လူသား သန်းသုံးထောင်အတွက် စစ်တမ်းတစ်စောင်
![]() |
စစ်တမ်းအရ ကမ္ဘာတစ်ဝန်း အိမ်ထောင်စုပေါင်း သန်း ၆ဝဝ မှ ၈ဝဝ ထိမှာလည်း အိမ်တွင်း၌ ရှူရှိုက်ရသော မသန့်သည့် လေထုကြောင့် ရင်ကျပ်၊ ပန်းနာ၊ အဆုတ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ခံစားရနိုင်ကြောင်း အသိပေးထားသည်။ ၂ဝ၁ဝ ခုနှစ်တွင် လေထုညစ်ညမ်းမှု နှင့် ဆက်စပ်ရောဂါ များကြောင့် ကမ္ဘာတစ်ဝန်း တွင် လူပေါင်း ၃ ဒသမ ၅ သန်းအထက် သေဆုံးခဲ့ကြောင်း စစ်တမ်း မှာ ဖော်ပြပါရှိသည်။
အာရှအိမ်များအတွင်း ထင်း၊ မီးသွေးများကြောင့် လေထုညစ်ညမ်းနေမှုကို နမူနာတစ်ခုအဖြစ် အိန္ဒိယနေအိမ် တစ်လုံးထဲမှ လေထုညစ်ညမ်းမှုသည် လန်ဒန်မြို့ လမ်းမပေါ်မှာထက် သုံးဆပိုများကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက သတ်မှတ်ထားသော နေအိမ်အတွင်းရှိသင့်သည့် အမြင့်ဆုံးလေထု ညစ်ညမ်းမှုနှုန်းထက်လည်း အဆပေါင်း များစွာ ပိုနေသည်ဟု ဆိုထားသည်။
တရုတ်နိုင်ငံမြောက်ပိုင်းဒေသတွင် နေအိမ်အတွင်း အနွေးဓာတ်ရရှိဖို့ ကျောက်မီးသွေးကို အခမဲ့ဖြန့်ဝေမှုရှိခဲ့ဖူး သည်။ အကျိုးဆက်မှာ တစ်ဖက်တွင် ဆောင်းရာသီ၏ အအေးဒဏ်မှ သက်သာခွင့်ရခဲ့သလို အခြားတစ်ဖက်တွင် ကျောက်မီးသွေးမီးရှို့ရာမှ ထွက်ရှိလာသည့် ဓာတ်ပြုပစ္စည်း အမှုန်အမွှားများ ကြောင့် ပုံမှန်ထက် သက်တမ်း ငါးနှစ်ခန့် စော၍ သေဆုံးနေကြရကြောင်း သတင်းတစ်ပုဒ်ဖတ်လိုက်ရသေးသည်။
အာရှ၊ အာဖရိကဒေသများတွင် လူဦးရေတိုးပွားမှု မြန်နှုန်းမြင့်ကာ လူနေထူထပ်မှုရှိနေသလို အခြားတစ်ဖက်တွင် လည်း ဆင်းရဲနွမ်းပါးမှု၊ မိရိုးဖလာအသိများမှ ရုန်းမထွက်နိုင်ရှိနေကြဆဲ။ ဤသို့ဖြင့် ထင်း၊ မီးသွေး၊ နွားချေးများနှင့် မီးမွှေးကာ ချက်ပြုတ်ရေး၊ အအေးဒဏ်ကာကွယ်ရေးတို့တွင် တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြရဆဲပါ။ ထင်း၊ မီးသွေး၊ နွားချေးခြောက်၊ စပါးခွံ စသည့် လောင်စာများဆိုသည်မှာလည်း ဒေသဝန်းကျင်မှာ ပေါပေါလောလောရယူနိုင်သော ပစ္စည်းများဖြစ်နေသလို မိရိုးဖလာအစဉ်အဆက် စဉ်လာမပျက်သုံးစွဲလာ ကြသည့် ချက်ပြုတ်ရေး အသုံးအဆောင် ပစ္စည်းများဖြစ်နေကြသည်။ စစ်တမ်း ကြောင့်သာ ဆိုးကျိုးသက်ရောက်မှုကို သတိမူမိသည်မှန်ငြားလည်း အများစုမှာ မသိရှိနိုင်သေး။ ဆက်လက်သုံးစွဲနေကြဆဲ။
ဤအချက်ကိုလည်း စစ်တမ်းက သုံးသပ်ထောက်ပြထားသည်။ ကုစား မည့်နည်းလမ်း နှစ်သွယ်ကိုလည်း အကြံ ပေးထားသေးသည်။ ဦးစွာ အိမ်တွင်း လေထုညစ်ညမ်းမှုလျှော့ချနိုင်ရေးအတွက် လက်ရှိချက်ပြုတ်နည်းစနစ်ကို စွန့်လွှတ်ဖို့၊ ဆိုးပြစ်များကို ထောက်ပြပညာပေးရင်း၊ လေထုသန့်ရှင်းစေသော လောင်စာနှင့် လေထုသန့်ရှင်း စေသော ချက်ပြုတ်ကိရိယာ၊ နည်းပညာသုံး ပစ္စည်းများကို ဈေးသက်သာစွာနှင့် အသုံးပြုလာနိုင်အောင် ဖန်တီးပေး ကာ အဆိုး၊ အကောင်း၊ အဟောင်း၊ အသစ် ပြောင်းလဲကျင့်သုံးတတ်လာအောင် စိတ်ရှည်စွာ ဆောင်ရွက်ပေးနိုင် မှသာ အန္တရာယ်ကင်း ဘေးရှင်းသော၊ မီးခိုး ကင်းစင်သော သီရိဂေဟာလေးများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း လမ်းညွှန် ထားပါသည်။
လောကတွင် မရှိတာထက် မသိတာခက်သည် ဆိုစကားရှိသည်။ အိမ်တွင်းမှာ မီးခိုးမွှန်ထူနေမှုအမြဲလိုလို ရှိနေ တတ်သော မိမိတို့အိမ်ဂေဟာ များတွင် မီးခိုးငွေ့ကို ရှူရှိုက်ရင်း ဖြတ်သန်းလာခဲ့ကြသည်မှာ နှစ်ပရိစ္ဆေဒ ကြာခဲ့ပါပြီ။ သက်တမ်းစေ့နေရ၊ မနေရဆိုသည်မှာလည်း ''သဗ္ဗေသတ္တာ၊ ကံမဿကာ''၊ ကံကိုသာလျှင် ယိုးမယ်ဖွဲ့လျက် နေလာ ခဲ့ကြသော မိမိတို့၏ လူနေမှုဘဝ။ ဤကဲ့သို့ မီးခိုးငွေ့ရှူရှိုက်နေရ၍ သက်တမ်းစေ့မနေရ ဖြစ်နိုင်ကြောင်းကိုလည်း တစ်ချက်ကလေးမှ မစဉ်းစားမိခဲ့ကြသည်မှာ အမှန်ပါ။
ယခုသိရှိလာချိန်မှာလည်း အချိန်မနှောင်းသေးဟု ဆိုရပါမည်။ မိမိတို့ အပါအဝင် သားသမီးမြေးမြစ် မျိုးဆက်သစ် လေးများ ဘဝအတွက် ချက်ပြုတ် စားသောက်မှုပုံစံကို ပြင်နိုင်၊ ပြောင်းနိုင်ကြရပါမည်။ ကမ္ဘာ့လေထုအတွင်း မှာလည်း ကာဗွန်လွန်ကဲကာ ဓာတ်ငွေ့မှန်လုံအိမ်ဖြစ်နေသလို မိမိတို့နေအိမ် အတွင်းမှာလည်း ကာဗွန်ဓာတ် လွန်ကဲနေမည်ဆိုပါလျှင် အန္တရာယ်အတိ ဖြစ်နိုင်ပါသည်။ ကမ္ဘာ့လေထုအတွင်းမှ ကာဗွန်ကိုတစ်နိုင်တစ်ပိုင် သစ်ပင် စိုက်ပျိုးခြင်းဖြင့် ကာကွယ်ပေးမှု နှင့်အတူ ထင်း၊ မီးသွေး၊ လောင်စာများအစား လျှပ်စစ်အသုံးအဆောင် ပစ္စည်းများသုံးစွဲကာ မီးခိုးတိတ်စေလျက် လျှပ်စစ် မရရှိသေးသောဒေသများတွင် ထင်း၊ မီးသွေးများကို သုံးနေရ လည်း မီးခိုး ကို မီးခိုးတိုင်မှတစ်ဆင့် အပြင်သို့ ထုတ်လွှတ်သည့်နည်းစနစ်ကို သုံးစွဲခြင်းဖြင့် ''အသက်ကို ဉာဏ်စောင့်'' နေထိုင်သွားတတ်ပါမှ အနှစ်သာရပြည့်ဝတန်ဖိုးရှိစွာ သက်တမ်းစေ့နေခွင့် ရရှိလာနိုင်မည် အမှန်ဖြစ် ပါကြောင်း။ ။
The Mirror Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) အမ်ဳိးသားတစ္ဦးအား အဓမၼျပဳက်င့္မႈျဖင့္ အမ်ဳိးသမီးတစ္ဦး စြဲခ်က္တင္ခံရ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အမျိုးသမီးတွေကြား အထူးရေပန်း စားလာတဲ့ ဆေးလိမ်း အဆီချနည်း သွယ်လျစေဖို့ တကယ်ပဲ အကျိုးရှိသလား Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'