iPhone ကိုင်တဲ့သူတွေ ပြောလေ့ လုပ်လေ့ရှိတဲ့ စိတ်ပျက်စရာ အပြုအမူများ

ခုခေတ်မှာ Apple က ထုတ်ကုန်တွေဟာ ကမ္ဘာကို လွှမ်းမိုးထားနိုင် ခဲ့တယ်ဆိုတာ ငြင်းစရာကို မရှိပါဘူး။ ခုဆို ပိုဆိုးတာက iPhone မှ မဟုတ်ရင် အခြားဖုန်း အမျိုးအစားတွေ နဲ့ Apple ထုတ်ကုန်မှ မဟုတ်ရင် အခြား ကုန်ပစ္စည်းတွေဟာ ဘယ်လိုမှ သုံးစားလို့ မရတော့သလို သူတို့ရဲ့နေ့စဉ်ဘ၀တွေမှာ iPhone နဲ့ Apple ဟာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိကုန်ကြပါ တယ်။ ဒါ့ကြောင့် ခု iPhone ကိုင်ထားသူတွေ တော်တော် များများပြောလေ့ရှိတဲ့ စကားတွေကို စုစည်းတင်ပြပေး လိုက်ပါတယ်။ နည်းနည်းတော့ စိတ်အနှောင့် အယှက်ဖြစ်စရာ ကောင်းပါတယ်။

၁။တစ်ခုခုဆို iPhone နာမည် တပ်တပ်ပြီး ပြောတော့တာပါပဲ။

ငါ့ iPhone ဘယ်နားချ ထားမိပါလိမ့်။ ငါ့ iPhone ဆိုတာကို ပါးစပ်ဖျားကကို မချတာပါ။ ဒါဆို အခြား Samsung ဖုန်းတွေ ဆိုရင်လည်း ငါ့ Samsung S3 ၊ ငါ့ Moto G လို့ ဖုန်းနာမည်တွေကို တပ်ပြောရမလို ဖြစ်နပြီ။ အားလုံးဟာ ဖုန်းတွေပါပဲ။ ဘယ်လိုများ ဖြစ်ကြရတာပါလဲ။

၂။မှန်ရှေ့ selfie ရိုက်တဲ့အခါ iPhone တံဆိပ်လေး သိပ်ပါချင်ကြတယ်။

ငါတို့ဖုန်းက iPhone ကွဆိုတာ မအော်ရုံတစ်မယ်ပါပဲ။ မှန်ရှေ့မှာ selfie လေးရိုက်လိုက်ရင်ဖြင့် အမှတ် တံဆိပ်လေး မပေါ်မှာ သိပ်စိုးရိမ်တတ် ကြပါတယ်။

၃။တစ်ခြား ဖုန်းပိုင်ရှင်တွေကို iPhone ပိုင်ရှင်တွေက အထင်သေးသလို ဆက်ဆံတတ်ကြတယ်။

အကုန်လုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့ကတော့ iPhone စွဲတွေ သိပ်ပြင်းထန်တတ်ကြပါတယ်။

၎။တစ်ခုခုဆို iPhone က သိပ်တန်ဖိုးရှိကြောင်း ပြောခံချင်ကြ၊ ကြားချင်ကြတယ်။

ဖုန်းတစ်ခုခုဖြစ်ရင်တော့ သွားပြီ။ တစ်ခြားဖုန်းဆို ကိစ္စမရှိပါဘူး။ iPhone ကတော့ သိတယ်မလား။ ဘယ်ဖုန်းနဲ့မှ မတူဘူးလေ ဆိုတာမျိုးတွေပေါ့။

၅။အခြားဖုန်းတွေဟာ သုံးစားလို့ကို မရပါဘူးဆိုတာမျိုး မျက်နှာရိပ် မျက်နှာကဲ ပြတတ်ကြတယ်။

iPhone ပိုင်ရှင်တွေဟာ သူတို့ဖုန်းတစ်ခုခုဖြစ်လို့ တစ်ခြားဖုန်းနဲ့ ဆက်ရမယ်ဆိုရင် ကိုယ့်ဖုန်းကို ကြည့်ပြီး ဟိုးအရင် Nokia 1100 ကို သုံးရသလိုပုံစံမျိုး လုပ်တတ်ကြတယ်။

၆။သူတို့ iPhone မှာသာ အခြားဖုန်းတွေမှာမရှိတဲ့ အရာတွေအားလုံးရှိနေသလို ပြောတတ်ကြတယ်။

သူများဖုန်းတွေနဲ့ iPhone ရဲ့ကွာခြားမှုတွေကို စာရင်းပြုစုပြီး အခြားလူတွေရှေ့မှာ ပြောတတ်ကြတယ်။ အမှန်တော့ သူတို့လည်း Whatsapp’ နဲ့ ‘Facebook’ ကလွဲပြီး ဘာမှထူးထူးခြားခြားသုံးတာမျိုး မဟုတ်ပဲနဲ့ပေါ့။

၇။ငါတို့ဖုန်းအမျိုးအစားဟာ ဘယ်အရာနဲ့မှ မတူဘူးဆိုတာကို မော်ကြွားကြတယ်။

သင့်ဖုန်း ဘက်ထရီ ကုန်သွားလို့ အားသွင်းမယ်ဆိုပြီး iPhone ပိုင်ရှင်တစ်ယောက်ကို သွားမမေးမိပါစေနဲ့။ သူတို့ဖုန်းက iPhone ဖြစ်တဲ့အတွက် ကူညီနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ မော်ကြွားစွာ ပြောပြပါလိမ့်မယ်။

၈။သူတို့ဖုန်းကို တကိုင်ကိုင် လုပ်ရင်တောင် မကြိုက်ချင်ကြပါဘူး။

သင့်လက်က နည်းနည်းညစ်ပတ်နေမယ်၊ အဆီတွေပေနေမယ်၊ ဒါမှမဟုတ် ဖုန်းကို အမှတ်တမဲ့သာ လွတ်ကျကြည့်လိုက်။ iPhone ပိုင်ရှင်တွေရဲ့ ဒေါသအမျက်ဘယ်လောက်ကြီးတယ်ဆိုတာ သင်သိသွားရပါလိမ့်မယ်။


Ref:mensxp.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...