အနံ့ဖြင့် ကျန်းမာရေး စစ်ဆေးမည်
ကျန်းမာရေး ကောင်းသူနှင့် နေမကောင်း ဖြစ်နေသူ တို့၏ အနံ့များကို ခွဲခြားခြင်းဖြင့် ကျန်းမာရေး စစ်ဆေးနိုင်ကြောင်း သိရသည်။
မကြာသေးမီက ပြုလုပ်ခဲ့သော စမ်းသပ်မှုတွင် စမ်းသပ်ခံ စေတနာ့ ဝန်ထမ်း များအား ဗက်တီးရီးယား အဆိပ်တစ်မျိုးကို ထိုးပေးပြီး ထိုသူများ၏ ခုခံအား စနစ်ကို နှိုးဆွပေးခဲ့သည်။ ထိုသူများကို နောက် တစ်ကြိမ်တွင် ဆားရည်ကိုသာ ထိုးပေး ခဲ့သည်။ ဆေးထိုး သည့် အချိန် နှစ်ခု စလုံး၌ ထိုသူများအား တီရှပ် အင်္ကျီများ ဝတ်ဆင် ထားစေ ခဲ့သည်။
ထို့နောက် အခြားအုပ်စုတစ်စု အားဆေးထိုးခံခဲ့ သူများ၏ တီရှပ်များမှ ထွက်လာသည့် အနံ့ကို အာရုံခံ ကြည့်စေခဲ့သည်။ ဗက်တီးရီးယား အဆိပ်ထိုး ခဲ့စဉ်က ပို၍ မနှစ်သက်စရာကောင်းလှကြောင်း သိရှိခဲ့ရ သည်။
ဤတွေ့ရှိချက်က ကပ်ရောဂါ အသွင်ကူးစက်ရောဂါများ ပြန့်ပွားသည့်အခါ လေဆိပ်အစ ရှိသည့် နေရာများ၌ ခရီးသည်များအား နေကောင်း၊ မကောင်း စစ်ဆေးပေး ရာတွင် အသုံးဝင်နိုင်မည့် တွေ့ရှိချက် တစ်ခုဖြစ်နိုင် သည်ဟု ယုံကြည်ထား ကြပါသည်။

Health Digest
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook