ကိုယ်တွင်း အပူကို ကင်းစေတဲ့ ပဲတီစိမ်း
ခန္ဓာကိုယ်တွင်း အပူနဲ့ အဆိပ်အတောက်တွေ ကိုဖယ် ရှားပေးနိုင်တဲ့ ပဲတီစိမ်းကို ပူပြင်းတဲ့ ရာသီဥတုတွေမှာ စားပေးသင့် ပါတယ်။ တရုတ်နိုင်ငံ မှာဆိုရင် ပဲတီစိမ်း ခေါက်ဆွဲ၊ ပဲတီစိမ်းမုန့်၊ ပဲတီစိမ်းထမင်း၊ ပဲတီစိမ်းဟင်းချို၊ ပဲတီစိမ်းဟင်းနဲ့ ပဲတီစိမ်းဝိုင် စသ ဖြင့် အမျိုးမျိုးအဖုံဖုံ စားသုံးကြတဲ့ အပြင် ပဲပင်ပေါက်အဖြစ်ပါ စား သုံးကြပါ တယ်။
ပဲတီစိမ်းဟာ အာဟာရ ဓာတ်ပြည့်ဝရုံသာမက ဆေးဖက် လည်းဝင်ပြီး ခန္ဓာကိုယ်တွင်းအင်္ဂါ တွေ ကျန်းမာဖို့ ထောက်ကူပေးတဲ့ အပြင် သွေးလည်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေပါတယ်။ ရာသီဥတု ပူပြင်းတာကြောင့် ခန္ဓာကိုယ်တွင်း ပူတာ၊ မျက်နှာနီမြန်းတာ၊ ရေ ငတ်တာ၊ အရေပြားခြောက်သွေ့ တာ၊ ဝမ်းချုပ်တာ၊ အားအင်ကုန် ခန်းတာ၊ အပူလျှပ်တာ၊ ခေါင်း ကိုက်တာ၊ ခေါင်းမူးတာတွေကို ပဲတီစိမ်းကကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ တရုတ် ရိုးရာဆေးနည်း အရဆိုလျှင် ခန္ဓာကိုယ်အပူအ အေးမျှတစေဖို့ ပဲတီစိမ်းဟင်းချို ကိုတစ်နေ့နှစ်ခွက်မှ သုံးခွက်အထိ သောက်ပေးရင် အထက်ပါဝေဒ နာတွေကို ကာကွယ်ပြီးသားဖြစ် စေပါတယ်။
ချိုတဲ့အရသာနဲ့ အေးမြတဲ့ သဘာဝရှိတဲ့ ပဲတီစိမ်းတွေဟာ ဝက်ခြံနဲ့မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်မှာ အဖုအပိမ့်အနီ ကွက်ထတာတွေ၊ ပါးစပ်နာဖြစ် တာတွေ၊ ပြည်တည်နာတွေ၊ အနာစိမ်း၊ မွေးကျွတ်နာတွေကို ပါ ပျောက်ကင်းစေနိုင်ပါတယ်။ ခေတ်ပေါ်သိပ္ပံဆေးပညာစမ်း သပ်ချက်တွေအရ ဓာတုပစ္စည်း တွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကရ တဲ့အဆိပ်အတောက်တွေကို ပဲတီ စိမ်းကဖယ်ရှားပေးနိုင်တယ်လို့ဆို ပါတယ်။
အကယ်၍ ဝမ်းပျက်ဝမ်း လျှောဖြစ်နေရင်(ဒါမှမဟုတ်) ခြေ လက်တွေအေးနေရင်တော့ ပဲတီ စိမ်းကိုမစားသင့်ပါဘူး။ ပဲတီစိမ်း နဲ့ဓာတ်တည့်၊ မတည့်ကိုလည်း တတ်ကျွမ်းနားလည်တဲ့ဆရာဝန် နဲ့အရင်ဆုံးတိုင်ပင်ပြီးမှ စားတာ ကပိုပြီးသင့်တော်ပါတယ်။
—Ref: pingminghealth

7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) ဆေးဖက်ဝင် မာလကာရွက် Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) အစ္စရေးစစ်တပ်မှာ တာဝန် ထမ်းဆောင်နေသော အမျိုးသမီး စစ်သည်များ (ဓါတ်ပုံ) Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း