အမျိုးသမီးတစ်ဦးကို ရေချိုးခန်းအတွင်း သုံးနှစ်ကြာ သော့ခတ် ပိတ်လှောင် ထားသူ သုံးဦးအား ရဲတပ်ဖွဲ့ဖမ်းဆီး

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် တွင် သတို့သား ဘက်သို့ ခန်းဝင် ပစ္စည်းများ ပေးအပ် နိုင်ခြင်း မရှိသည့် အမျိုးသမီး တစ်ဦးကို ရေချိုးခန်း အတွင်း သုံးနှစ်ကြာ သော့ခတ် ပိတ်လှောင် ထားသူ သုံးဦးအား ဖမ်းဆီး နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခြင်း အပေါ် ဒေသတွင်း NDTV သတင်း တစ်ရပ်အရ သိရသည်။

အသက် ၂၅ နှစ်ရှိ အဆိုပါ အမျိုးသမီး ကို ပါတနာမြို့ ၏ အရှေ့ မြောက်ပိုင်း ကီလိုမီတာ ၁၄ဝ အကွာ ဒါဘန်ဂါမြို့ ရှိ နေအိမ် တစ်အိမ်တွင် ချုပ်နှောင် ထားခြင်း ခံရစဉ် ရဲတပ်ဖွဲ့က ယခု သီတင်းပတ် အတွင်းက ကယ်ဆယ် နိုင်ခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သူမကို ရေချိုးခန်း အတွင်း ပိတ်လှောင် ထားသူ များမှာ သူမ၏ ခင်ပွန်း နှင့် ယောက္ခမ တို့ဖြစ်ပြီး ရဲတပ်ဖွဲ့ က သူမကို ကယ်ဆယ် ခဲ့ချိန်တွင် အဆိုပါ အမျိုးသမီး မှာ လက်သည်း ခြေသည်းများ ရှည်လျား နေသည့် အပြင် ဆံပင်များ မှာလည်း ဖရိုဖရဲနှင့် ရှည်လျား နေကြောင်း ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦး ဖြစ်သူ ဆီးမာကူမာရီ က ပြောကြား ခဲ့သည်။

သူမသည် အမှောင် အတွင်းနှင့် အလင်းရောင် ကောင်းစွာ မရသည့် နေရာတွင် အချိန် ကြာမြင့်စွာ နေထိုင် ရခြင်းကြောင့် ပြင်ပသို့ ရောက်ရှိ ချိန်တွင် သူမ၏ မျက်လုံး များကို ဖွင့်နိုင်ရန် အခက်အခဲ ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။

သူမကို ယခုကဲ့သို့ ပိတ်လှောင် ထားခြင်းမှာ ခန်းဝင် ပစ္စည်းများ မပေးနိုင်ခြင်း အပါအဝင် သူမ၏ ခင်ပွန်း အတွက် သမီး မိန်းကလေး တစ်ဦး မွေးဖွား ပေးခဲ့ခြင်း ကြောင့် ယောက္ခမ များက လက်စားချေ သည့် အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယင်းသို့ ပိတ်လှောင်ခြင်း ခံရစဉ် အတွင်း သူမမှာ စားကြွင်း၊ စားကျန် များကိုသာ နပ်မမှန်စွာ စားသောက် ခဲ့ရကြောင်း သူမက ရဲတပ်ဖွဲ့သို့ ပြောကြား ခဲ့သည်။

ထို့ပြင် သူမ၏ ယောက္ခမများ သည် သမီးငယ် လေးကို သူမနှင့် တွေ့ဆုံခွင့် မပြုခဲ့ဘဲ သူမ ပိတ်လှောင် ထားခြင်း ခံရမှုကို သူမ၏ ဖခင် ဖြစ်သူက ရဲစခန်းသို့ သွားရောက် တိုင်ကြား ခဲ့ရာမှ နောက်ဆုံး တွင် ရဲတပ်ဖွဲ့ဝင် များက သူမကို ကယ်ဆယ် နိုင်ခြင်း ဖြစ်ပြီး ယခုအခါ သူမ၏ ခင်ပွန်းနှင့် ယောက္ခမ များကို ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူ ထားကြောင်း သိရှိရသည်။


#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_59.html
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...