CMD (SC Command) ဖြင့် /OnLineUpdate/ LiveUpd.exe Error ဖြေရှင်းနည်း
ကျနော် Windows 8.1 စသုံးကတည်းက ဒီ LiveUpdate.exe Error ဘောက်စ်ပေါ်နေတာ ကြာပြီ..။ ၁၅ မိနစ် တစ်ကြိမ် ဒီဘောက်စ် ပေါ်လာတော့တာပဲ..။ တချို့စက်တွေမှာ ဆိုရင်တော့ တစ်မိနစ် တခါ ပေါ်လေ့ရှိတယ်..။ ဘယ်လိုပဲ ဖျက်ဖျက် ပြန်ပေါ်နေတတ်တယ်..။ အချိန်ရတဲ့ တစ်ရက်မှာတော့ ဒီ CMD နည်းနဲ့ ဖြေရှင်းလိုက်မှ အဆင်ပြေသွားတော့တယ်..။ Windows 8.1 တွေမှာမှ ဖြစ်တတ်တာမဟုတ်ပဲ Windows 8 နဲ့ Windows 7 တွေမှာလည်း ဒီလို Error တွေ ဖြစ်တတ်ပါတယ်..။
တချို့ဆော့ဝဲလ်တွေဖြစ်တဲ့ IObit ဆော့ဝဲလ်တွေနဲ့ Revo Uninstaller ဆော့ဝဲလ်တွေ သွင်းမိရင်လည်း ဒီလိုတွေ ဖြစ်တတ်ပါတယ်..။ ကျနော့်စက်မှာတော့ အရင်ဝင်းဒိုးတွေမှာ သုံးနေကျ အင်တာနက်သုံး Broadband ဆော့ဝဲလ်ထည့်ပြီး ကတည်းက ဖြစ်နေတော့တာ.. အရင်ဝင်းဒိုးတွေမှာ မဖြစ်ပဲ ဒီဝင်းဒိုးမှ လာဖြစ်နေပါတယ်..။ မသိသေးတဲ့သူများအတွက် ဖြေရှင်းဖို့ ခက်နေမှာပါပဲ.. အခုဒီနည်းကတော့ အရမ်းလွယ်ကူပြီး ထိရောက်တဲ့ ဖြေရှင်းနည်းလေးပါ..။ ကျနော့်လို LiveUpdate.exe Error ဘောက်စ် ဖြစ်ပေါ်နေတဲ့ သူများရှိလာခဲ့ရင် ဖြေရှင်းလို့ လွယ်ကူအောင်၊ ဒီနေ့တော့ ပိုစ့်တခုအဖြစ် ဒီဖြေရှင်းနည်းကို တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ CMD (Command Prompt) မှာ SC Command စာကြောင်းလည်း ရိုက်ထည့်ပြီး ဖြေရှင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီဖြေရှင်းနည်းကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။အရင်ဆုံး ကျနော်တို့ ဒီ Error ပေါ်လာခဲ့ရင် ဘယ်ဖိုင်ထဲကလဲ ဆိုတာ သိရအောင် ဒီ Error ဘောက်စ်ကို မပိတ်ပဲ Taskbar မှာ အောက်ကပုံလေးအတိုင်း Right Click ထောက်ပြီး Task Manager ကနေ ဖွင့်ကြည့်နိုင်ပါတယ်..။
Processes နေရာက LiveUpd (32 bit) စာသားလေးပေါ်မှာ Right Click ထောက်ပြီး Properties နေရာကနေ ကြည့်လိုက်ရင်တော့.. အောက်ကပုံလေးတွေအတိုင်း ဒီကောင်လေး ထွက်ပေါ်လာတဲ့ ဆော့ဝဲလ်တွေရဲ့ Install ဖိုဒါလေးထဲထိ သွားရောက် ကြည့်နိုင်ပါတယ်..။ အဲ့ဒီထဲမှာ Delete နဲ့ ဖျက်ပစ်လိုက်ရင်လည်း ပြန်ပေါ်လာနေအုန်းမှာပါပဲ..။ ဒါကြောင့် CDM Command နဲ့ပဲ ဖျက်ပစ်မှ လုံးဝ ပျောက်သွားမှာ ဖြစ်ပါတယ်..။
အပေါ်ပုံကတော့ Windows 8.1 နဲ့ ပြပေးထားတာ ဖြစ်ပြီး အောက်ကပုံလေးကတော့ Windows 7 မှာ ကြည့်နည်း ဖြစ်ပါတယ်..။ ဘယ်ဝင်းဒိုးပဲ ဖြစ်ဖြစ် ကြည့်နည်းနဲ့ လုပ်နည်းက အတူတူပါပဲ..။
Windows 7 သုံးသူများကတော့ အပေါ်ကပုံလေးအတိုင်း Start ကနေ Command Prompt ကို Run as administrator နဲ့ ဖွင့်ပါ..။ Windows 8 နဲ့ 8.1 သုံးသူများကတော့ Start မှာ Right Click ထောက်ပြီး အောက်ကပုံလေးအတိုင်း CMD Command Prompt ကို ဖွင့်နိုင်ပါတယ်..။
အောက်ကပုံလေးအတိုင်း Administrator: Command Prompt လေး ပေါ်လာရင် ပုံမှာ အနီတားပြထားတဲ့ စာသားလေး (sc delete LiveUpdateSvc) ကို မှန်အောင် ရိုက်ထည့်ပါ..။ ပြီးရင်တော့ Enter တချက် ခေါက်ပေးလိုက်ပါ..။ အောက် ဒုတိယ ပုံအတိုင်း DeleteService SUCCESS စာသား ထပ်ပေါ်လာရင်တော့ Exit နဲ့ထွက်ပြီး စက်ကို Restart တခါ ချပေးလိုက်ပါ..။
စက်ပြန်တက်လာပြီးရင်တော့ ဒီ Error မျိုး နောက်မပေါ်တော့ပါဘူး..။ အပေါ်ပိုင်းမှာ ပြခဲ့တဲ့ ဒီ Error ထွက်ပေါ်လာတဲ့ ဘောက်စ်ထဲကို သွားပြန်ဝင်ကြည့်လိုက်ရင်လည်း.. အောက်ကပုံလေးအတိုင်း LiveUpd စာသားနဲ့ ကောင်လေး မရှိတော့တာကို အောက်ကပုံလေးအတိုင်း လက်တွေ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်..။
ဒီလောက်ဆိုရင်တော့ ဒီနည်းနဲ့ ဒီလို Error မျိုးကို လက်တွေ့ ဖြေရှင်းနိုင်သွားပြီ ဖြစ်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။
ref;lwinminbo.blogspot.com
--------------------------------------
- (အရှေ့သို့) Windows 8.1 အသုံးပြုသူများအတွက် USB Pendrive (or) SD Card ဖြင့် Recovery Files ပြုလုပ် ဖန်တီးနည်း ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) Coolpad 7060 network unlock apk …..For Android ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်း