တက္ကသိုလ်ဝင်တန်း ကျောင်းသားများအတွက် သင်ကြားရေး အထောက်အကူပြု ၀က်ဘ်ဆိုက် လွှင့်တင်
တက္ကသိုလ် ၀င်တန်းဖြေ ဆိုမည့်ကျောင်းသူ၊ ကျောင်းသား များအတွက် သင်ကြားရေး အထောက် အကူပြု ၀က်ဘ်ဆိုက် တစ်ခုဖြစ်သည့် http://www. mmcloudschooling.com/ ကို အင်တာနက်တွင် စတင်အသုံးပြု နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဝက်ဘ်ဆိုက်ကို နှစ် လကြာ အခမဲ့ အသုံးပြုနိုင် မည့် Activate Code နံပါတ်များပါ ၀င်သည့် Member ကတ်တစ် သောင်းကို ရန်ကုန်မြို့လယ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ စက်တင်ဘာလ ကုန်တွင် အခမဲ့လိုက်လံဝေငှ ပေးသွားမည်ဖြစ်ကြောင်း ၀က်ဘ် ဆိုက်တည်ထောင်သည့် Jupiter Myanmar Education မှ သိရ သည်။
နှစ်လကြာလေ့လာပြီးပါက အဆိုပါMember ၀င်နိုင်မည့် Activate ကုတ်နံပါတ်ပါဝင် သည့် ခဲခြစ်ကတ်များကို ၀ယ်ယူ ၍ ဆက်လက်အသုံးပြုရမည်ဖြစ် သည်။ အဆိုပါ Member ကတ် များကို စီးတီးမတ်များနှင့် စာပေတိုက် များတွင် တင်သွင်းရောင်းချ ပေးရန် စီစဉ်နေကြောင်း Jupiter Myanmar Education မှ ဒါရိုက်တာ ကိုအောင်ကျော်မျိုး က ပြောသည်။
‘‘ခုလောလောဆယ်တော့ နှစ်လစာပါတဲ့ကတ်ကို ၂၀၀၀ လောက်နဲ့ ရောင်းဖို့စီစဉ်ထားတယ်။ ဒါက အထူးထုတ် စာအုပ် ဖိုးတောင် မရှိပါဘူး။ ဘုတ်အဖွဲ့ နဲ့ တိုင်ပင်ပြီးတော့မှ ဈေးနှုန်းအ တိအကျကို သတ်မှတ်ပေးမယ်’’ ဟု ကိုအောင်ကျော်မျိုးကပြော သည်။
ဝက်ဘ်ဆိုက်၏ Knowledge Bank အပိုင်းတွင် ပါဝင်သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ အထူးဆောင်းပါး များကို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီး Exer-cise Bank အပိုင်းတွင် ပါဝင်သည့် သင်ကြားပို့ချမှုများနှင့် လေ့ ကျင့်ခန်း များကို Member လုပ် ထားမှသာ အွန်လိုင်းပေါ်၌ လေ့ကျင့်နိုင်မည်ဖြစ်သည်။
‘‘၀က်ဘ်ဆိုက်မှာ Know-lege Bank ရယ်၊ Exercise Bankရယ် နှစ်ပိုင်းရှိတယ်။ အထူး ဆောင်းပါးတွေပါမယ်။ Exercise ပိုင်းမှာ လေ့ကျင့်ခန်းတွေကို စုံ အောင်ထည့်ပေးထားတယ်။ သူ တို့လေ့လာနိုင်အောင် Member Card တွေလိုက်ဝေပေးမယ်။ နောက်ပိုင်းမှာ အဲဒီကတ်တွေကို စာပေလောက၊ စီးတီးမတ်တွေလို လက်လှမ်းမီတဲ့ နေရာတွေမှာ ဖြန့် ပေးထားမယ်’’ဟု ကိုအောင်ကျော်မျိုးကပြောသည်။
တက္ကသိုလ်ဝင်တန်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာရပ်များ၏ လေ့ကျင့်ခန်း များကို စတင်ဝင်ရောက် လေ့ကျင့်နိုင်ပြီ ဖြစ်ပြီး ဘောဂဗေဒ ဘာသာရပ်ကိုလည်း မကြာမီ ၀က်ဘ်ဆိုက် ပေါ်သို့ တင်သွားမည်ဖြစ်ကြောင်း Jupiter Myanmar Education မှ သိရသည်။
‘‘အွန်လိုင်းကနေ သုံးရမယ် ဆိုတော့ ညဘက်တွေဆို ရန်ကုန် မြို့လယ်မှာတောင် အင်တာနက် လိုင်းအခြေအနေ က သိတဲ့အတိုင်းဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ဒီလိုဆိုက်တွေရှိတာတော့ ကောင်းပါတယ်’’ဟု လသာမြို့ နယ်အတွင်း နေထိုင်သည့် တက္ကသိုလ် ၀င်တန်းကျောင်းသားတစ် ဦးကပြောသည်။

7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) လူသားနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင်ကို ရဲတွေ ၀င်ရောက် ဖမ်းဆီးနိုင်ခဲ့ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ကေပေါ့ပ် Ladies' Code အဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'