မိုဘိုင်းလ်ဖုန်းတွေရဲ့ Default Security Code ဆိုတာ...


မိုဘိုင်းလ်ဖုန်းတွေမှာ ဖုန်းကုမ္ပဏီတွေက တပါတည်း ထည့်ပေးထားတဲ့ Security code တွေကို သတိပြုမိကြမှာပါ... ဒီ code တွေဟာဆိုရင် users တွေက မပြောင်းမချင်း နဂိုအတိုင်း တည်ရှိနေပါတယ်... ဖုန်းအသုံးပြုသူ users တွေရဲ့ လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေး လျို့ဝှက်ချက်တွေအတွက် ဒီ Security code တွေကို အားကိုး အားထား ပြုကြပါတယ်... ဥပမာဆိုရင် မိမိတို့ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေကို အခြားပြင်ပ သူစိမ်းတွေက ချဉ်းကပ်လို့ မရအောင် လုံခြုံရေး code တွေက ကာကွယ်ပေး ထားပါတယ်... ဖုန်းကို နဂိုအတိုင်း ပြန်ဖြစ်အောင် factory reset လုပ်တာပဲဖြစ်ဖြစ် security setting ထဲမှာ တခုခု အပြောင်းအလဲ လုပ်တာပဲဖြစ်ဖြစ် security code လိုအပ်မှာပါ... 

အကယ်၍ ဖုန်းတလုံးမှာ default security code ရိုက်ထည့်လို့ (‘wrong code’ (သို့) ‘code error' စသဖြင့်) error တခုခု ပြနေမယ်ဆိုရင် ဒီ default code ကို ဖုန်းပိုင်ရှင်ကဖြစ်စေ... တခြား တစုံတယောက်ကဖြစ်စေ ပြောင်းလိုက်လို့ ဖြစ်ပါတယ်... ဒါဆိုရင် code အသစ်ပြောင်းလိုက်တဲ့ user တဦးတည်းကသာ အဆိုပါ ဖုန်းတခုလုံးကို ချယ်လှယ်ခွင့် ရရှိမှာဖြစ်ပါတယ်... 

အဲဒါကြောင့် အကြံပြုချင်တာက user တွေရဲ့ လုံခြုံရေးနဲ့ privacy တွေအတွက် ဖုန်းရဲ့ security code ကို နဂို default အတိုင်း မထားပဲ ပြောင်းလဲ အသုံးပြုသင့်ပါတယ်... ပြောင်းလိုက်တဲ့ code ကိုလည်း အမြဲတမ်း မှတ်ထားသင့်ပါတယ်... မေ့လို့ မရပါဘူး.. ဖုန်းက security code တောင်းလာလို့ မှားပြီးရိုက်ထည့်လိုက်ရင် device အနေနဲ့ လက်ခံမှာ မဟုတ်ပါဘူး... 

Phone ဟန်းဆက်တိုင်းရဲ့ security code တွေဟာ users တွေ မပြောင်းမချင်း နဂိုမူလ default အတိုင်း အမြဲတမ်း တည်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်.. အောက်က ဖော်ပြပေးထားတာကတော့ အဓိက ဖုန်း brands တွေရဲ့ security code တွေ ဖြစ်ပါတယ်... ဖုန်းကုမ္ပဏီက ပါလာတဲ့အတိုင်း default code တွေပါ... လိုအပ်တဲ့အချိန် အသုံးပြုနိုင်အောင် စုစည်းပေးလိုက်ပါတယ်...

Samsung: 0000 (4 times zero) / 00 00 00 (6 times zero) / 00 00 00 00 (8 times zero)

Nokia: 12345

အခြား ဖုန်း brands များ ( Sony, Motorola, LG, Panasonic, etc): 0000 / 1234 / 9999

Chinese brands: 1122 / 0000 / 1234

Lava: 4321

ဖုန်း security setting ထဲမှာ မိမိတို့ ဟန်းဆက်အလိုက် အပေါ်က default code ကို အရင်ရိုက်ထည့်ပြီး မိမိစိတ်ကြိုက် code အသစ်တွေကို ပြောင်းယူပါ... code အသစ်ပြောင်းသုံးဖို့လည်း အကြံပြုပါတယ်...

(မှတ်ချက်။ ။iPhone နဲ့ blackberry တွေမှာတော့ default security codes မရှိပါဘူး... security setting ထဲမှာ users တွေကိုယ်တိုင် ရိုက်ထည့်ပေးမှာသာလျှင် code ရရှိမှာ ဖြစ်ပါတယ်...။)


အဆင်ပြေပါစေ...!
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...