မွေးကတည်းက သွား(၂) ချောင်းပါလာတဲ့ သမီးကြောင့် မိခင်ဖြစ်သူ အထိတ်တလန့် ဖြစ်ခဲ့ရ

အေသင်အောင်

ကလေးငယ်တွေဟာ အသက်ခြောက်လ အရွယ် လောက်မှ သွားစတင်ပေါက်တာ ဖြစ်ပေမယ့် ဝေးလ်စ်နိုင်ငံ၊ ကာဒစ်ပ်မြို့မှာ မွေးဖွားခဲ့တဲ့ ရို့စ် အမည်ရ သမီးငယ်လေးဟာ မွေးကတည်းက သွားနှစ်ချောင်း ပါလာခဲ့လို့ မိခင်ဖြစ်သူ ပူလန်ဟာ အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ပူလန်ဟာ မွေး ကတည်းက ရှေ့သွား နှစ်ချောင်းပါခဲ့တဲ့ သမီးငယ် အတွက် စိုးရိမ်ပူပန်ခဲ့ ပါတယ်။ ဆေးရုံက တာဝန်ရှိသူ တွေက ကြုံတောင့်ကြုံခဲဖြစ်ရပ် အတွက် အံ့အားသင့်ခဲ့ကြပြီး မွေးကတည်းက သွားပါတဲ့ သမီးငယ် လေးကို အထူးအဆန်းသဖွယ် လာရောက် ကြည့်ရှုခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေ ကတော့ ကလေးငယ် (၂၀၀၀) ဦး ကနေ (၃၀၀၀) ဦး အထိ မွေးဖွားခဲ့ရင် တစ်ဦးမှာ ဒီလိုမျိုး အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပြောကြားခဲ့ပြီး စိုးရိမ်စရာ မလိုကြောင်း ဆိုခဲ့ပါတယ်။

မိခင်ဖြစ်သူ ပူလန်က သမီးရဲ့သွားတွေဟာ သာမန်သွားတွေ ဖြစ်ကြောင်း၊ နို့တိုက်ကျွေးရာမှာလည်း နာကျင်မှု မရှိကြောင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်ရဲ့ သွားကို မွေးဖွားပြီး ရက် အနည်းငယ်အကြာမှာ ဖယ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သွားတွေဟာ ခိုင်မြဲမှု မရှိလို့ ကျွတ်ထွက်ပြီး မျိုချမိရင် ကလေးငယ် အန္တရာယ်နဲ့ ကြုံ တွေ့နိုင်တာကြောင့် ဖြစ်ပါတယ်။ မွေးကတည်းက သွားပါလာခြင်းဟာ ဆေးပညာ ရှုထောင့်အရ ဘာပြဿနာမှ မရှိပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရသလဲ ဆိုတာ တိကျတဲ့ အဖြေပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...