Indifference လွန်မြောက်နိုင်ကြပါစေ


• ‘လောကဓံကို ကြံ့ကြံ့ခံပါ’၊ ‘လောကဓံတရားကို ပြုံးပြုံးလေးနဲ့ ရင်ဆိုင်မယ်’ စသဖြင့်ပြောလေ့၊ ရေးလေ့ ရှိကြတယ်။
• ‘လောကဓံတရား’ ဆိုတာ ဆိုးတာတွေကိုသာ ခေါ်တယ်လို့ မှတ်ကြသူနဲ့၊ မျက်ရည် စက်လက်ဖြစ်ရ တာတွေကိုသာ ခေါ်တယ်လို့ ထင်ကြသူက များမယ်။ 
• တိတိကျကျပြောရရင် (၈) မျိုးရှိတယ်။ (၄) စုံဖြစ်တယ်။ ‘ဆင်းရဲတာ’ နဲ့ ‘ချမ်းသာတာ’၊ ‘ချီးမွမ်းခံရတာ’ နဲ့ ‘ကဲ့ရဲ့ခံရတာ’၊ ‘လာဘ်ရတာ’ နဲ့ ‘မရတာ’၊ ‘အခြွေအရံများတာ’ နဲ့ ‘နည်းတာ’။
• ဒီရှစ်မျိုးမှာ ဆိုးတာ၊ ကောင်းတာ၊ ကြိုက်တာတွေကို ကြုံရရင် ပြုံးရယ်ပျော်ရွှင်လွန်းသူမျိုးတိုင်းဟာ အနုတ်သဘောတွေကို ကြုံရပြန်တဲ့အခါ ဝမ်းနည်း ပက်လက်ဖြစ်မယ်။ ဝမ်းသာစရာရှိလို့ ဝမ်းသာလွန်းသူမျိုးက ဝမ်းနည်းစရာဆိုရင် ဆောက်တည်ရာ မရဖြစ်ကြမယ်။
• လောကဓံအမျိုးမျိုးကို ဘယ်လို ရင်ဆိုင်နိုင်သူဟာ မှန်သလဲ။ 
• ‘တုန်လှုတ်ခြင်းမရှိသူ၊ ကြောက်ရွံ့ခြင်း ကင်းနိုင်သူနဲ့၊ ရမက်မရှိသူ၊ ဘေးရန်ပါကင်းနိုင်သူ’ ဖြစ်ရမယ်။
• လေးနက်တယ်။ သဘောပေါက်သူ နည်းတယ်။ ဖြစ်နိုင်သူက အလွန့်အလွန် ရှားပါးတယ်။ 
• အဲလိုအထိ ပေါက်မြောက်နိုင် သူကိုသာ လောကကို ‘အောင်နိုင်သူ’၊ ‘လွန်မြောက်သူ’ လို့ သတ်မှတ်တယ်။
• ကျန်သူတွေထဲမှာ အနု၊ အရင့်တော့ ကွာကြတယ်။ 


ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၄
နံနက် ၁ နာရီ၊ ၃၃ မိနစ်
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...