+959 ဖုန်းနံပါတ်များသို့ ခေါ်ဆိုမှု တစ်မိနစ် တစ်ထောင်ကျပ် ဖြတ်နေခြင်း မဟုတ်ဟုဆို

+959 နံပါတ်ဖြင့် ပေးပို့ ဆက်သွယ် ထားသည့် မက်ဆေ့ပေးပို့ ဆက်သွယ်မှု တစ်ခု (ဓါတ်ပုံ)

ရန်ကုန်− မိုဘိုင်းဖုန်း များသို့ ဖုန်း ခေါ်ဆိုမှုများတွင် +959 ဖြင့် ဝင်ရောက် နေမှုများရှိပြီး ယင်းနံပါတ်အား ပြန်လည် ခေါ်ဆိုပါက နိုင်ငံခြားသို့ ခေါ်ဆိုခနှုန်း ထားကဲ့သို့ တစ်မိနစ်လျှင် ကျပ် ၁,၀၀၀ ဝန်းကျင် ကောက်ခံခြင်းမှာ မဟုတ်ကြောင်း သတင်း ရရှိသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နိုင်ငံတကာကဲ့သို့ ဖုန်းခေါ်ဆိုသည့် စနစ် ဆောင်ရွက်ရန် စမ်းသပ်ရန် အတွက် ပြောင်းလဲမှုများ ပြုလုပ်နေ ခြင်းများကြောင့် ဖုန်းခေါ်ဆိုမှု များနှင့် SMS များဝင်ရာတွင် +959 နံပါတ် များဖြင့် ဝင်ရောက်မှုများ ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင်မူ အွန်လိုင်းပေါ်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ ခေါ်ဆိုသူအချို့က ငွေကျပ်တစ်ထောင် ဖြတ်တောက်ခံရသည်ဟု ရေးသားမှုများ ပျံ့နှံ့နေပြီး သတိပေးမှုများပြုလုပ်ကြသည်။

‘‘Internation ပုံစံလုပ်မလို့ စမ်းသပ်နေတာပါ။ +959 နဲ့ ပြန်ခေါ်ခေါ် အရင်ဖုန်းနံပါတ် 09 ဆိုပြီး ပဲပြန်ခေါ်ခေါ် အရင်နှုန်း တစ်မိနစ် ၅၀ ပဲဖြစ်တာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်းအဝင်ခေါ်ဆိုမှုများနှင့် SMS အဝင်များတွင် +959 နံပါတ်ဖြင့် မိုဘိုင်းဖုန်းအားလုံးတွင် ဝင်ရောက်ခြင်း မဟုတ်ဘဲ ပြန်လည်ခေါ်ဆိုခြင်းနှင့် SMS ပြန်လည်ပေးပို့ခြင်းများကို ယခင် မြန်မာ့ ဆက်သွယ်ရေး၏ နှုန်းထားဖြင့်သာ အသုံးပြုနိုင်ခြင်းဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ဖုန်းနံပါတ် အချို့အား 09 အစား +959 ဖြင့် စမ်းသပ်ခေါ်ခေါ်ဆိုကြည့်နိုင်ပြီး လက်ရှိခေါ်ဆို ထားသူအချို့ ယင်း သို့ဖြတ်တောက်ခံရမှုမရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းများမှ နိုင်ငံတကာသို့ ယူဆောင်သွားသည့် မိုဘိုင်းဖုန်းများတွင် SMS စနစ် အသုံးမပြုနိုင် သေးကြောင်း လက်ရှိ +959 များဖြင့် စမ်းသပ်နေခြင်းသာဖြစ်ပြီး လက်ရှိပြည်တွင်းရှိ ပြည်ပအော် ပရေတာများမှလည်း စမ်းသပ်မှု များဆောင်ရွက်နေခြင်းကြောင့် SMS အများစုတွင် +959 ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။


7Day Daily
No.453 Monday, July 28, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...