မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှု Mobile App တစ်ခု Ooredoo Myanmar စတင်မိတ်ဆက်


ကာတာ ဆက်သွယ်ရေး ကုမ္ပဏီ Ooredoo Myanmar သည် ပြည်တွင်း အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သော Koe Koe Tech , အရပ်ဖက် လူ့အဖွဲ့အစည်း တစ်ခုဖြစ်သည့် PSI (Myanmar) တို့နှင့်ပူးပေါင်း၍ မိခင်များအတွက် Application တစ်ခုကို စတင်မိတ်ဆက် လိုက်ပြီဖြစ်သည်။ May May အမည်ရှိ App သည် မိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု Mobile Application တစ်ခု ဖြစ်သည်။

ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ မိခင်များနှင့် ကလေးများ၏ ကျန်းမာရေး ကိစ္စရပ်များနှင့် ပတ်သတ်သည့် သတင်းအချက် အလက်များကို Ooredoo ဆင်းမ်ကတ် သုံးစွဲသူများထံ ပေးပို့ပေးမည်ဖြစ်သည်။ အဆိုပါ May May App ကို Google Play Store တွင် download ရယူ သုံးစွဲနိုင်မည်ဖြစ်ပြီး အခမဲ့ Application တစ်ခုဖြစ် ကြောင်း Ooredoo Myanmar မှသိရသည်။



ref;Internet Journal
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...