Facebook မှ မြန်မာလူမျိုးအား အလုပ်ခေါ်


Market Specialist Community Operations, Burmese အမည်နဲ့ Facebook က မြန်မာလူမျိုးကို အလုပ်ခေါ်နေ ပါပြီ။ လက်ရှိ Facebook မှာ မြန်မာ Market အတွက် Team တစ်ခု readyရှိထားပြီး နောက် ထပ် မြန်မာလူမျိုး တစ်ဦးကို အားထပ်ဖြည့်ခြင်း ဖြစ်ပါတယ်။ Market Specialist အမည်နဲ့ အဓိက လုပ်ရမှာ ကတော့ မြန်မာပြည် Facebook ကွန်ရက်က ပြဿနာတွေ၊ report တွေကို ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည် ဈေးကွက်ကို Facebook တို့ ချဲ့ထွင်နိုင်ဖို့ အတွက် လိုအပ်တဲ့ ပြည်တွင်း သတင်းအချက် အလက် များကို report ရေးလို့ တင်ပေးရမှာ ဖြစ်ပါတယ်။ technical skill မှာ သူဟာ SQL အသုံးပြုတတ်ဖို့ လိုအပ်ကြောင်း ဆိုထားပါတယ်။ ယင်းအတွက် အွန်လိုင်းကနေ မိမိကိုယ်တိုင် လွယ်တကူ လေ့လာ လို့ရ ပါတယ်။ အခြားသော အင်္ဂလိပ် နဲ့ မြန်မာ language skill ကို အဓိက တောင်းထား ပါတယ်။ တည်နေရာ ကတော့ Ireland က Dublin ဖြစ်တာကြောင့် ဥရောပ ကျွန်းနိုင်ငံငယ်လေး တစ်ခုမှာပါပဲ။ အင်္ဂလန်နဲ့ နီးပါတယ်။ Online Operation အဖွဲ့အတွက် အားဖြည့်ခြင်း ဖြစ်ပြီး အခြားသော ရာထူးများနဲ့လည်း မြန်မာဘာသာစကား တတ်မြောက်သူ မြန်မာလူမျိုးများ ခေါ်နေပါ သေးတယ်။ မြန်မာရယ်လို့ သီးသန့် မဟုတ်ပဲ အခြားသော အလုပ်များ ကိုလည်း မိမိရဲ့ အရည်အချင်းနဲ့ ကိုက်ညီတယ် ထင်ရင် လျှောက်ထားကြည့်နိုင်ပါတယ်။ www.facebook.com/careers မှာ ဖြစ်ပါတယ်။ Market Specialist အတွက် Link ကတော့ https://www.facebook.com/careers/department?dept=online-ops&req=a0IA000000G3EHbMAN မှာပါ။ နိုင်ငံတကာက မြန်မာတို့အတွက် အလုပ်အကိုင် အခွင့်အရေးတွေ ရှိနေပြီမို့ မိမိကသာ ပြင်ဆင်ထားရန် လိုအပ်ပါတော့တယ်။ 


အောင်ခမ်း (ရိုးရာလေး) 
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...