Instagram ထဲက သူငယ်ချင်း ၁၁% ရာ ခိုင်နှုန်း လောက် ရဲ့ ဓာတ်ပုံ တွေဟာ အစစ် မဟုတ်ပါ
ပုံတွေကို လိုက်ကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် ရှဲတွေ လုပ်ကြ ရတဲ့ချိန် မရောက် သေးတဲ့ Instagram ရဲ့ အခြေအနေကို ပြန်ကြည့် မယ် ဆိုရင်တော့ အင်မတန် ရိုးရှင်းတဲ့ အချိန်အခါ လေးပေါ့။ What you see is what you get ဆို တဲ့ စကားလေးကို အမြဲလိုလို ကြားမိ ပါသလား။ ဒီစကားလေးက အတော်လေး အဓိပ္ပါယ် ရှိပါတယ်။ လူတိုင်းက ကိုယ့်ရဲ့ အကောင်းဆုံး ဓါတ်ပုံတွေကို အွန်လိုင်းပေါ် ကြည့်ရှုလို့ ရအောင် ကြိုးစားပြီး တင်ကြတယ်။ ဒါပေမဲ့ Instagram မရှိခင် အချိန်က မျက်လုံးအရောင် ပြောင်းလိုက်တဲ့ ပြုပြင်မှုလောက်ပဲ ရှိခဲ့တယ်။ နောက်ပိုင်း Instagram ပေါ် လာတာနဲ့အမျှ အခြေအနေ လုံးဝပြောင်းသွား ပါတယ်။ တင်ထားသမျှ ဓါတ်ပုံတွေဟာ ပုံစံတစ်ခု သီးသန့်ကြီး ပြောင်းလဲသွားသလို ဖြစ်နေပါတယ်။
ဒါကြောင့် ပုံတွေကို ကြည့်လိုက်ရင် ဘာမှမပြုပြင်ထားသ လိုမျိုးဖြစ်နေပါတယ်။ တကယ်တော့ မပြင်ထား တဲ့ပုံ တစ်ပုံမှ မရှိပါဘူး။ လူမှုမီဒီယာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Spredfast ရဲ့လေ့လာမှု အသစ်တစ်ခုအရ နောက်ဆုံး တင်ထားတဲ့ Instagram ပုံ တစ်သိန်းထဲက ၁၁ % ရာခိုင်နှုန်းကို မူလနဂိုပုံမပျက်ဘဲ သဘာဝကျအောင် ဖန်တီးပြုပြင်နိုင်တဲ့ Amaro ၊ Valencia၊ X-Pro II၊ Lo-fi နဲ့ Mayfair programs တွေကို အသုံးပြုထားပါတယ်။
ဘာမှမပြုပြင်ထားတဲ့ မူရင်းပုံတွေကို ကြည့်ချင်တယ် ဆိုရင်တော့ အဲ့ဒီလူတွေရဲ့အိမ်ကို သွားပြီး သူတို့ရဲ့ ဓါတ်ပုံ အယ်လ်ဘမ်ဟောင်းတွေကို ပြန်ကြည့်တာကသာ အမှန်ကန်ဆုံးရွေးချယ်မှု တစ်ခုဖြစ်မှာပါ။
Source:teenvogue.com

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) သင်မွေးမယ့် ကလေးရဲ့ လိင်ဟာ သင့်ရဲ့ အစား အသောက် အပေါ်မှာ မူတည်ရခြင်း အကြောင်းရင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ခေါင်းအုံးအောက်ကနေ လောင်ကျွမ်းမှု ဖြစ်လာတဲ့ Samsung Galaxy S4 Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'