ကာရိုက်တာအရ လုပ်ရတဲ့ Sexy အခန်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေ နားလည် ပေးစေချင်တဲ့ သွန်းဆက်

အောင်ရဲလင်းနဲ့ အတူ ‘လက်နွယ်ကဲ့သို့ ပြိုးပြက်သော’ ဇာတ်ကားကို ရိုက်ကူးနေတဲ့ သွန်းဆက်က အခုနောက် ပိုင်းမှာ ဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးဖြစ် လာ တာကိုလည်း တွေ့ရပါတယ်။ တအားကို ဗီလိန်ဆန်တဲ့ ဇာတ်ရုပ်မျိုး တွေကိုတော့ ပရိသတ် အမြင်တစ်မျိုး ဖြစ်သွားမှာ စိုးတာကြောင့် မရိုက်ဖြစ်သေး ဘူးလို့ ဆိုပါ တယ်။

“သွန်းဆက် တအား ဟဲဗီးဗီလိန် လုပ်ရမယ့် ကာရိုက်တာ မျိုးတွေ ဆိုရင်တော့ မရိုက်ဖြစ်ဘူး။ အခုအချိန်မှာ မင်းသမီး အသစ်တစ်ယောက် အနေနဲ့ ပရိသတ် အမြင်မှာ မုန်း သွားမှာစိုးလို့ သွန်းဆက် မရိုက်ဖြစ်သေးဘူး။ တခြားကာရိုက် တာတွေတော့ သွန်းဆက်ရိုက်ဖြစ် တယ်။ တအားကြီး ဟဲဗီးကြီးတွေ ဆိုရင်တော့ သွန်းဆက် မရိုက် ဖြစ်ဘူး။ တစ်ကားနဲ့ တစ်ကားမှာလည်း ကာရိုက် တာတွေ မတူအောင်ရိုက်ဖြစ်တယ်။ အဝတ်အစား ပိုင်းတွေမှာ ဂရုတစိုက်နဲ့ပရိသတ် ကြိုက်မယ့် ပုံစံလေးတွေ ဝတ်တယ်။ ပြီးတော့ ဇာတ်ကားတွေ ထွက်လာ လို့ အမှားအယွင်းပါတယ်၊ sexy အခန်းတွေပါရင် အဲဒီလိုမျိုးတွေက ကာရိုက်တာ အရလုပ်ခဲ့ရတာ ဆိုတာကို ပရိသတ်က နားလည်ပေးပါ” လို့ ဗီလိန်ဇာတ်ရုပ် သရုပ်မဆောင်ဖြစ် ခြင်း အကြောင်းကို သွန်းဆက်က ပြောပါတယ်။ သွန်းဆက်က လတ်တလောမှာတော့ အောင်သီရိ ထုတ်လုပ်ရေးနဲ့ ဇာတ်ကား ၁ဝ ကား စာချုပ် ချုပ်ထားပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေ ပါတယ်။

“အခုလိုမျိုး ခေါင်းဆောင် မင်းသမီးနေရာက ရိုက်ခွင့်ရတယ်ဆိုတာက သွန်းဆက် ကံလည်းကောင်းတာပါတယ်။ ပြီးတော့ သွန်းဆက်ရဲ့ ဆရာကောင်းသမားကောင်းေ တွနဲ့ တွေ့လို့လည်း ပါတယ်။ ပြီးတော့ အောင်သီရိ ဗီဒီယို ထုတ်လုပ်ရေး ကောင်းနဲ့လည်း တွေ့လို့ပါ။ အဲဒီ ထုတ်လုပ်ရေးနဲ့ပဲ သွန်းဆက် စပြီး တော့ရိုက်တယ်။ စစရိုက်တုန်း က တစ်ခန်းလောက်ပဲပါတယ်။ ပြီးတော့ ဒုတိယနေရာကနေ သရုပ်ဆောင်ရတယ်။ နောက်တော့ သူတို့က သွန်းဆက် ကို အလားအလာရှိတယ်ဆိုပြီး ခေါင်းဆောင်း မင်းသမီး အနေနဲ့ စာချုပ်ချုပ်ဖြစ်လိုက်တယ်။ ဆရာသမားတွေ အားလုံးက ကူညီပေးလို့ သွန်းဆက် ဒီလိုမျိုးဖြစ်လာတယ်လို့ ထင်ပါတယ်။ အောင်သီရိ ထုတ်လုပ်ရေးနဲ့ သွန်းဆက် ၁ဝ ကား စာချုပ်ချုပ် ထားတယ်။ လက်ရှိတော့ ၅ ကားလောက်နီးပါး ရိုက်ပြီးသွားပြီ။ သူတို့က ရိုက်မယ့်ရက်ကိုကြိုပြော ထားတယ်။ အဲဒီရက်မှာ တခြားကား နဲ့တိုက်နေရင်တော့ လက်ခံလို့မရဘူး။ သူတို့ကားရိုက်ရက် မရှိဘူးဆို ရင်တော့ တခြားထုတ်လုပ်ရေးတွေ ကမ်းလှမ်းရင်တော့ ရိုက်ပါတယ်” လို့ သွန်းဆက်က ပြောပါတယ်။ 


လွင်လွင်ထွန်း
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...