မန္တလေးတွင် စတင်ရောင်းခဲ့သော Ooredoo Sim card များ ပြင်ပပေါက်ဈေး မြင့်တက်

၂၀၁၄ ခုနှစ် ဇူလိုင် (၂၉) ရက်နေ့မှ အစပြု၍ Ooredoo Myanmar ၏ sim cardများကို စတင်ရောင်းချ လျက်ရှိရာ ၀ယ်ယူလိုသူ အရေအတွက် မြင့်တက် လာကြောင်း မန္တလေးမြို့ အခြေစိုက် မိုင်ဘိုင်းလ်ဆိုင် များမှ တစ်ဆင့် သိရှိရသည်။

“ကျွန်တော် သိတဲ့အချိန်က ညနေ ၃ နာရီလောက် ပဲ ရှိသေးတယ်။ တစ်ချို့ ဆိုင်တွေ မှာတော့ ကုန် သွားပြီ။ ၂၆လမ်း၊ ၈၄လမ်းအနီး ကရိန်းဘိုး ဆိုင်မှာ သွားဝယ်တော့ မနက်ဖြန် မနက် လာခဲ့လို့ ပြောတယ်။ တစ်ကတ်ကို (၁၅၀၀)နဲ့ ရောင်းတာ၊မှတ်ပုံတင် မိတ္ထူနဲ့ တစ်ယောက် တစ်ကတ်ပဲ ရောင်း တယ်”ဟု ကိုမြင့်အောင် (အမည်လွှဲ)က ပြောကြားခဲ့သည်။ 

Ooredoo Simcard အချင်းချင်း ဆက်သွယ် ပြောဆိုပါက တစ်မိနစ်လျှင် ဖုန်းပြောဆိုခ (၂၅) Ooredoo Network မှ တစ်ခြားNetwork သို့ ဖုန်းပြောဆို ပါက တစ်မိနစ်လျှင် (၃၅) ကျပ် ကျသင့်မည် ဖြစ်ကြောင်း ကနဦး သတင်းများ အရ သိရှိရသည်။ SMS ပေးပို့ပါက တစ်စောင်လျှင် (၂၅) ကျပ် ခန့်ကျသင့် မည်ဖြစ် ကာ Mobile Data ပမာဏ(1) MB အသုံးပြုလျှင် (၂၅) ကျပ် ကောက်ခံမည် ဖြစ်ကြောင်း မန်္တလေး မိုဘိုင်းလ်ဆိုင် အသိုက်အ၀န်းမှ တစ်ဆင့် ကြားသိရသည်။ 

“ညနေပိုင်းမှာ ၀ယ်မယ်ဆိုပြီး သွားမေးတော့ ကတ်တွေ ကုန်သွားပြီတဲ့။ နောက်နေ့အတွက် ကိုယ့်ရှေ့မှာ အယောက် (၂၀၀) လောက် ရှိနေတာနဲ့ ပြန်ခဲ့ရတယ်။ ပြီးတော့ ၀ယ်တဲ့ သူတွေက တန်းစီပြီး ၀ယ်ရမှာ ဆိုလို့ အဆင်မပြေ ဘူးပေါ့။ နောက်ပြီးတော့ အပြင်မှာလည်း ဖုန်းနံပါတ် လှရင် လှသလိုကျပ် (၃၀၀၀) ကနေကျပ် (၁၀,၀၀၀) အထိဈေး ပေါက်နေတယ်။ Ooredoo simcard တွေက 09-97xxxxxxxxx နဲ့ စတဲ့ ကတ်တွေပါ။ ဂဏန်း (၉)လုံးပါတယ်”ဟု ကိုမျိုးက ပြောကြားခဲ့သည်။ Sim card အသုံးပြုရာတွင် Ooredoo Myanmar ၏ တရားဝင် website ဖြစ်သည့် www.ooredoo.com.mm တွင် ၀င်ရောက် ကြည့်ရှုနိုင်သည်။

ရန်ကုန်တွင် ၃၀.၇.၂၀၁၄ ညနေပိုင်းမှ အစပြုကာ ရောင်းချပေးလျှက် ရှိသည်။ 

ကျော်ထက်
ref;Myanmar Digital Life Journal
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...