ငွေ၊ ကျူရှင်နှင့် ပညာရေး အလွဲအမှားများ

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပညာရေး၊ ကျန်းမာရေး အပြောင်း အလဲများ လုပ်ဆောင် လာသော်လည်း ထိထိ ရောက်ရောက် ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ အထူးသဖြင့် ပညာရေး ကဏ္ဍတွင် စတင် လုပ်ဆောင်လျှင် ဖြစ်နိုင်သည့် ကိစ္စမျိုးကိုပင် မပြုလုပ်ဘဲ ကျူရှင်စနစ် ရှင်သန်စေရန် မြေသြဇာကျွေး၊ ရေလောင်းပေါင်း သင် နေခြင်းမျိုး လုပ်ဆောင် နေကြောင်း ၀မ်းနည်း ဖွယ် တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ ပညာရေးသည် လွန်စွာ ဆိုးဝါး နိမ့်ကျနေကြောင်း ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၀န်ခံခဲ့ သည်။ သို့သော် အစိုးရအဖွဲ့၏ ထုံးစံအတိုင်း ပြုပြင်ပြောင်းလဲရေးကို လျင်လျင်မြန်မြန် ထက်ထက် မြက်မြက် လုပ်ဆောင်နိုင်ခြင်း မရှိပေ။

ကာလကြာရှည်စွာ မှားယွင်းခဲ့သော ပညာရေးစနစ် တခုလုံးကို တနိုင်ငံလုံး အတိုင်းအတာအရ ပြုပြင် ပြောင်းလဲရန် မလွယ်ကူကြောင်း သိပါသည်။ သို့သော် ပညာရေးကဏ္ဍကို ဦးဆောင်နေသူများသည် ထိပ် တန်းဘွဲ့များကို ရရှိထားကြပါလျက်၊ ထိုးဖောက်ထွက်၍ရသည့် နေရာကို ပင် ထိုးဖောက်ထွက်ဝံ့သည့် သတ်္တိနှင့် ဉာဏ်ရည်မရှိခြင်းကိုမူ အံ့သြရပါသည်။

ပညာရေးပြုပြင်ပြောင်းလဲရာ၌ ပညာရေးဝန်ကြီးဌာနက ချမှတ်သည့် မူဝါဒမှ သမ်္မတကြီးအကြံပေးအဖွဲ့က ချပေးသည့် မူဝါဒမှ မှန်ကန် သည်၊ လုပ်မည်ဟူသော သဘောမျိုး မထားသင့်ပါ။

ဆရာမကြီး ဒေါက်တာမြင်ြ့မင့်ခင် ရေးသားခဲ့သည့် ““အားလုံးအတွက် ပညာရေး””တွင် ပညာရေး ၀န်ကြီး ဌာနမှ ဦးဆောင်နေသော ပုဂ်္ဂိုလ်များ လက်တွေ့အကောင်အထည်ဖော်သင့်သည့် အချက်များစွာ ပါဝင် ပါသည်။ အစိုးရတက်လာစကသာ ဒေါက်တာမြင့်မြင့်ခင်ကို ပညာရေးဆိုင်ရာ ပြု ပြင်ပြောင်းလဲမှု လွတ် လပ်စွာ လုပ်ဆောင်ခွင့်ပေးခဲ့လျှင်ပင် ယခုအချိန် တွင် တချို့သော ပညာရေးကဏ္ဍများ ကောင်းစွာပြောင်း လဲပြီးဖြစ်နေပေ မည်။ နိုင်ငံတွင် လူတော်လူကောင်း လူမှန်များရှိပါလျက် ထုတ်မသုံးခြင်းသည် နိုင်ငံနှင့် လူမျိုးအတွက် နစ်နာလှပါသည်။ ယခု ဒေါ်မြင့်မြင့်ခင် ကွယ်လွန်ရှာပြီ။ 

ဆရာမကြီး ထောက်ပြခဲ့သော အချက်များအနက် အားလုံးနှင့်ဆိုင် သည်ဟု ယူဆသော အချက်အလက် ကို တင်ပြလိုပါသည်။ ကျောင်းသား ကျောင်းသူများတွင် အုပ်စု (၃)စု ကွဲထွက်လာမည်။ ထူးချွန်သော အုပ်စု၊ အလယ်အလတ်အုပ်စုနှင့် ဉာဏ်ရည်နိမ့်ပါးသောအုပ်စုဟူ၍ ဤတွင် ထူးချွန် သောအုပ်စုနှင့် ဉာဏ်ရည်နိမ့်ပါးသော လူနည်းစုဖြစ်ပြီး အလယ်အလတ် အုပ်စုက လူများစုဖြစ်နေမည်။ သို့သော် ပညာရေးက ထိုအမျိုးအစား (၃)မျိုးစလုံးကို လက်တွဲခေါ်သွားရမည်ဟု ဆရာမကြီးက ရှင်းပြထားသည်။

အစိုးရသစ်တက်လာပြီးနောက် လူရည်ချွန်စီမံကိန်းကို ပြန်အကောင် အထည်ဖော်သည်။ လူရည်ချွန် စီမံကိန်းကို တော်လှန်ရေးကောင်စီခေတ်က ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူငယ်များကို နိုင်ငံရေးအရ စည်းရုံးလိုမှု ရည်ရွယ်ချက်လည်းပါရှိပေသည်။

အစိုးရသစ်လက်ထက်တွင် လူရည်ချွန်စီမံကိန်းကို ပြန်အကောင် အထည်ဖော်ခြင်းကို မကောင်းဟု မဆိုလိုပါ။ ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက် က လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော်စဉ်က ပညာရေးလောကတွင် မူလတန်းမှစ၍ တက္ကသိုလ်ထိတိုင် ကျူရှင်စနစ်မရှိသေးပါ။ တိုင်းပြည်၏ ငွေကြေး အခြေအနေလည်း ယနေ့ခေတ်လောက် ဖောင်းပွခြင်း၊ နိမ့်ကျဆင်းရဲခြင်းမရှိသေးပါ။ မူလတန်း ပညာ မပြီးစီးမီကျောင်းထွက်သူ ဦးရေလည်း လွန်စွာနည်းပါးချိန်ဖြစ်ပါသည်။

အဆိုပါကာလမျိုးတွင် လူရည်ချွန်စီမံကိန်းကို နိုင်ငံရေးအရ စည်းရုံးမှုရည်ရွယ်ချက်ပါစေကာမူ ကျောင်း ဆရာ၊ ဆရာမများ မိမိကျောင်းမှ လူရည်ချွန်ရစေချင်သောကြောင့် မိမိအတန်းမှ လူရည်ချွန်ရစေ ချင်သောကြောင့် ဆရာ၊ ဆရာမများက တပည့်ကို မုန့်ကျွေး၊ ထမင်းကျွေးပြီး အားကြိုးမာန်တက် သင်ကြား ပေးခဲ့ကြပါသည်။

တပည့်များကလည်း ကြိုးစားကြသည်။ လူရည်ချွန်ရဖို့ ငွေပေးရ ခြင်းမရှိခဲ့ပါ။ လူရည်ချွန်စာမေးပွဲ မေးခွန်း ပေါက်သည်ဟု တခါမျှမဖြစ်ခဲ့ ဖူးပါ။ ပညာရေးလောကသည် ထိုမျှဖြောင့်မတ် မှန်ကန်စွာ ရပ်တည်နိုင်ခဲ့ ပါသေးသည်။

နောက်ပိုင်း တစ၊ တစ ပညာရေးလောက ယိုယွင်းလာသည်။ ယနေ့လက်ရှိကာလတွင် ပညာရေးတွင် ကျူရှင်နှင့်ငွေက လွှမ်းမိုးထား သည်။ ပညာရေးစနစ်ကို ပြန်ပြုပြင်ရာတွင် ကျူရှင်နှင့်ငွေ လွှမ်းမိုးနေသမျှ မအောင်မြင်နိုင်ပါ။

ဒုတိယအကြိမ် လူရည်ချွန်စီမံကိန်းကို ပြန်အကောင်အထည်ဖော်မည့်အစား ထိုစီမံကိန်းအတွက် ကုန်ကျ မည့်ငွေကို ကျောင်းမရှိသော ဒေသများတွင် ကျောင်းဆောက်ခြင်း၊ ၀န်ထမ်းမလုံလောက်ခြင်းကို တိုးမြှင့် ခန့်ထားခြင်း ပိုမိုလုပ်သင့်ပါသည်။ ပညာရေးစနစ် ကောင်းမွန်မှန်ကန်လာ ပြီးနောက် အချိန်မရွေးပြန် အကောင်အထည် ဖော်နိုင်ပါသည်။

ထိုနည်းတူပင် ဆယ်တန်းအောင်ပြီးနောက် တက်္ကသိုလ်ပညာဆက် လက်သင်ကြားခွင့်ကို အောင်မှတ်ဖြင့် ဆုံးဖြတ်နေခြင်းကို ပြန်လည်ပြင် ဆင်ရမည့်အစား အောင်မှတ်ဖြင့် ဆုံးဖြတ်ခြင်းကို ပိုမိုခိုင်မာအောင် လုပ် ဆောင်ခြင်းကိုလည်း တွေ့ရပေသည်။

ထူးချွန်စွာအောင်သော ကျောင်းသား၊ ကျောင်းသူများသည် ဆေး၊ စက်မှု၊ ရေကြောင်း၊ ကွန်ပျူတာ တက္ကသိုလ်စသည်တို့ကို မတက်ဘဲ ရိုးရိုး မေဂျာယူပါ။ လစဉ်ထောက်ပံ့ကြေး တသိန်းပေးခြင်း၊ ကျူရှင်ကို သွယ်ဝိုက် အသက်သွင်းပေးနေခြင်း ဖြစ်ပါသည်။

ကျူရှင်မယူဘဲ မိမိကြိုးစားမှုသက်သက်ဖြင့်အောင်သော ကျောင်းသားများ များသောအားဖြင့် အမှတ်မ ကောင်းကြပါ။ မိဘက ပြည့်စုံပြီး ၀ိုင်းကျူရှင် (သို့မဟုတ်) တလသိန်းချီပေးရသော ကိုယ်ပိုင်ကျောင်းများ တွင် တတ်နိုင်သော ကျောင်းသား၊ ကျောင်းသူများက အမှတ်ကောင်း ကောင်းဖြင့် အောင်မြင်ခြင်း ပိုများပြားပါသည်။

ပညာရေးစနစ် မပြောင်းနိုင်သေးသောကြောင့် တက်္ကသိုလ်တက် ရန် အမှတ်ဖြင့် ခွဲစေကာမူ ထူးချွန်သိပ်္ပံ၊ ၀ိဇ္ဇာသင်တန်းသားများကို ရိုးရိုး အောင်ပြီး မေဂျာပေါင်းစုံတွင် ပထမနှစ်တက်နေသော ကျောင်းသားများ ထဲက ပထမနှစ်ကို ထူးချွန်စွာ အောင်မြင်သူများကို ရွေးချယ်ထောက်ပံ့ခြင်းက ပိုမိုမဆီလျော်ပေဘူးလား။

ရမှတ်နည်းသဖြင့် မေဂျာပေါင်းစုံတွင် တက်နေကြသူ ကျောင်းသား၊ ကျောင်းသူအများစုသည် သာမန် မိသားစုမှ ပေါက်ဖွားလာကြသူများဖြစ်ပါ သည်။ ဆယ်တန်းတွင် ကျူရှင်ကောင်းကောင်းမယူခဲ့ရ၍ အမှတ်မကောင်း စေကာမူ သူတို့လေးတွေအတွက် ကြိုးစားပါက အခွင့်အလမ်းရှိသည်ဟု မျှော်လင့်ချက် တိုင်းပြည်က မပေးနိုင်ဘူးလား။

ဇူလိုင် ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းတွင် “လေးဘာသာ အထက်ဂုဏ်ထူး ရရှိသူများ ဆက်လက် ပညာသင်ယူမည့် တက္ကသိုလ်ရှိရာ ဒေသများသို့ မိဘများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်မည်” ဟူသော ခေါင်းစဉ်ပါ သတင်းကို စိတ်ဝင်စားသဖြင့် ဖတ်မိပါသည်။

ထူးချွန်စွာ အောင်မြင်သော ကျောင်းသား ကျောင်းသူများ၏ မိဘ များသည် မည်သည့်ဝန်ကြီးဌာနမှ ၀န်ထမ်းဖြစ်စေဟု မပါရှိဘဲ ရဲဝန်ထမ်း တမျိုးတည်းကိုသာ ရည်ညွှန်းကြောင်းတွေ့ရပါသည်။ ဂုဏ်ထူး လေးဘာသာ နှင့်အထက် အောင်မြင်သူကျောင်းသား၊ ကျောင်းသူများ၏ မိဘများက ရဲတပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းဖြစ်ပါက သားသမီးများကျောင်းတက်ခွင့်ရ မည့်ဒေသသို့ ရွှေ့ပြောင်းခွင့်ပြုမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ရဲ၊ တပ်မတော်နှင့် ကျန်ဝန်ကြီးဌာနများမှ ၀န်ထမ်းအားလုံး နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။ နိုင်ငံဝန်ထမ်းများ အနက် အခွင့်အရေးအရဆုံးက တပ်မတော်(စစ်ဝန်ထမ်းများ)။ ယခု ဒုတိယအခွင့်ရေးရသူများက ရဲဝန်ထမ်း ဖြစ်လာပြန်သည်။ ၀န်ထမ်းအားလုံးအတွက် တပြေးညီမဆောင်ရွက်နိုင် သော အခွင့်အရေး မျိုးကို ဌာနဆိုင်ရာအတွင်း တိုးတိုးတိတ်တိတ်သာ ဆောင်ရွက်သင့်ပါသည်။ လူသိရှင်ကြား သတင်းအဖြစ် မဖော်ပြသင့်ပေ။

ယခု ဖော်ပြထားသော ရဲတပ်ဖွဲ့မိသားစုနှင့်သက်ဆိုင်သည့် ကိစ်္စ သည်ပင် လေးလေးနက်နက်တွေးပါက နောက်ဆက်တွဲဆိုးကျိုးများကို မြင်နိုင်ပါသည်။ သာမန်ရဲဝန်ထမ်းနှင့် စာရေးဝန်ထမ်းများသည် ဤအခွင့် အရေးရရန် သားသမီးကို ကြိုးစားခိုင်းမည်။ ကျူရှင်ကောင်းကောင်း၊ ၀ိုင်းကောင်းကောင်းထားရန် ကြိုးပမ်း သည်။ ကျူရှင်ကောင်းကောင်း၊ ၀ိုင်း ကောင်းကောင်းတွင် သားသမီးကို ကျူရှင်ထားနိုင်စေရန် မိဘက ဘေး ပေါက်ဝင်ငွေရှာရတော့မည်။ လာဘ်စားတော့မည်။ ရိုးရိုးကျောင်းသင်ပညာ သက်သက်ဖြင့် ကိုယ်တိုင် ကြိုးစားခြင်းကြောင့် ဂုဏ်ထူးများစွာဖြင့် ထူးချွန်စွာအောင်မည့် အောက်ခြေရဲဝန်ထမ်းများ၏ သားသမီးများရှိနိုင်ပါသည်။ သို့သော် လူနည်းစုသာဖြစ်ပါမည်။

လုပ်ပိုင်ခွင့်ရှိသော လူကြီးများက ပညာရေးနှင့်ပတ်သက်လာလျှင် ဂုဏ်ထူးရမှု၊ အမှတ်အနည်းအများ ရမှုပေါ်မူတည်စဉ်းစားနေသမျှ ကာလ ပတ်လုံး မြန်မာ့ပညာရေးလောကတွင် အလွန်စည်ပင်ဖွံ့ဖြိုး အမြစ်တွယ် နေသော ကျူရှင်စံနစ်ကို အားပေးအားမြှောက်ပြုခြင်းဖြစ်ပါသည်။

ကျူရှင်ကောင်းကောင်း၊ ၀ိုင်းကောင်းကောင်းတတ်နိုင်ဖို့ ငွေလိုပါသည်။ ငွေနှင့်ရင်းမှရသည့် ပညာရေး၊ ကျူရှင်လှေကားမှတက်မှ လိုရာရ နိုင်သည့် ပညာရေးကို အားနည်းအောင် မလုပ်ဘဲ၊ အစစအရာရာ ဂုဏ် ထူးဖြင့်၊ ရမှတ်ဖြင့် စဉ်းစားနေခြင်းက ဆက်လက်မှားယွင်းသော ပညာရေးကို ထောက်ပံ့ကူညီနေခြင်း သာဖြစ်ပါသည်။

ယခုအခါ သမ္မတ၏ အကြံပေးတဦးဖြစ်လာသော ဒေါက်တာရင်ရင် နွယ်အား တွေ့ဆုံမေးမြန်းချက်ကို သံတော်ဆင့်ဂျာနယ်တွင် ဖတ်ရှုရပါသည်။ ဒေါက်တာရင်ရင်နွယ်သည် ပညာရေးလောက၊ အခြေခံ ပညာကို ကိုယ်တိုင်ကွင်းဆင်းလေ့လာသောအခါ အခြေအနေမဟန်သော ပညာရေး မှူးများအကြောင်း သိရသည်။ ၀င်ကြေး ၁၀ သိန်းပေးရသော အထက်တန်းကျောင်းအုပ်များအကြောင်းကို သိရသည်။

ဒေါက်တာရင်ရင်နွယ်သာ တက္ကသိုလ်လောကသို့ ကွင်းဆင်းလေ့လာပါက ရင်သပ်ရင်မရမည့်အရာများစွာ တွေ့ရပေမည်။ ကျူရှင်ရမည့် အတန်းကို လုကြသည့် တက္ကသိုလ်ဆရာ၊ ဆရာမများ။ ကျောင်းသင်ခန်း များက လယ်တောအလယ်တွင်ရှိနေသဖြင့် ထန်းရည်အလွယ်တကူ သောက်ခွင့်ရသည့် ကျောင်းသားများ။ လယ်တောထဲက ချုံပုတ်များတွင် ချစ်ဋီကာဖွင့်နေသော စုံတွဲများ၊ စာကြည့်တိုက်ကောင်းကောင်းနှင့် ဓာတ်ခွဲ ခန်းကောင်းကောင်းမရှိဘဲ ဖွင့်ထားသော တက္ကသိုလ်များ။ ဝေးလံသော နေရာတွင် တက်္ကသိုလ်က ရှိသဖြင့် ၃ နာရီခန့်တွင် ဘာမျှမလုပ်တော့ဘဲ အလုအယက် ဖယ်ရီပေါ်ပြေးတက်နေသော ဆရာ၊ ဆရာမ များနှင့် ကျောင်း သားကျောင်းသူများ၊ တက်္ကသိုလ်ဆောက်စဉ်က စာကြည့်တိုက် သီးသန့်မဆောက် ခဲ့သဖြင့် ယခုအခါ နိုင်ငံတကာနှင့် ချိတ်ဆက်ရမည့် အချိန်တွင် တက္ကသိုလ်ဝင်းထဲ၌ စာကြည့်တိုက် သီးသန့် ဆောက်လာကြသည်။

စာကြည့်တိုက်ဗိသုကာပညာ သီးသန့်ရှိပါသည်။ စာကြည့်တိုက် အဆောက်အအုံကို ၀င်ပေါက်၊ ထွက်ပေါက် တခုသာထားရကြောင်း စာကြည့်တိုက်မှူးက ရှင်းပြသည်ကို ဆရာလုပ်သည်ဟုယူဆပြီး လက်စွဲ တော် အင်ဂျင်နီယာအဖွဲ့နှင့် တိုင်ပင်လျက် ၀င်ပေါက်ထွက်ပေါက် ၄ ပေါက် ရှိသော စာကြည့်တိုက် အဆောက်အအုံဒီဇိုင်းကို ရွေးချယ်သော ပါမောက္ခချုပ်စသဖြင့် အံ့ဖွယ်သုတများစွာ ဒေါက်တာ ဒေါ်ရင်ရင်နွယ် တွေ့ရပေမည်။

မြန်မာ့ပညာရေး လောကကို “ဒီ”(ဂုဏ်ထူး)များဖြင့် ဆုံးဖြတ်နေသမျှ ကာလပတ်လုံး၊ မြန်မာ့ပညာရေး လောက လမ်းကြောင်းမှန်ပေါ် မရောက်နိုင်ပါ။ မြန်မာ့ပညာရေးကို အမြော်အမြင်ရှိရှိ၊ ထက်ထက် မြက်မြက်၊ လျင် မြန်စွာ ပြောင်းနိုင်သူများ ဦးဆောင်နိုင်ပါစေဟု ဆုတောင်းမိပါသည်။


ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...