု အနှစ်သာ ရတန်ဖိုးများ ထုတ်ဖော်ပြသပြီး “လူ့ယဉ်ကျေးတို့ရွာနဲ့ အလိမ္မာ တိရစ္ဆာန်ကမ္ဘာ” အဖြစ် ထုဆစ်ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတော့တယ်။ 


လင်းထိပ်သျှင်
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...