ဆီးသွားရခက်သော အမျိုးသားများ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်း မကြာခဏခံစားကြရ

ဆီးသွားရ ခက်သော အမျိုးသား လေးဦးလျှင် တစ်ဦးမှာ စိုးရိမ် ပူပန်ခြင်းနှင့် စိတ်ဓာတ် ကျခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားကြရကြောင်း စင်ကာပူ အမျိုးသား တက္ကသိုလ်ဆေးရုံ (NUH)၏ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြသည်။ 

ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာ များဖြစ်ပေါ်လာနိုင်သည့် ဆီးကျိတ်ရောင် ရောဂါရှိသော လူနာများသည် ကျန်းမာရေးနှင့် ဆက်စပ်သည့် ညံ့ဖျင်းသော ဘ၀အရည်အသွေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတို့ ခံစားရကြောင်း ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ပြုလုပ်ခဲ့သော ယင်းလေ့လာမှုက ဖော်ပြသည်။

အကျယ်တ၀င့် အသုံးပြုလေ့ရှိသော နိုင်ငံတကာ ဆီးကျိတ်ရောဂါ လက္ခဏာသတ်မှတ်ချက်များကိုသုံး၍ လေ့လာရာတွင် လူနာခြောက်ဦး လျှင် သုံးဦးကျော်မှာ ၎င်းတို့၏ ဘ၀အရည်အသွေးကြောင့် ကျေနပ်မှု မရှိသော ခံစားချက်များ (သို့မဟုတ်) စိတ်ရှုပ်ထွေးမှုများပြသကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ယခုလေ့လာမှု ရလဒ်နှင့်အတူ ဆရာဝန်များအနေဖြင့် ဆီးကျိတ်လူနာများကို ၎င်းတို့၏ စိတ်ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ပိုမိုမေးမြန်းစစ်ဆေးလာနိုင်မည်ဖြစ်ကာအထူးသဖြင့် ယင်းရောဂါနှင့် လူနာများ၏ ခံစားချက်များ ဆက်နွှယ်ဖွယ်မရှိသည့် လူနာများကို မေးမြန်းနိုင်မည်ဖြစ်ကြောင်း NUH ၏ ဆီးရောဂါဌာန ထိပ်တန်း အတိုင်ပင်ခံ ပါမောက္ခအီးကီဆာဗန်က ပြောသည်။

ဆီကျိတ်ရောဂါ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုများကို အများပြည်သူသတိထားမှု ပိုများလာကာ ၎င်းတို့ကို ကုသမှုခံယူစေရန် ပညာပေးနိုင်မည်ဟု မိမိတို့မျှော်လင့်ကြောင်း ပါမောက္ခကီဆာဗန်းက ထပ်လောင်းပြောကြား သည်။

ယင်းလေ့လာမှုကို စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ကျောင်းသားမစ္စတာပင်တို ဂျူလီယံ၏ နောက်ဆုံးနှစ် လေ့လာမှုအတွက် NUS နှင့် NUH မှ ပါမောက္ခများနှင့်အတူ လေ့လာခဲ့ခြင်း ဖြစ်သည်။

တရုတ်လူမျိုး အများစုပါဝင်သည့် အသက်(၅၀)နှစ်မှ (၈၇)နှစ်အရွယ် အမျိုးသားလူနာပေါင်း ၉၇ ဦးကို လေ့လာ ခဲ့ခြင်းဖြစ်သည်။ ဆီးကျိတ်ရောဂါရှင်များ၏ ၁၅ ရာခိုင်နှုန်းမှာ ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သော်လည်း ၁၉၉၀ ပြည့်နှစ်များ အလယ်လောက်တွင် ခွဲစိတ်ကုသမှုနှုန်းမှာ ၅၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း ပါမောက္ခ ကီဆာဗန်က ပြောသည်။ 


-Today/do
7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...