ကမ္ဘာ့ အသက်အကြီးဆုံး ယောဂဆရာ



အေသင်အောင်

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ မှာ နေထိုင်တဲ့ အသက် (၉၆)နှစ် အရွယ်ရှိ တာအိုဟာ အသက်နဲ့ မလိုက်အောင် သွက်လက်စွာ လှုပ်ရှားနိုင်တာမို့ အံအားသင့်စရာ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ တာအိုဟာ ယောဂကျင့်စဉ် အကျိုးဆက်ကြောင့် ကျန်းမာနုပျိုနေခြင်း ဖြစ်ပါတယ်။ ပြင်သစ်ဖခင်နဲ့ အိန်္ဒိယမိခင် တို့က မွေးဖွားတဲ့ တာအိုဟာ ငယ်စဉ် ကတည်းက အိန်္ဒိယနိုင်ငံမှာ ကြီးပြင်းခဲ့ပြီး ယောဂကျင့်စဉ်တွေ လေ့လာခဲ့ပါတယ်။ ဒီနောက် ပရော်ဖက်ရှင်နယ် ယောဂဆရာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တာအိုဟာ ပြီးခဲ့တဲ့ အနှစ် (၂၀)ကတည်းက ခင်ပွန်း ဖြစ်သူကို ဆုံးရှုံးခဲ့ရပေမယ့် စိတ်ဓာတ် ကျဆင်းသွားခြင်း မရှိပဲ တတ်မြောက် ထားတဲ့ ယောဂကျင့်စဉ်ကို ပြန်လည် မျှဝေခဲ့ပါတယ်။ အသက် (၉၆) နှစ်ရှိပြီ ဖြစ်တဲ့ တာအိုဟာ သူ့ထက် (၇၀) နှစ်လောက်ငယ်တဲ့ လူငယ်တွေနဲ့ ယောဂကျင့်စဉ်တွေ ပြုနိုင်ဆဲဖြစ်ပါတယ်။ ယောဂကျင့်စဉ်ဟာ ငယ်ရွယ်နုပျိုခြင်း သာမက စိတ်ဓာတ်ပိုင်း ဆိုင်ရာကို အထောက်အကူ ဖြစ်စေတယ်လို့ တာအိုက ဖွင့်ဟခဲ့ပါတယ်။ တာအိုဟာ ၂၀၁၁ ခုနှစ်တုန်းက လက်ကောက်ဝတ် ဒဏ်ရာရရှိပြီး တဲ့နောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းသွားပေမယ့် ယောဂကျင့်စဉ်နဲ့ ပြန်လည် ထူထောင်ခဲ့ပါတယ်။ တာအိုဟာ ကမ္ဘာ့ အသက်ကြီးဆုံး ယောဂ ဆရာအဖြစ် ဂင်းနစ် စံချိန် မှတ်တမ်းပြုစုရေး အဖွဲ့က အသိအမှတ်ပြုထားပြီး ယောဂကျင့်စဉ်နဲ့ ပတ်သက်တဲ့ စာအုပ်၊ ဗီဒီယိုခွေတွေ ကိုလည်း ထုတ်ဝေထားပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...