ရှောင်ကြဉ်ထိုက်သော ပုဂ္ဂိုလ် (၁၅)ယောက်

၁။ ယုတ်မာသော အလိုဖြင့် မိမိမှာ ထင်ရှားမရှိသော ဂုဏ်ကျေးဇူးကို တောင့်တသော ပုဂ္ဂိုလ်
၂။ မိမိကိုယ်ကို ချီးမွမ်း၍ သူတစ်ပါးကို ရှုတ်ချတတ်သော ပုဂ္ဂိုလ်
၃။ အမျက်ဒေါသ နှိပ်စက်သော ပုဂ္ဂိုလ်
၎။ အမျက် ထွက်ခြင်းဖြင့် ရန်ငြိုးဖွဲ့သော ပုဂ္ဂိုလ်
၅။ အကြိမ်များစွာ အမျက်ထွက်သော ပုဂ္ဂိုလ်
၆။ ဒေါသပါသော အသံဖြင့် စကားဆိုသော ပုဂ္ဂိုလ်
၇။ ဆိုဆုံးမသောသူကို ဆန့်ကျင်သော သဘောဖြင့် စကားဆိုသော ပုဂ္ဂိုလ်
၈။ ဆိုဆုံးမသောသူကို ပြန်လှန်ပြောဆို အပြစ်တင်သော ပုဂ္ဂိုလ်
၉။ ဆိုဆုံးမသောအခါ အတင်းအဖျင်းပြော၍ ဖုံးကွယ်ပြီး ပြင်ပသို့ ထိုစကားကို ရောက်စေသော ပုဂ္ဂိုလ်
၁၀။ ဆိုဆုံးမသောအခါ ပြေပြေပြစ်ပြစ် လည်လည်ပတ်ပတ် မပြောဆိုနိုင်သော ပုဂ္ဂိုလ်
၁၁။ သူတစ်ပါး၏ ဂုဏ်ကိုချေဖျက်ပြီး ပြိုင်ဆိုင်ချင်သော ပုဂ္ဂိုလ်
၁၂။ သူတစ်ပါး ဥစ္စာရသည်ကို မနာလို၊ မိမိဥစ္စာကို ၀န်တိုတတ်သော ပုဂ္ဂိုလ်
၁၃။ မိမိအပြစ်ကို ဖုံးကွယ်ပြီး စဉ်းလဲကောက်ကျစ်သော ပုဂ္ဂိုလ်
၁၄။ လွန်စွာခက်ထန်၍ အလွန်မာနကြီးသော ပုဂ္ဂိုလ်
၁၅။ မိမိ၏ မှားသောအယူအဆကို စွဲမြဲစွာ လက်ခံပြီး မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ် စသည်တို့ ဖြစ်ကြသည်။

Credit ...မူရင်းစာရေးသူသို့ .....(မူရင်းရေးသူ အမည်မပါပါ) 

ရွှေအိမ်စည် စာကြည့်တိုက်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...