ငရုတ်ကောင်းပင်၏ ဆေးဖက်ဝင် အာနိသင်
ဗြိတိသျှ ဆေးကျမ်းအဆို
=================
ငရုတ်ကောင်းကို သွေးတိတ် ဆေး၊ လေဆေးများတွင် သုံးရ၏။ ညောင်းကျနာ၊တက်ဖျား၊ကျဖျား၌ လည်း အသုံးပြုနိုင်သည်။ ပွေး၊ ဒဏ်ရောဂါများ အတွက်လည်း လိမ်းဆေးအဖြစ် သုံးနိုင်သည်။ အတွင်း လိပ်ခေါင်းရောဂါ၌ ပလတ် စတာပြုလုပ်၍ သုံးရ၏။
မြန်မာ ဆေးကျမ်းအဆို
================
အရသာအားဖြင့် စပ်၏၊ ပူ၏။ (ကြေကျက်ပြီးနောက် စပ်၏၊) ဝမ်း မီးကို တောက်စေ၏။ လေသလိပ် ကို ပယ်တတ်၏။ သည်းခြေကို ဖြစ်စေတတ်၏။ ပန်းနာ၊ လေအောင့် ရောဂါ၊ ပိုးရောဂါများကို ပျောက် ကင်းစေ၏။ သလိပ်ကို ကြေစေ ၏။ အစာကိုလည်း ကြေစေ၏။ သွေးကို ကြွစေ၏။ နို့ရည်ကို လည်း ထွက်စေ၏။ သွေးပုပ်၊ အတွင်းပူ၊ မီးတွင်း ချွေးမထွက် ခြင်း၊လေသလိပ်ပုပ်နာတို့ကိုနိုင်၏။
ဓာတ်သဘော-အပူ၊ တေဇော အတက်၊ ဥဏှအာကာသ(ဆီးနည်း၊ ဓာတ်ချုပ်၊ သွေးတက်)
အိန္ဒိယ ဆေးကျမ်းအဆို
================
ငရုတ်ကောင်းသည် ပူ၏။ လေသက်၏၊ အစာကို ကြေစေ ၏။ ဗိုက်နာပျောက်စေ၏။ အာရုံ ကြောများကို အားပေး၏။ ပိတ်ဆို့ မှုများကို ဖယ်ရှားပေး၏။ လေပူ၊ အစာမကြေ၊ အားအင်ကုန်ခန်း၊ စအိုလျှော၊ ဝမ်းဖောဝမ်းပျက်၊ ကာလဝမ်း၊ မြင်းသရိုက်ရောဂါ၊ ချောင်းဆိုး၊ ညောင်းကျ၊ ငှက်ဖျား၊ လေဖြတ်၊ အဆစ်ရောင်ရောဂါတို့၌ အသုံးပြုနိုင်သည်။ ဆီးကို ရွှင်စေ၍ မီးယပ်သွေးကို ပို၍သက်စေ၏။
ရောဂါကုသနည်းများ အသက် ရှည်ဆေး
===========================
အသက်ရှည်ဆေးဆိုသည်မှာ ရောဂါဝေဒနာ ကင်းဝေးစေခြင်းပင် ဖြစ်ပါသည်။ အိမ်တွင်း ဖော်စပ် စားသုံးနိုင်မည့် ဆေးနည်း တစ် လက်မှာ ငရုတ်ကောင်း ငါးကျပ် သား၊ လေးညှင်းပွင့်ငါးကျပ်သား၊ မြင်းခွာဥတစ်လုံး နှစ်ကျပ်သားတို့ ကို အမှုန့်ပြု၍ ပျားရည်ဖြင့် ရော စပ်ပြီး ပုလင်းတစ်လုံးတွင် ထည့် ထားပါ။ ဆေးတစ်ခွက်စာ ပမာဏ လက်ဖက်ရည် ဇွန်းတစ်ဇွန်း ဖြစ်ပါ သည်။ ဆေးကို နေ့စဉ်တစ်နေ့ နှစ် ကြိမ်စားသုံးပေးရပါမည်။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် စားပေး ခြင်းဖြင့်ကျန်းမာ၍အသက်ရှည်စေ ပါသည်။
နှာခေါင်းသွေးယိုကုသနည်း
===================
နှာခေါင်းသွေးယိုခြင်းကိုကုသ ရာတွင် ကုထုံးအမျိုးမျိုးရှိပါသည်။ ထိုကုသနည်းများအနက် ငရုတ် ကောင်းဖြင့် ကုသနည်းကို ဆက် လက်ဖော်ပြပါမည်။ ဆေးနည်းမှာ ငရုတ်ကောင်းတစ်စေ့ကို ရှိန်းခို ရွေးစေ့ထက်ဝက်ခန့်တွင် ရောစပ်၍ ဆေးတစ်ခွက်စာအဖြစ် တိုက်ကျွေး ပေးခြင်းဖြင့် နှာခေါင်းသွေးယိုခြင်း ကို ရပ်တန့်စေနိုင်ပါသည်။
မျက်စိထိခိုက်ဒဏ်ရာရခြင်း
==================
ငရုတ်ကောင်း တစ်စေ့ကို ကျောက်ပျဉ်တွင်သွေးပါ။ ရရှိသော ဆေးရည်ဖြင့်မျက်လုံးထဲသို့ မဝင် စေရန်သတိထား၍မျက်စိတစ်ဝိုက် ကိုမျက်ကွင်းဆေးအဖြစ်အသုံးပြု ပေးခြင်းဖြင့် မျက်စိထိခိုက်ဒဏ်ရာ ရရှိခြင်းကို သက်သာပျောက်ကင်း စေနိုင်ပါသည်။
ရာသီဥတုကြောင့် ချောင်းဆိုးခြင်း
======================
ရာသီဥတု အကူးအပြောင်း များတွင်ဖြစ်တတ်သည့်ချောင်းဆိုး ခြင်း၊ပန်းနာရောဂါထခြင်းတို့သည် အေးသောရာသီဥတုတွင် အဖြစ် များပေသည်။ ထိုကဲ့သို့ ဖြစ်လျှင် ဤကဲ့သို့ ကုသနိုင်ပါသည်။
ငရုတ်ကောင်းအမှုန့်ကို ပျား ရည်နှင့်စပ်၍ ပုလင်းတစ်လုံးတွင် ထည့်ထားပါ။ ရောဂါဖြစ်စဉ် လျက် ဆေးကဲ့သို့လျက်ပေးနိုင်ပါသည်။
ကြို့ထိုးလျှင် လွယ်ကူစွာကု သနည်း
=========================
မီးဖိုဆောင်တွင် အသင့်ရရှိ နိုင်သော ငရုတ်ကောင်းတစ်စေ့ ကိုယူ၍ ဖျာချုပ်အပ်ထိပ်ဖြင့် ထိုးပြီး ဖယောင်းတိုင်မီးနှင့် ကင်ပေးပါ။ ငရုတ်ကောင်းမှ ထွက်ရှိသော အခိုးအငွေ့များကို အဆုတ်ထဲ၊ ဦးနှောက်ထဲသို့ရောက် ရှိစေရန်အားရပါးရအငွေ့ကိုရှူရှိုက် ပေးခြင်းဖြင့် ကုသနိုင်ပါသည်။
ဒေါက်တာ စိုးမြင့်အောင်(ဝါးခယ်မ)
The Union Daily
--------------------------------------
- (အရှေ့သို့) Total ROMs you might need.. Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) နွားနို့နှင့် ဓါတ်မတည့်ရခြင်း အကြောင်းရင်း တွေ့ရှိ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း