How To Customize Viber Ringtone
Viber ရဲ့ Ringtone ကို မိမိစိတ်ကြိုက် သီချင်း ပြောင်းလဲ ထည့်သွင်း ချင်ပါတယ်လို့ မေးမြန်းလာသူ အတွက် မိမိရဲ့ iPhone, iPodTouch, iPad ထဲမှ တိုက်ရိုက် လွယ်ကူစွာ Viber Ringtone ပြောင်းလဲ နည်းကို ရေးသားဖော်ပြ ပေးလိုက်ပါတယ်...
**လိုအပ်ချက်များ**
- Ringtone Maker
- iFile / iFunBox
ပထမဦးစွာ Ring Tone ဖန်တီးနိုင်မယ့် Free App တစ်ခုကို Install လုပ်ထားပါ။
>> Install Ringtone Maker
**Ringtone ပြုလုပ်ရန်**
၁) Ringtone Maker App ကိုဖွင့်၍ ပုံတွင် ပြထားသည့်အတိုင်း "Select a song.." ကို နှိပ်ပါ။
၂) iTunes library ထဲရှိ Ringtone ပြုလုပ်လိုသော သီချင်းကိုရွေးပြီး "+" နှိပ်ပြီး ထည့်ပါ။
၃) Ringtone သည် စက္ကန့် ၃၀ သာခွင့်ပြုသည့် အတွက် မိမိ စတင်လိုသော နေရာကို စက္ကန့်အတိကျ မှတ်၍ ရှာပါ၊ အားလုံးပြီးသွားပါက "Save" ကို နှိပ်ပြီး သိမ်းပါ။
ဤနေရာတွင် Ringtone ဖန်တီးခြင်း ပြီးစီးပါပြီ။
မိမိပြုလုပ်ထားသော Ringtone ကို iFile ထဲတွင် Applications/RMaker/Documents ထဲတွင် အောက်ပါပုံအတိုင်း တွေ့နိုင်ပါမည်။
File Name ပြောင်းလိုပါ ဘေးနားရှိ information icon "i" ကို နှိပ်၍ ပြောင်းပါ။
ယခုနမူနာတွင် File name ကို "Sate Pu Tal.m4r" ဟု ပြောင်းလဲထားပါသည်။
**Viber တွင် Ringtone ထည့်သွင်းခြင်း**
၁) iFile ကို ဖွင့်ပြီး Applications/Viber/Viber.app ကိုသွားပါ။
၂) Viper.app folder ထဲတွင် "default" file ကို ရှာဖွေပါ။ (အဆိုပါ file သည် Viper ၏ ringtone ဖြစ်ပါသည်)
၃) "default" file ကို ဖော်ပြပါပုံအတိုင်း 'Edit' နှိပ်၍ File ကို select ပေးပြီး "Cut" ကို နှိပ် 'Done' ကို နှိပ်ပါ။
၎) ပုံတွင်ညွှန်ပြသည့်အတိုင်း "Documents" folder ကိုရွေးပါ၊ Edit နှိပ်ပြီး 'Paste' နှိပ်လိုက်ပါ။
အဝါနှင့် ညွှန်ပြထားသည့်အတိုင်း "default" file လေး ရောက်သွားပါပြီ။
(BackUp လုပ်ထားခြင်း ဖြစ်ပါတယ်)
၅) ပြုလုပ်ထားနှင့်သော ringtone file ကို ယူရန် Applications/RMaker/Documents ထဲသို့ ပြန်သွားပါ။
၆) 'Edit' နှိပ်ပြီး "Sate Pu Tal.m4r" ကို select ရွေးကာ 'Copy' လုပ်ပါ။ Done နှိပ်ပါ။
၇) ထို့နောက် Applications/Viber/Viber.app သို့ ပြန်လည် ဝင်ရောက်ပြီး 'Edit' နှိပ်ကာ 'Paste' လုပ်လိုက်ပါ။ Done နှိပ်ပါ။
၈) Viber.app folder အတွင်း ရောက်ရှိသွားသော "Sate Pu Tal.m4r" file ၏ information icon "i" ကို နှိပ်ပြီး Name တွင် "default.caf" ဟု ပြောင်းလဲ ပေးလိုက်ပါ။
၉) iDevice ကို Reboot လုပ်ပါ။
နောက်တစ်ကြိမ် Viber သို့ Call ဝင်လာသောအခါ သင်ပြောင်းလဲထားသော ringtone အသံလေးနှင့် ဝင်လာတာကို ပျော်ရွှင်စွာ ကြားရပါလိမ့်မည်...
မှတ်ချက်။ ။ Viber ၏ ringtone သည် တစ်ကြိမ်မှာ တစ်ခုသာ ထည့်ထားနိုင်သည့် အတွက် ringtone အသစ် ပြောင်းလိုတိုင်း default.caf အနေနဲ့ ပြောင်းလဲပေးရပါမည်။
ref;မိုးသိကြား
--------------------------------------
- (အရှေ့သို့) Android အတွက် File Managers 2014 စုစည်းမှု စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) လူသားနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင်ကို ရဲတွေ ၀င်ရောက် ဖမ်းဆီးနိုင်ခဲ့ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို