သင်ဘာကြောင့် ရာထူး မတိုးသလဲ

သင်ဟာ ၀န်ထမ်းတစ်ဦး ဖြစ်တယ်။ အလုပ်ကို ကြိုးစား လုပ်တယ်။ ကိုယ့်ကျန်းမာရေး၊ မိသားစုအရေး၊ လူမှုရေး ဘာကိုမှ မငဲ့ဘဲကို လုပ်တယ်။ အလုပ်ကို ဦးစားပေး ရင်းနဲ့  သူငယ်ချင်းတွေလည်း ဆုံးရှုံးခဲ့ရပြီ။ ချစ်သူနဲ့  လည်း အဆင်မပြေတော့ဘူး။ ပျော်ရွှင်မှုအတွက် အပြင်ထွက်တယ် ဆိုတာနတ္တိ။ ထမင်းကိုနှစ်နှပ်ပေါင်း စားရပေါင်းလည်း များလှပြီ။ အိပ်ရေး ပျက်လွန်းလို့  သင့်မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ချွတ်ခြုံ ကျနေပြီ။ ဒါပေမယ့် ရာထူးတိုး အမည်စာရင်းမှာ သင့်နာမည် ပါမလာဘူး။ ဒါဘယ်လိုဖြစ်တာလဲ။

သင်ဟာ လုပ်ငန်းခွင်လောကအခေါ် စွမ်းဆောင်မှုလွန်ကဲသူ (Over-Achiever) ဖြစ်နေလို့ ပါပဲ။ ပြီးပြည့်စုံအောင် အတိုင်းထက်အလွန်ကြိုးစားတတ်ပြီး ရာထူးတိုးဖို့ ၊ အထက်အရာရှိတွေ သဘောကျမှုကို ရရှိဖို့  လွန်လွန်ကဲကဲ ကြိုး စားတတ်သူကို ‘စွမ်းဆောင်မှု လွန်ကဲသူ’ လို့ ခေါ်ပါတယ်။

သင်ဟာ ပြီးပြည့်စုံအောင် အလွန်အမင်းကြိုးစားရင် အထက်အရာရှိတွေ သဘောကျပြီး ရာထူးတိုးပေးမယ်လို့  မျှော် လင့်နေတတ်သူပါလား။ အဲဒီလိုပြီးပြည့်စုံအောင် ကြိုးစားလွန်းလို့ ကို ရာထူး မတက်တာလို့ ပြောရင်ကာ သင်လက်ခံ နိုင်မှာလား။

ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Forte Interactive, Inc. ရဲ့  အလုပ်အမှုဆောင်ချုပ်က ‘စွမ်းဆောင်မှုလွန်ကဲ သူ’ တွေကိုအခုလိုပဲ သုံးသပ်ထားပါတယ်။ ‘စွမ်းဆောင်မှုလွန်ကဲသူ’ တွေလား။ မန်နေဂျာတွေဟာ သူတို့ ကိုရာထူး တိုးမပေးပါဘူး။ သူတို့ ဟာ တစ်ချက်မနားဘဲ နာရီပေါင်းမြောက်များစွာအလုပ်လုပ်ကြပါတယ်။ တောင်လိုပုံနေတဲ့ အလုပ်တွေကို ဖြူးနေအောင်ရှင်းထုတ်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ ဟာ ‘စွမ်းဆောင်ရည်မြင့်မားသူ’ တွေ မဟုတ်တဲ့အတွက် ရာထူးမတိုးပေးကြတာပါ။

‘စွမ်းဆောင်မှုလွန်ကဲသူ’ နဲ့  ‘စွမ်းဆောင်ရည်မြင့်မားသူ’ မှာ ဘာများကွာခြားပါလိမ့်။ စွမ်းဆောင်ရည်မြင့်မားသူတွေ ဟာ အသင့်ပြင်ဆင်ပြီး စောင့်နေရမယ့်အချိန်၊ တရှိန်ထိုးအလုပ်လုပ်ရမယ့်အချိန်၊ စွန့် လွှတ်သင့်တာကို စွန့် လွှတ် ရမယ့်အချိန်နဲ့  ဦးတည်ချက်ပြောင်းရမယ့်အချိန်တွေကို သိကြပါတယ်။ သူတို့ ရှိနေလို့  ကုမ္ပဏီက အောင်မြင်မှုကို နည်းမျိုးစုံနဲ့ ရနိုင်ပြီး တသတ်မှတ်တည်းမဟုတ်ဘဲ လှပစွာပြောင်းလဲသွားတဲ့ လမ်းကြောင်းသစ်တွေကို ဖော်ဆောင် နိုင်ကြပါတယ်။

စွမ်းဆောင်မှုလွန်ကဲသူတွေကတော့ အလုပ်ကိုမနားမနေလုပ်တတ်ကြသူတွေပဲဖြစ်ပါတယ်။ သူတို့ ကတစ်ခုပဲသိ တယ်။ အရွေ့ တစ်ခုဖြစ်ဖို့ ပေါ့။ အမှတ် A ကနေ အမှတ် B ကိုရွေ့ ရမယ်။ ဒါကိုသတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ အညီ ဖြစ်အောင်ကိုလုပ်မယ်။ တသမတ်တည်းသောလမ်းကြောင်းနဲ့  အလုပ်ဘယ်လောက်များများ ပြီးအောင်လုပ်မယ်။ ဘာမှထပ်လုပ်စရာမကျန်တော့တဲ့အထိကို အလုပ်ကို ဆက်တိုက်ကြီးလုပ်နေတတ်ကြပါတယ်။

အစပိုင်းမှာတော့ ကိုယ်ဟာ စွမ်းဆောင်မှုလွန်ကဲသူလား၊ စွမ်းဆောင်ရည်မြင့်မားသူလားကို ချက်ခြင်းသိဖို့ ခက်ပါ တယ်။ နှစ်ဦးလုံးက ကာလတိုအတွင်းမှာ ရလာဒ်ကောင်းတွေ ရလာလို့ ပါပဲ။ အဓိကကွာခြားမှုကို ရေရှည်ရလာဒ်နဲ့  တန်ဖိုးကိုကြည့်လိုက်ရင် သိသာပါတယ်။

၁၉၈၀ ကနေ ၁၉၉၀ အတွင်းမွေးဖွားကြီးပြင်းလာသူအများစုဟာ ဒီကွာခြားမှုကို ပြောပြနိုင်မှာ မဟုတ်ပါဘူး။ သူတို့  ဟာ သူများတွေထက်အလုပ်ကို ဆယ်ဆလောက်ပိုလုပ်ရင် ရာထူးတိုးမယ်လို့ ယုံကြည်ပြီး ကြိုးစားကြပေမယ့် လုပ်ပိုင်ခွင့်မြင့်မားတဲ့ မန်နေဂျာလိုရာထူးမျိုးကို မရနိုင်ကြပါဘူး။

ကိုယ့်အတွက်သတ်မှတ်ပေးလိုက်တဲ့အလုပ်ကို အပီ အပြင်လုပ်ပြနိုင်ပေမယ့် ရေရှည်ရလာဒ်ကိုဖော်ဆောင်နိုင်မယ့် အတွေးအခေါ်အမျှော်အမြင်လည်း ကိုယ့်မှာရှိတယ် ဆိုတာကို ပြသနိုင်ဖို့  လိုပါတယ်။ လက်ရှိအခြေအနေ တစ်ခု မှာပဲ ပျော်မွေ့ နေတဲ့မျိုးဆက်ဟာ ရိုလာကိုစတာစီးသလို ပြောင်းလဲနေတဲ့ လုပ်ငန်းခွင်လောကကို မန်နေဂျာ တစ်ယောက်အနေနဲ့  ကိုင်တွယ်နိုင်မှာမဟုတ်ပဲ စီးဆောလို တစ် သတ်မှတ်တည်း တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့ အခြေအနေမှာပဲ ရှင်သန်နိုင်သူတွေလို့  လုပ်ငန်းရှင်တွေက ယုံ ကြည်ပါတယ်။

နောက်ပြီး ‘စွမ်းဆောင်မှုလွန်ကဲသူ’ တွေကို လေ့ကျင့်ပြုပြင်ပေးရတာခက်ပါတယ်။ ပုံသေကားကျနေတဲ့ တွေးပုံ၊ ခေါ်ပုံ လုပ်ကိုင်ပုံတွေကြောင့် အိမ်ထဲကခုံကြီးတစ်လုံးကို ဘယ်မှာရွှေ့ ရွှေ့ အဆင်မပြေဘဲ သူ့ နေရာမှာဘဲထားမှ အဆင်ပြေနိုင်တဲ့သဘောဖြစ်နေလို့  အဲဒီလူတွေကို ရာထူးတိုးပေးရခက်တာပါ။

စွမ်းဆောင်ရည်မြင့်မားသူတွေကိုတော့ မန်နေဂျာတွေကမွေးထုတ်နိုင်ပါတယ်။ စွမ်းဆောင်မှုလွန်ကဲတဲ့အကျင့် ရှိသူတွေကိုလည်း နုစဉ်ကာလမှာပဲရှိနေသေးရင် လေ့ကျင့်ပြုပြင်ပေးလို့  ရနိုင်ပါတယ်။ စွမ်းဆောင်ရည် မြင့်မားသူ နဲ့  စွမ်းဆောင်မှုလွန်ကဲသူတွေကို ခွဲခြားသိမြင်နိုင်ဖို့  မန်နေဂျာတွေဟာ (၁) သူတို့ ပြီးမြောက်အောင် လုပ်ဆောင် ခဲ့တာတွေကို ပြန်လည်ဆန်းစစ်ပါတယ်။ (၂) ဗျူဟာခင်းကျင်းခဲ့ပုံတွေကို ကြည့်ပါတယ်။

အလုပ်တစ်ခုကို ပြီးမြောက်အောင်ဆောင်ရွက်ရာမှာ စွမ်းဆောင်မှုလွန်ကဲသူတွေဟာ တစ်သွေး၊တစ်သံ၊တစ်မိန့်  စနစ်ရဲ့ သားကောင်ဖြစ်သွားပါတယ်။ စွမ်းဆောင်ရည်မြင့်မားသူတွေကျတော့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ရည်မှန်းချက်၊ စီမံချက်၊ အကောင်အထည်ဖော်ဆောင်ရွက်ချက်၊ ရလာဒ်ကို နောက်ကနေပြန်စဉ်းစားပါတယ်။ ဒီ အလုပ်ရဲ့ ရလာဒ်ဟာ ဘာဖြစ်ရမလဲ။ ဒီလိုရလာဒ်မျိုးရလာဖို့  ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်ရမလဲ။ အဲဒီအတွက် ဘာတွေကိုစီမံထားရမလဲ။ ဒီအစီအမံတွေအားလုံးဟာ ဒီအလုပ်အတွက် စိုက်ထုတ်သင့်ရဲ့ လား၊ လုံ လောက်ရဲ့ လား ဆိုတာတွေကိုတွက်ချက်ပြီး ဥာဏအား၊ ခွန်အား၊ လူအင်အား၊ ငွေအင်အား ဘယ်လောက်ပဲ စိုက် ထုတ်သင့်တယ်ဆိုတာကို သိကြပြီး အဲဒီအတိုင်းလုပ်ကြလို့  အလုပ်ပြီးတာခြင်းအတူတူ တစ်သွေး၊တစ်သံ၊တစ်မိန့်  လုပ်တတ်တဲ့သူတွေထက် ရလာဒ်ကနေနောက်ကြောင်းပြန်စဉ်းစားတတ်သူတွေက ပိုပြီးတော်တဲ့ စီမံခန့် ခွဲရေး သမားတွေဖြစ်လာနိုင်ကြပါတယ်။

လုပ်ငန်းခွင်လောက ပညာရှင်တွေက ထူးချွန်ခြင်းနဲ့ အပြစ်ကင်းစင်ခြင်းကို ခွဲခြားသိမြင်ဖို့  အမြဲသတိပေးပါတယ်။ စွမ်းဆောင်မှုလွန်ကဲသူတွေက အပြစ်မရှိအောင် အရာရာကိုပြီးအောင်လုပ်တာပါ။ စွမ်းဆောင်ရည်မြင့်မားသူတွေ ကတော့ ထူးထူးချွန်ချွန်ဖြစ်ဖို့  ကြိုးစားကြတာပါ။ ဒီလိုထူးချွန်အောင်ကြိုးစားရာမှာ မှားတာတွေလည်း ပါသွားနိုင် သလို စွန့် လွှတ်လိုက်ရတာတွေလည်းရှိပြီး အထက်အရာရှိတွေနဲ့ ထိပ်တိုက်တွေ့ ရတာမျိုးကိုလည်း သူတို့ က မရှောင်ကြပါဘူး။ သူကထူးချွန်ချင်တာ၊ ရာထူးတိုးချင်တာမဟုတ်ဘူး။ စွမ်းဆောင်မှုလွန်ကဲသူတွေက ရာထူးတိုး ချင်တာ၊ ထူးချွန်ချင်တာမဟုတ်ဘူး။ ဒီတော့ မလိုချင်တဲ့လူကရပြီး လိုချင်တဲ့လူကမရတာ မဆန်းပါဘူး။

ဒီတော့ ကျွန်တော်တို့ ပြန်စုပြီးတွေးကြည့်ရအောင်။ အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ရာထူးတိုးဖို့  မျှော်နေမလား၊ ဒါမဟုတ် အလုပ်တစ်ခုကိုအကောင်းဆုံးဖြစ်အောင်လုပ်ပြီး ရလာတဲ့အတွေ့ အကြုံတွေနဲ့  ပိုကောင်း တဲ့ လမ်းကြောင်းသစ်တွေဖောက်သွားမလား။

တခြားဝန်ထမ်းတွေကိုကြည့်ရတာ ပျော်ရွှင်နေကြပြီး အားလုံးနဲ့ လည်း ၀င်ဆန့် နိုင်ကြတယ်။ မကြာပါဘူး။ သူတို့ ရာထူးတိုးသွားကြတယ်။ ကိုယ့်လောက်လည်းအလုပ်မလုပ်ဘဲနဲ့ ။ ကိုယ် ကျတော့ စိတ်ဓါတ်ကျလောက်အောင်ကို အလုပ်လုပ်ရပြီး ပျော်ရွှင်ဖို့ ဝေးလို့ ၊ ကိုယ့်ကိုအားလုံးကမေးငေါ့ပြီး မနှစ် မြုပ်တဲ့အကြည့်နဲ့  ကြည့်နေကြတယ်။ ရာထူးတိုးစာရင်းက ကိုယ်နဲ့ မဆိုင်သလိုပဲ ဆိုရင်ကော။

ဒီအကျင့်မျိုးက ကျောင်းသား ဘ၀ကတည်းက ပါလာနိုင်ပါတယ်။ ကျွန်မသမီးလေးက ကျောင်းမှာအမြဲပထမရတယ် လို့  ကြွားလာတဲ့မိဘကို ကျွန်တော်ပြောလိုက် ချင်ပါတယ်။ ခင်ဗျားကလေးက စွမ်းဆောင်မှု လွန်ကဲသူဖြစ်နေပါပြီ လို့ ။ 

ကျွန်မကလေးကတော့ အားကစားလည်းပါတယ်။ ထူးချွန်လည်းပါတယ်။ ဂီတလည်းသင်ယူနေတယ်။ ကျောင်းမှာ လည်း တစ်နှစ်တစ်တန်းအောင်တယ်ဆိုရင်တော့ ကျွန်တော်အားပါးတရပြုံးပြီး ခင်ဗျားကလေးကတော့ စွမ်းဆောင် ရည်မြင့်မားသူဖြစ်လာနိုင်ပါတယ်လို့  ဂုဏ်ပြုလိုက်ချင်ပါတယ်။

ဒီကလေးတွေကြီးလာတဲ့အခါ မိဘကပုံသွင်းပေးလိုက်တဲ့ ပုံစံခွက်ထဲကနေ လွယ်လွယ်နဲ့ မထွက်နိုင်ကြတော့ ပါဘူး။ စွမ်းဆောင်မှုလွန်ကဲသူကလည်း အဲဒီအယူအဆနဲ့ ပဲ လုပ်ငန်းခွင်ထဲရောက်လာမှာပါ။ စွမ်းဆောင်ရည် မြင့်မားသူတွေ ကလည်း လုပ်ငန်းခွင်ကို စိမ်ခေါ်ပြီးရောက်လာ ကြမှာပါ။ စွမ်းဆောင်မှု လွန်ကဲသူတွေကို အလုပ် နေရာလိုလိုချင်ချင် ပေးကြပါတယ်။ သူက တစ်ကယ်အလုပ်လုပ်မှာကိုး၊ ဒါပေမယ့် ရာထူးတိုးပေးလို့ တော့ မဖြစ် ဘူး။

စွမ်းဆောင်ရည် မြင့်မားသူတွေကိုလည်း အလုပ်ရှင်တွေက ကြိုဆိုလက်ခံကြပါတယ်။ သူတို့ အနားမှာခေါ်ထားပြီး ရာထူးတွေ အဆင့်ဆင့်တိုးပေးလို့  စွမ်းဆောင်မှုလွန်ကဲသူတွေကို အုပ်ချုပ်ခိုင်းပါတယ် ဆိုတာကို လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...