မြန်မာကလေးငယ် ထက်ဝက်ခန့် အာဟာရ ချို့တဲ့၍ အရပ်ပုနေ
ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် လွတ် လပ် ပျော်ရွှင် စွာ ဆော့ကစား နေသော ကလေး ငယ်များကို တွေ့ရစဉ်။ မြန်မာနိုင်ငံ သည် အရှေ့တောင် အာရှ၌ အာဟာရ ချို့တဲ့မှုနှုန်း တတိယ မြောက် အမြင့်ဆုံး နိုင်ငံဖြစ်ပြီး အာဟာရ ချို့တဲ့ မှုကြောင့် ကလေးငယ် ထက်ဝက်ခန့်မှာ အရပ်ပု နေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအ
စဉ်က ထုတ်ပြန်သည်။ (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))
အရှေ့တောင် အာရှ၌ အာဟာရ ချို့တဲ့မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်နေသော မြန်မာ နိုင်ငံတွင် ကလေး ငယ် ထက်ဝက် နီးပါးသည် အာဟာရ ချို့တဲ့မှု ကြောင့် အရပ်ပုနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က ထုတ်ပြန်သည်။
မြန်မာနိုင်ငံရှိ ထက်ဝက်နီး ပါးသော ကလေးငယ်များသည် ၎င်းတို့အသက်အရွယ်နှင့်နှိုင်းယှဉ် လျှင် အရပ်အလွန်ပုနေပြီးအရှေ့ တောင်အာရှတွင် အာဟာရ ချို့တဲ့မှုနှုန်း တတိယမြောက်ဖြစ် ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ်၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအ စဉ်သည် မြန်မာနိုင်ငံတွင် ၂၀၁၃ မှ ၂၀၁၅ခုနှစ်ထိ စီမံကိန်း အ ကောင်အ ထည် ဖော်ဆောင်ရွက် နေပြီး ၂၀၁၃ ဇန်န၀ါရီမှ ၂၀၁၄ ဇွန်လအထိလုပ်ငန်း အစီရင်ခံစာ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ယင်းကာလအတွင်း မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း တို့မှ အသက် ၂ နှစ် အောက် မွေးကင်းစ၊ အသက် ငါးနှစ်အောက်ကလေးငယ်လေး သောင်းကျော်၊ ကိုယ်ဝန်ဆောင် နှင့်အမျိုးသမီးကိုးထောင့်ငါးရာ အတွက် အစားအစာဖြည့်ဆည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိ ရသည်။
အထက်ပါ ဒေသများတွင် ကလေးငယ် အများအပြားသည် ခန္ဓာကိုယ် အလေးချိန်ကျဆင်းမှု နှင့် ရင်ဆိုင် နေရပြီး ကလေးငယ် များ၊ ကိုယ်ဝန်ဆောင်နှင့် မိခင်များ အတွက် အလေးချိန်ကျဆင်းမှု ကာကွယ်တား ဆီးရန် အစားအ စာ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ် ကြောင်းဆိုသည်။
မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ များတွင် ကာလရှည်ကြာအာဟာ ရချို့တဲ့ မှုအခြေအနေသို့ရောက်ရှိ ခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့သည် ကာလရှည်အာဟာရချို့တဲ့ခြင်း (သို့မဟုတ်) ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနိမ့် ကျနေခြင်းတို့ကို တိုက်ဖျက်ရန် ဆောင်ရွက်နေကြောင်း အစီရင်ခံ စာတွင်ရေးသား ထားသည်။
အထက်ပါအခြေအနေများ အတွက် လူအများပိုမိုသတိပြုမိ လာစေရန်နှင့် ထိရောက်မှုရှိစေရန် ကိုယ်ဝန် ဆောင်နှင့်မိခင်များအား မိခင်နှင့်ကလေး စောင့်ရှောက်မှု ပညာပေး အစီအစဉ်များကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် မိတ်ဖက်အဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သည် ၂၀၁၃-၁၄ခုနှစ်တွင်အ စားအစာဖူလုံမှုနှင့် ဆင်းရဲမှုစစ် တမ်းကို အပူပိုင်းဇုန်၌ စတင်၍ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ချင်း၊ ကချင်၊ ရှမ်းပြည်နယ်များ သို့ ချဲ့ထွင်ခဲ့သည်။
ယင်းစစ်တမ်းအတွက် အမေရိကန်ဒေါ်လာ ရှစ်သိန်းငါး သောင်းအသုံးပြုထားပြီး စစ်တမ်း ပြီးဆုံးရန် ကျန်ရှိနေသော ဒေသငါးခုအတွက် ကန်ဒေါ်လာ ငါးသိန်း ထပ်မံလိုအပ်မည်ဖြစ် ကြောင်း အစီရင်ခံစာ တွင်ဖော်ပြသည်။

7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) +959 ဖုန်းနံပါတ်များသို့ ခေါ်ဆိုမှု တစ်မိနစ် တစ်ထောင်ကျပ် ဖြတ်နေခြင်း မဟုတ်ဟုဆို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) လူကို အိုမင်း ရင့်ရော်စေတဲ့ အကျင့် (၈)မျိုး စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို