လိပ်ခေါင်း ရောဂါအတွက် ဆေးကောင်း တစ်လက်
လိပ်ခေါင်းရောဂါနှင့် မြင်းသရိုက် ရောဂါများအတွက် သဘာဝ ဆေးနည်းကောင်း တစ်ခွက်ကို ညွန်ပေးလိုက် ပါတယ်။
ဆေးနည်းကတော့-
နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။
ခြောက်အောင် နေလှန်းပြီး ၄င်းဆေးလုံးကို နံနက် တစ်လုံး၊ ညတစ်လုံးစီ စားပေးပါ။
ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများကို ပျောက်ကင်းစေ ပါသည်။ ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါများကိုလည်း သက်သာ ပျောက်ကင်းစေပါသည်။
လူသားတိုင်း ကျန်းမာစွာဖြင့် အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာသဘာဝဆေးနည်းများ
ကျန်းမာရေးသတင်းများ