အိမ်မက်၏ စွမ်းအား
ဒေါက်တာ ပတ်ထရစ်ဘော်ကီ ဦးဆောင်ပြီး လေ့လာမှု တစ်ခုအရ လူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် ပြီး အိပ်မက်တွေ ထဲကနေ အဖြေရှာ ဖွေထုတ်နိုင်စွမ်းကို တွေ့ရှိခဲ့ကြပါ တယ်။ ဒေါက်တာ ပတ်ထရစ်က ““လူ တွေဟာ အိပ်ပျော်သွားတဲ့ အခါမှာ မသိစိတ်နဲ့ အိပ်မက် ထဲမှာ အဖြေတစ် ခုရှာလေ့ရှိပါတယ်””ဟု ပြောပါသည်။
သူတို့ရဲ့ လေ့လာမှုအရ အိပ်မက်မက် သူတွေဟာ အိပ်မက် မမက်သူထက် တကယ့် အပြင်လောကမှာ အခက်အခဲတွေ ဖြေရှင်းနိုင်စွမ်းအား မြင့်မားကြောင်း တွေ့ရှိရပါတယ်။ ဒီလေ့လာမှု အတွက် အသက် ၁၈နှစ်နှင့် ၂၅နှစ် ကြားလူပေါင်း ၆၈ ယောက်ကို လေ့လာခဲ့ကြပါ တယ်။ ပြဿနာရပ် ၃၀ခု ကို ဖန်တီးပြီး ဖြေရှင်းစေပါတယ်။ စကားညွှန်းကို တစ်ခုထပ်ဖြစ်အောင် ပေါင်းစပ်အဖြေ ထုတ်စေပါတယ်။ လေ့လာမှုအရ အိပ်မက်မက်သူ တွေဟာ အိပ်မက်မမက်သူတွေထက် ၂၅ရာခိုင်နှုန်း ပိုမို ဖြေဆိုနိုင် တာတွေ့ ရပါတယ်။ ဒီလေ့လာမှုအရ အိပ်မက် မက်သူတွေဟာ အပြင်လောကတွင် ပြဿနာများကို ပိုမိုဖြေရှင်းနိုင်ကြောင်း သိခဲ့ရပါတယ်။
မာဃ
Ref;MNT

Health Updates Journal No,(132)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook