သရဖူ လွှဲပေးခွင့် မရှိတော့လို့ စိတ်မကောင်း ဖြစ်ရတယ် ဆိုတဲ့ ခင်ဝင့်ဝါ
Miss Supranational Myanmar 2013 အလှ မယ် အနေ နဲ့ ဘီလာရုစ်နိုင်ငံ မှာ သွားရောက် ယှဉ်ပြိုင်ခဲ့ ပြီးနောက် Miss Golden Land Myanmar Organization နဲ့တစ်နှစ် စာချုပ် ချုပ်ပြီး အနုပညာ အလုပ်တွေရော၊ ပရဟိတ အလုပ် တွေပါ မျှပြီးလုပ်ကိုင် နေတဲ့ ခင်ဝင့်ဝါက Organization ဘက်က သရဖူလွှဲပေး ခွင့် ပိတ် လိုက်တဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်းကို “သူတို့အနေနဲ့ ဂျာနယ်တွေ မှာပါလာတဲ့ သရဖူသိမ်း ခံရမယ်၊ သရဖူလွှဲ မပေးခိုင်းတော့ဘူး ဆိုတာကို တရား ဝင် ကြေ ညာထားတယ်။ အဲဒီလိုတွေ့ရ တဲ့အတွက် ညီမ စိတ်မကောင်းဘူး။ ကိုယ်က ပထမဦး ဆုံး အနေနဲ့ ပြိုင် လာပြီးတော့မှ နောက်လူကို လွှဲပေးခွင့် မရဘူး ဆိုတော့ ခံတော့ ခံစားရတာပေါ့။ သူတို့နဲ့ ညီမ တစ်နှစ်စာ ချုပ်ချုပ်ထားတဲ့ အတွက် authority တွေအားလုံး၊ လုပ်ပိုင်ခွင့်တွေ အားလုံးက သူတို့ လက်ထဲမှာပဲ။ သူတို့က မလွှဲခိုင်း ဘူး။ သူတို့က ပြန်သိမ်းချင်တယ် ဆိုရင်လည်း ဒါသူတို့ သဘောပဲ။ ညီမတို့မှာ ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ညီမအနေ နဲ့ သိချင် တာကတော့ သူတို့ဂျာနယ် မီဒီယာတွေ မှာ ပြောထားတဲ့ Miss Myanmar တစ် ယောက်ရဲ့တာဝန် မကျေတဲ့ အတွက် စည်းကမ်း ဖောက်ဖျက်တဲ့ အတွက် ကြောင့်နောက် လူကို သရဖူ မဆောင်းခိုင်း ဘူးတို့၊ စာချုပ်ပါ စည်းကမ်းချက်တွေ ဖောက်ဖျက် တယ်။ သူတို့ကို အကြောင်းမ ကြားလို့ ဆိုတာတွေ ရေးထားတာ တွေ့ရတယ်။ အဲဒီ အကြောင်းတွေကို ညီမ ရှင်းရှင်း လင်းလင်း သိချင်တယ် ညီမ အရင်ကတည်း ကနေ အခုအ ချိန်ထိ ကာရိုက်တာ မဖောက် ပြားခဲ့သလို၊ ကိုယ်ကျင့်တရားလည်း မဖောက်ပြားခဲ့သလို၊ အကျင့် စာရိတ္တတွေ၊ ကိုယ်ကျင့် တရားတွေ စိတ်နေစိတ်ထား တွေရော အပြောအဆို အမူအရာလည်း မဖောက်ပြားခဲ့ ဘူးဆို တာ ညီမနဲ့ အရင်က ပတ်သက်ခဲ့တဲ့ သူတွေ ဆရာသမားတွေ ပဲဖြစ်ဖြစ် ၊မီဒီယာ အစ်ကို အစ်မတွေပဲ ဖြစ် ဖြစ်၊ အနုပညာ အသိုင်းအဝိုင်း ကအစ်ကို အစ်မတွေရော သိကြတယ်။ ဘာကြောင့်များ ညီမကို စာချုပ်ပြည့်ခါနီး တစ်လအ လိုမှာ အခုလို လုပ်လဲဆိုတာ သိချင်ပါတယ်” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
ခိုင်ဝေလွင်
ref;Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) နံပါတ်တွေ ခိုက်တယ်ထင်ရင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဖုန်းနံပါတ် သုံးခုအား တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှု စတင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'