ကြက်ဟင်းခါးသီးအကြောင်း သိကောင်းစရာ

ကြက်ဟင်းခါးသီး ဆိုသည့်အတိုင်း နာမည်နှင့် လိုက်ဖက်အောင် သူ၏အရသာမှာ အတော်အတန် ခါးတာကို စားဖူးသူတိုင်း သိကြမှာပါ။ ကြက်ဟင်းခါးပင်တို့ ဟာ ခြောက်သွေ့စိုစွတ်ေ သာ ရာသီဥတုကို ကြိုက်နှစ်သက်တဲ့ အတွက်ကြောင့် အရှေ တော့င် အာရှနိုင်ငံ၏ ဟင်းသီး ဟင်းရွက် အဖြစ် လူသိများပါတယ်။ တောင် အမေရိက တိုက်တွင်လဲ တွေ့ ရတတ်ပါတယ်။ ကြက်ဟင်းခါးပင်၏ အလွန်သေး ငယ်သော ပင်စည်များက နွယ်ပင်နှာမောင်းများဖြင့် တွားသွား၍ ပေါက်ရောက်ရှင် သန်ကြပြီး၊ နွယ်တက်ရန် စင်ခံ၍စိုက်ပျိုးပေးပါက၊ ကောင်းစွာဖြစ်ထွန်း၏။

သဘာဝအလျောက် အသီး၏အပြင်ဘက်တွင် အဖုအထစ်များဖြင့် ရုပ်ဆိုးသည် ဟု ဆိုနိုင်ပါ သည်။ ထိုအဖုအထစ်များ စိပ်လျှင်အရသာမှာ ပိုခါး၍၊ အဖုအထစ် ကျဲပါက အခါးသက်သာပါသည်။ ယေဘုယျ အားဖြင့် ကြက်ဟင်းခါးသီး အမျိုး အစား(၂)မျိုးရှိပါသည်။ (၁)၂၀-စင်တီမီတာထိ ရှည်လျားသော အရှည်သီးမျိုးသည် အစိမ်းရောင် ဖျာ့ကာ၊ အရသာမှာ အခါးလျော့ပါသည်။ (၂) နောက်တစ်မျိုးမှာ ၁၀-စင်တီမီတာ ခန့် သာရှည်ပြီး အစိမ်းပုပ်ရောင် ဖြစ်ကာ အောက်ခြေတွင် ဘဲဥပုံသဏ္ဍာန် ရှိပါသည်။ ထိုအသေးမျိုး သည် အကြီးမျိုးထက် အရသာ ပိုခါးပါသည်။

ကြက်ဟင်းခါးသီးတို့ သည် မှည့်သွားသောအခါ ၀ါလိမ္မော်ရောင်ပြောင်းသွားပြီး၊ အခါးဓာတ်လဲ ပိုလာပါတတ်လို့  အသီးမမှည့်ခင် အပင်မှ ခူးဆွတ်ပေးရပါမယ်။ ကြက်ဟင်းခါးသီးထဲတွင် အချွန် အတက်များဖြင့် အတန်ငယ် မာကျောသော အဖြူရောင် အစေ့များပါရှိပါတယ်။ ဘူးသီးစေ့ နှင့် ခပ်ဆင်ဆင်တူပါသည်။ အသီးမှည့်သွားတဲ့အခါ၊ အထဲတွင်ရှိသော အစေ့သည် အနီရောင် သို့  ပြောင်းသွားကြပါတယ်။ အခါး ဓာတ်ပြေပျောက်စေရန်အတွက် မချက်ပြုတ်မီ လိုအပ်သည့် ပုံစံလှီးဖြတ်ပြီး၊ ဆားရည်ထဲတွင် နာရီဝက် ခန့် ကြိုတင်၍ စိမ်ပေးထားရပါမယ်။ ကြက်ဟင်းခါးသီး ကို ပုစွန်ခြာက်မှုန့်  ဖြင့်ကြော်စားသြသလို၊ မြေပဲထောင်းဖြင့်လည်း သက်သက်လွတ် ကြော် စားနိုင် ပါသည်။ ၀က်သားနုပ်နုပ်စင်းကာ ကြက်ဟင်းခါးသီးအစာသွပ်အဖြစ် နှပ်စား၍သော် လည်းကောင်း၊ ရေလုံပြုတ် (သို့ မဟုတ်)မီးအုံ၍သော်လည်းကောင်း ငပိရည်အတို့ အမြုံ့  အဖြစ် စားနိုင်ပါတယ်။ ထိုအရသာ ခါးခါးလေးကဘဲ ခံတွင်းမြိန်စေပါတယ်။

*** ကြက်ဟင်းခါးသီးနှင့် ကျန်းမာရေး ***

ကြက်ဟင်းခါးသီးသည် လူသားတို့အတွက် သဘာဝတရားက ပေးအပ်နှင်းသည့် ဆေးဘက်ဝင် အသီးဖြစ်ပါသည်။ ရိုးရာကုထုံး များတွင် “ အမျိုးသားတို့ အတွက်ဆေးကောင်း တစ်လက် ” ဟု လည်း အဆိုရှိလေ၏။ ကြက်ဟင်းခါး သီး ထဲတွင် ကယ်လိုရီပါဝင်မှု အလွန် နဲပါးသော်လဲဘဲ၊ တန်ဘိုးကြီးမားတဲ့ အာဟာရဓာတ် များမြောက်များစွာ ပါရှိကြပါတယ်။ လူသားတို့ အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ် များဖြစ်ကြသော Vitamin A, B1, B2, B3, Vitamin C, Iron, Calcium, Phosphorous, Copper, Potassium, Manganese တို့ စုဝေးရာ အရင်းအမြစ်လဲဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါရှိတဲ့အ့ပြင်၊ Insulin ဓာတ်ပေါင်း တစ်မျိုးဖြစ်တဲ့ Polypeptide P ဓာတ်လဲ ပါရှိပါသည်။ ကြက်ဟင်းခါးသီးထဲတွင်ပါရှိသော....
• Beta-Carotene သည် ပန်းဂေါ်ဖီစိမ်းတွင် ပါရှိမှုထက်(၂)ဆ ပိုပါရှိ၏။
• Calcium သည် ဟင်းနုနယ်တွင် ပါရှိမှုထက် (၂)ဆ ပိုပါရှိ၏။
• Potassium သည် ဌက်ပျောသီးတွင် ပါရှိမှုထက် (၂)ဆ ပိုပါရှိ၏။

(၁) သွေးကိုသန့် စင်စေပါတယ်။ သွေးအဆိပ်တက်၍ အသားများ ယားယံသောအခါများတွင် ကြက်ဟင်းခါးသီး သတ္တုရည် နှင့် သံပုရာရည်တို့ ကို ဆတူရောကာ ရေဆာတိုင်းသောက်သုံးပေး သင့်ပါတယ်။

(၂) ကာလ၀မ်းရောဂါ ဖြစ်သောအခါ၊ ကြက်ဟင်းခါးပင်၏အရွက် သတ္တုရည် (၂)ဇွန်း၊ ကြက်သွန်နီ သတ္တုရည် (၂)ဇွန်း၊ သံပုရာရည် (၁)ဇွန်း တို့ ရောစပ်၍ ရောဂါမပျောက်မချင်းသောက်သုံးပေးနိုင် ပါတယ်။

(၃) ကြက်ဟင်းခါးသီးထဲတွင် insulin ဓာတ်အပြည့်အ၀ ပါရှိသောကြောင့် သွေးနှင့်ဆီးထဲရှိ ဂလူးကို့ စ် ပမာဏကို ချပေးပါတယ်။ အခါးကြောက်သော သွေးချိုရောဂါဝေဒနာ ရှင်များသည် နံက်တိုင်း ကြက်ဟင်းခါးသီး သတ္တုရည်ကို ပျားရည် (သို့ မဟုတ်) မုန်လာဥနီ (သို့ မဟုတ်) ပန်းသီးဖျော်ရည်တို့ ဖြင့် ရောစပ်၍ သောက်ပေးသင့်ပါတယ်။ ဆီးချိုရောဂါဝေဒနာသည် များသည် နံက်တိုင်း ကြက်ဟင်းခါးသီး သတ္တုရည်ကို ပန်းသီးစိမ်းဖျော်ရည်ဖြင့် သောက် သုံး ပေးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေမှာ အမှန်ပါ။

(၄) ကြက်ဟင်းခါးသီးကို မှန်မှန်စာေးပးခြင်းဖြင့် ခွန်အားကိုတိုးပွားစေပြီး၊ သက်လုံကိုလဲကောင်းစေ ပါတယ်။

(၅) ဟင်းသီးဟင်းရွက်ထဲတွ င်ပါရှိသော သဘာဝ ဓာတ်တစ်မျိုးဖြစ်တဲ့ အမျှင်ဓာတ်တို့ ပေါကြွယ် ၀စွာ ပါရှိခြင်း ကြောင့် ၀မ်းချုပ် ခြင်းမှ ကာကွယ်ပေးပါတယ်။ ရိုးရားပရဆေးများတွင် ကြက်ဟင်းခါး သီးကို ၀မ်းနှုတ်ဆေးအဖြစ် ဖော်စပ်လေ့ရှိကြတာပါ။

(၆) ကြက်ဟင်းခါးသီးသည် အစာချေရည် ထွက်ရှိမှုကိုအားပေး၏။ ထို့ ကြောင့် ရင်ပြည့်ရင်ကယ် သူ များနှင့် အစာမကျေသော သူများ စားသုံးပေးသင့်ပါတယ်။

(ရ) Beta-carotene ဓာတ်မြင့်မားစွာပါရှိသောကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေ ပါတယ်။

(၈) ကြက်ဟင်းခါးသီး သတ္တုရည်ဟာ အရက်သေစာ မူးယစ်ထုံထိုင်းမှုကို ဖြေလျော့ပေးနိုင်စွမ်းရှိ သည့်ပြင်၊ အသည်းကိုလဲ သန့်  စင်ပေးတာကြောင့် အရက်နာကျသူများ ကို ကောင်းကျိုးပြု ပါတယ်။

(၉) လိပ်ခေါင်းသွေးကျ လူနာများသည် ကြက်ဟင်းခါးသီး သတ္တုရည်ကို ထောပတ်နှင့်ရောဖျော်ကာ နံက် အိပ်ယာထ တိုင်း ၁-လ တိတိ မှန်မှန်သောက်ပေးပါက အကျိုးထူးများစွာကို ခံစား ရမှာ်ပါ။ ဒါ့အပြင် ကြက်ဟင်းခါး ပင်ရဲ့ အမြစ်ကို ကြေညက်အောင် ထောင်းထုပြီး လိပ်ခေါင်းသွေး ကျနာပေါ်သို့ အုံပေးပါက၊ အနာကျက်စေပါတယ်။

(၁၀) အသားအရည်များကြမ်းတမ်းကာ အနီပိန့် များထွက်လာခြင်း၊ အင်ပြင်ထခြင်း၊ မှိုရောဂါ တမျိုးကြောင့် ပွေး၊ နှင်းခူနာများ ဖြစ်ပေါ်ခြင်း၊ မျက်နှာပေါ်တွင် အမည်းကွက်များပေါ်ခြင်း၊ ၀က်ခြံပေါ က်ခြင်းများအတွက် ကြက်ဟင်းခါး သီးက များစွာကောင်းကျိုး ပြုပါတယ်။

(၁၁) အသားဝါရောဂါသည် များလည်း စားသုံးပေးသင့်ပါတယ်။

(၁၂) ကြက်ဟင်းခါးသီးသည် ခန္ဓာကိုယ်ထဲရှိ ပိုလျှံသော ကယ်လိုရီများကို လောင်ကျွမ်းစေပြီး၊ ၀မ်းဗိုက်မှ အဆီပို များကိုလဲကျစေ တာကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းလိုသူများအနြေ ဖင့် ကြက် ဟင်း ခါးသီး သတ္တုရည်ကို မှန်မှန်သောက်သုံးပေးသင့် ပါတယ်။

(၁၃) ဆေးသုတေသနပြုချက်များအရ ကြက်ဟင်းခါးသီးသည် ရောဂါများကိုပြီးစေနိုင်သည့်အစွမ်း သတ္တများရှိခြင်း ကြောင့် ကင်ဆာရောဂါ ဝေဒနာသည်များ အားထားသင့်သော ဆေးတစ်ခွက်ဖြစ်ကြောင်း အတည်ပြုထောက်ခံ ထားကြပါတယ်။ ထို့ ပြင် HIV ပိုးကို တိုက်ထုတ်နိုင်သည်ဟု ဆို၏။

(၁၄) ချောင်းဆိုး ရင်ကျပ်နာများ၊ ပန်းနာရောဂါများ နှင့် လည်ချောင်းနာ/အာသီးရောင်နာ သူများသည် ပျားရည် ၁၀-စက်ထဲသို့  ကြက်ဟင်းခါးသီး သတ္တုရည် ၁-ဆ၊ ရေ ၄-ဆ ရော၍ သောက်သုံးပေးခြင်းဖြင့် အသက်ရှုလမ်းကြောင်း ပြသနာများကို လျှင်မြန်စွာ ပြေပျောက်စေနိုင်ပါတယ်။

< သတိပြုရန် >
ကြက်ဟင်းခါးသီသည် ၀မ်းသက် စေသောကြောင့်၊ ၀မ်းသွားနေသော သူများ နှင့် ကိုယ်ဝန်ဆောင်သည်များ အထူး ရှောင်ရှား ရပါမည်။
++++++++++++++++++++++++++++++++++++
ကျွန်မတို့ နေထိုင်ရာ ဒီကမ္ဘာမြေကြီးပေါ်တွင် လူသားတို့ အတွက် ဆေးဘက်ဝင်စေသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများစွာ ကို သဘာဝတရားကြီးက အဆင်သင့် ဖန်တီးပေးထားပါတယ်။ သဘာဝတရားကြီးက ဖန်တီး ပေးထားတဲ့ ထိုအရသာခါးခါး ကပင် လူသားတို့ ကျန်းမာရေးကိုများစွာ အထောက်အကူ ပေးတာကြောင့် ဘေးထွက် ဆိုးကျိုးနဲလှသည့် ကြက်ဟင်းခါးသီးကို အလေ့အကျင့်လုပ်၍ စားသုံးပေးကြပါရန် တိုက်တွန်းလိုက် ရပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
Ref : encyclopedia<Health Benefits of Bitter gourd>

promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...